ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်မှာ တောက်လျောက် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အာဆင်နယ် လစ်ဗာပူးလ် တို့လို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက အသည်းအသန် အလိုရှိနေပြီး လက်ရှိမှာ အပြောင်းအရွှေ့ သတင်းတွေလည်း အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့ပါတယ်။
ဒါပေမယ့် နယူးကာဆယ် ဥက္ကဋ္ဌ ဖြစ်တဲ့ အယ်လ်ရူမေယန် ကတော့ အိဆက်ခ်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ခြင်း မပြုဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အယ်ရူမေယန် ကတော့ နယူးကာဆယ်ယူနိုက်တက်ကို ပိုင်ဆိုင်တဲ့ PIF ရဲ့ အကြီးအကဲ တစ်ဦး ဖြစ်သလို နယူးကာဆယ်ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူက လစ်ဗာပူးလ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့သည့် နယူးကာဆယ်ရဲ့ လိဂ်ဖလား ဗိုလ်လုပွဲကို လာရောက် အားပေး ကြည့်ရှုခဲ့ပြီး ဖလား ရရှိချိန်မှာလည်း အသင်း အတွက် အောင်ပွဲခံ ပါတီ ကိုလည်း ဆင်နွှဲပေးခဲ့ကြောင်း သိရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ဆိုရင် အယ်ရူမေယန်ဟာ နယူးကာဆယ် ကစားသမားတွေထဲမှာ အလက်ဇန္တား အိဆက်ခ်ကို အနှစ်သက်ဆုံး ဖြစ်ပြီး သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ အသင်း တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ ဒီရာသီ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး ၂၃ ဂိုး သွင်းယူကာ ဂိုးဖန်းတီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ပွဲပေါင်း ၄၀ ကစားကာ ၂၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် တစ်ရာသီထက် တစ်ရာသီ ခြေစွမ်း တိုးတက်လာသူ အဖြစ်လည်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ လာလီဂါ ကလပ်ဟောင်း ရီးရဲလ်ဆိုစီဒက် မှာတော့ ၁၃၂ ပွဲ ကစားကာ ၄၄ ဂိုး သွင်းယူခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်ခု ဖြစ်တဲ့ အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့အပြင် ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားနေပါတယ်။ သို့သော် အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတဲ့ အိဆက်ခ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ အယ်ရူမေယန်က ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်က အစောပိုင်းမှာ အိဆက်ခ် ကို မဖြစ်မနေ ရောင်းထုတ်ရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ အထိ အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိဆက်ခ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ နယူးကာဆယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိရင် သင့်တော်တဲ့ နှုန်းထားနဲ့ ရောင်းထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကလည်း မိုဟာမက် ဆာလာကို စာချုပ် သက်တမ်းတိုးဖို့ အဆင်မပြေရင်တော့ အလက်ဇန္တား အိဆက်ခ်ကို အစားထိုး ခေါ်ယူသွားရန် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ တိုက်စစ်မှူး လိုအပ်ချက် အရ ထိပ်တန်း ကစားသမား များစွာကို စောင့်ကြည့်လျက် ရှိကာ အိဆက်ခ် ကတော့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကလည်း ၂၀၂၅ ခုနှစ် အတွင်း ထိပ်တန်း တိုက်စစ်မှူးတွေ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေပြီးတော့ လျာထား စာရင်း မှာလည်း အိဆက်ခ်ကို ထည့်သွင်းထားတာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.