နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးနဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်ဖို့ ကြိုးစားရမယ့် မာကို ဆေးလ်ဗားနဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဖူလ်ဟမ်

အန်ဖီးလ်မှာ ခမ်းနားတဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပြီးတဲ့နောက် မန်ချက်စတာစီးတီးက ကြားရက် ပရီးမီးယားလိဂ် မှာတော့ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် အမှတ်ပေးဇယားထိပ်က အာဆင်နယ် အပေါ် ဆက်လက် ဖိအားပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်သလို ဖူလ်ဟမ် အတွက် ကလည်း ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ လိုအပ်နေချိန် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လကျော် ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့စဉ်တုန်းက အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့တဲ့ ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ တွေ့ဆုံမှုက ဘယ်လိုမျိုး ရလဒ်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ပွဲကြိုသုံးသပ်ချက်

ပြီးခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ပွဲမှာ ပွဲပြီးခါနီး ၁၀ မိနစ်အလိုအထိ မန်စီးတီးဟာ ရှုံးနိမ့်ဖို့ နီးစပ်ခဲ့ပြီး အာဆင်နယ်နဲ့ ၉ မှတ် အထိ ကွာဟသွားဖို့ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပပ် ဂွါဒီယိုလာရဲ့ အသင်းက ချန်ပီယံ ပီသစွာ တုံ့ပြန်ကစားခဲ့ပြီး လစ်ဗာပူးလ်ကို ၂-၁ နဲ့ ပြန်လည် အနိုင်ယူပြနိုင်ခဲ့ပါတယ်။ အဲဒီနိုင်ပွဲဟာ နည်းပြ ပပ် ဂွါဒီယိုလာ လက်ထက် အန်ဖီးလ်ကွင်းမှာ ၁၀ ကြိမ် ကစားပြီး ဒုတိယအကြိမ်မြောက် ရရှိတဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အကယ်၍ ဒီပွဲမှာသာ မန်စီးတီးက ဖူလ်ဟမ်ကို အနိုင်ရခဲ့ရင် သူတို့ အနေနဲ့ အာဆင်နယ်ကို ၃ မှတ် အကွာနဲ့ ယာယီ ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။

 

မန်စီးတီး

ဒါ့အပြင် မန်စီးတီးဟာ ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၉ ပွဲ ဆက်တိုက် (ပြိုင်ပွဲစုံ) အနိုင်ရထားသလို၊ ပရီးမီးယားလိဂ် မှာလည်း ၁၆ ပွဲဆက် အနိုင်ရထားပါတယ်။
ဖူလ်ဟမ်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းတတ်တဲ့ မန်စီးတီး

မန်စီးတီးဟာ အိမ်ကွင်းမှာ အားကောင်းတဲ့ အသင်း ဖြစ်ပြီး အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၇ ပွဲမှာ ၄၄ မှတ် အထိ စုဆောင်းနိုင်ခဲ့ကာ ၁၁ ပွဲဆက် အိမ်ကွင်း ရှုံးပွဲ မရှိ စံချိန်တင်ထားပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၉ ပွဲ ဆက်တိုက် (ပြိုင်ပွဲစုံ) အနိုင်ရထားသလို၊ ပရီးမီးယားလိဂ် မှာလည်း ၁၆ ပွဲဆက် အနိုင်ရထားပါတယ်။ ဒါဟာ အင်္ဂလန် ထိပ်တန်းလိဂ် သမိုင်းမှာ အသင်း တစ်သင်းက နောက်တစ်သင်းကို အကြာဆုံး အနိုင်ရထားတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

 

ဖူလ်ဟမ်

ဖူလ်ဟမ် ကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်အတွက် ကြိုးစားနေပေမယ့် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားလို့ အနည်းငယ် ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ တပတ်က အဲဗာတန်ကို ၁-၀ နဲ့ ဦးဆောင်နေပြီးမှ ဂိုးသမား ဘန် လန်နိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှု အပါအဝင် ၂-၁ နဲ့ ပြန်လည် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၀ ထိ ဆင်းသွားခဲ့ပါတယ်။ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား အတွက် မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်း အချက်အလက်တွေက စိန်ခေါ်မှု ကြီးမားနေပါတယ်။ သူဟာ နည်းပြဘဝမှာ မန်စီးတီးနဲ့ ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၁၃ ကြိမ်စလုံး ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်ဟာ မန်စီးတီး အိမ်ကွင်း နောက်ဆုံး ၈ ကြိမ် လာရောက် ကစားရာ မှာလည်း စုစုပေါင်း ၂၅ ဂိုး ပေးခဲ့ရပြီး ၄ ဂိုးသာ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်ဟာ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ၄ ကြိမ် အနိုင်ရဖူးရာမှာ ၃ ကြိမ်က အီတီဟတ်ကွင်း (မန်စီးတီးကွင်း) မှာ အနိုင်ရခဲ့ဖူးတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ မန်စီးတီး ဘက်က ကူဆာနော့ဗ်၊ ဂျွန်စတုန်းစ်၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဒိုကု၊ ဆာဗင်ညိုတို့ ဒဏ်ရာကြောင့် အသီးသီး လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ် မှာတော့ ဆာဆာ လူကစ်နဲ့ တွမ် ကိုင်ယာနေး တို့ လွဲချော်ပါမယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂူဟီ၊ အစ်နျူရီ၊ ရိုဒရီ၊ အိုရွိုင်လီ၊ ဘာနာဒို၊ ချာကီ၊ ဆီမီညို၊ ဟာလန်း

ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ကူအန်ကာ၊ ရော်ဘင်ဆင်၊ အီဝိုဘီ၊ ဘာ့ဂျ်၊ ဝီလ်ဆင်၊ စမစ်ရိုးဝ်၊ ချူကွီဇီ၊ ဟင်မီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်ချက်စတာစီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂၂ ကြိမ်မှာ ဖူလ်ဟမ်တို့ တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးသလို အကြိမ် ၂၀ အထိ ရှုံးထားတာက စိတ်ပျက်စရာ မှတ်တမ်း တစ်ခု ဖြစ်နေပါတယ်။ ၂၀၁၁ က နောက်ဆုံး အကြိမ် သရေ ကစားနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း မန်စီးတီး ကပဲ ပွဲတိုင်း နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီရာသီ ပထမအကျော့တုန်း ကတော့ ဖူလ်ဟမ်က သူတို့ အိမ်ကွင်းမှာ မန်စီးတီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ၄-၅ ရလဒ်နဲ့ ကပ်ရှုံးခဲ့တာပါ။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၃၃ ဆ၊ ဖူလ်ဟမ် နိုင်ရင် ၇.၁၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၇၉ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး အနည်းငယ်လည်း ပြင်းထန်နေပါတယ်။ မန်စီးတီးရဲ့ ဖူလဟမ်အပေါ် အစဉ်အလာအရ အပြတ်အသတ် အသာစီးရထားတဲ့ မှတ်တမ်းတွေ၊ သူတို့ရဲ့ အိမ်ကွင်း ခြေစွမ်းနဲ့ ဖူလ်ဟမ်ရဲ့ လတ်တလော ခြေစွမ်း ကျဆင်းနေမှုတွေကို ထည့်တွက်ကြည့်မယ် ဆိုရင်တော့ ဒီပွဲမှာ စီးတီးကို ဆန့်ကျင်ပြီး ခန့်မှန်းဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် မန်စီးတီးပဲ အနိုင်ရရှိသွားပြီး နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ဂိုးပေါ်ကို မဖြစ်မနေ ရွေးချယ်ထားသင့်ပါတယ်။

 

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ ဖူလ်ဟမ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်