နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇာဗီဆိုင်မွန်ကိုယူရိုသန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းမယ့် မန်စီးတီး၊ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန် | ပရီးမီးယားလိဂ်

အခုတစ်ခါ မှာလည်းဒီနေ့ အတွက် ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လိုက်ပ်ဇစ်ကွင်းလယ်လူဇာဗီဆိုင်မွန်ကိုတော့ပရီးမီးယားလိဂ်ကလပ်မန်စီးတီးကယူရိုသန်း၁၁၀ (ပေါင်၉၂.၆သန်း) နဲ့ကမ်းလှမ်းဖို့ရှိနေပါတယ်။မန်စီးတီးဟာဒီနယ်သာလန်ကစားသမားလေးကိုကီဗင်ဒီဘရွန်းနားရဲ့နေရာမှာကာလရှည်ကြာအစားထိုးဖို့အတွက်ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

လိုင်လီတိုက်စစ်မှူးဂျွန်နသန်ဒေးဗစ်ရဲ့အေးဂျင့်ဖြစ်သူကတော့လာမယ့်နွေရာသီမှာအာဆင်နယ်၊ယူနိုက်တက်၊စပါးအသင်းတွေဆီအလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ခွင့်ရဖို့အခိုင်အမာဆွေးနွေးမှုများပြုလုပ်လျက်ရှိနေပါတယ်။

လစ်ဗာပူးလ်ကတော့နီကိုဝီလီယမ်စ်ကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်၊အက်စတွန်ဗီလာ၊ယူနိုက်တက်၊ပီအက်စ်ဂျီတို့နဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပါတယ်။ဒါကြောင့်လစ်ဗာပူးလ်ကဘီလ်ဘာအိုတောင်ပံကစားသမားကိုပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရဖို့အရင်ဆုံးကြိုးပမ်းနေပြီးစာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၆၀ (ပေါင်၅၀.၅သန်း) ကိုအဆင်သင့်ပေးချေဖို့ပြင်ဆင်ထားကြောင်းသိရပါတယ်။

ချဲလ်ဆီးကတော့ဒဏ်ရာရတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်နေရာမှာအသုံးတော်ခံနေတဲ့ခရစ်စတိုဖာအန်ကွန်ကူနဲ့အခုနွေရာသီမှာလမ်းခွဲဖို့ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်။အန်ကွန်ကူကတော့အစောပိုင်းမှာချဲလ်ဆီးအတွက်ခြေစွမ်းပြနိုင်ခဲ့ပေမယ့်နောက်ပိုင်းပွဲစဉ်တွေမှာတော့ရုန်းကန်နေရပြီးအသင်းပြောင်းရွှေ့ဖို့လည်းမကြာခဏသတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

ချဲလ်ဆီးကနေလက်တလောထွက်ခွာဖို့သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသူကတော့တောင်ပံကစားသမားနိုနီမာဒူကေးဖြစ်ပါတယ်။ချဲလ်ဆီးဟာမာဒူကေးကိုအလျင်စလိုရောင်းထုတ်ဖို့မရှိပေမယ့်စီးရီးအေကလပ်အေစီမီလန်ကယူရိုသန်း၄၀ (ပေါင်၃၃.၇သန်း) နဲ့ခေါ်ယူဖို့အဆင်သင့်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင်အေစီမီလန်ကပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာစီးတီးရဲ့တောင်ပံကစားသမားဂျက်ဂရီးလစ်ရှ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ဂရီးလစ်ရှ်ကို ခေါ်ယူချင်နေတဲ့ စီးရီးအေကလပ် အေစီမီလန်

ဒါ့အပြင်အေစီမီလန်ကပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာစီးတီးရဲ့တောင်ပံကစားသမားဂျက်ဂရီးလစ်ရှ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အငှားနဲ့အရင်ဆုံးခေါ်ယူဖို့ကစီးရီးအေကလပ်ရဲ့ဦးစားပေးဖြစ်ပေမယ့်လည်းပေါင်သန်း၄၀တန်ကြေးရှိတဲ့အမြဲတမ်းစာချုပ်နဲ့ခေါ်ယူဖို့လည်းအဆင်သင့်ရှိနေတယ်လို့သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်စ်အပေါ်စိတ်ဝင်စားမှုကိုရပ်တန့်ဖို့ရှိနေပြီးစတုဂတ်ကွင်းလယ်လူအန်ဂျလိုစတီလာကိုပြောင်းလဲကြိုးပမ်းဖို့စဉ်းစားနေပြီလို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာတိုနီခရူးစ်၊လူကာမိုဒရစ်တို့အလွန်မှာကွင်းလယ်ကစားသမားတွေကိုရေရှည်အတွက်ခေါ်ယူအားဖြည့်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဘာစီလိုနာကတော့အသင်းမှာခြေစွမ်းကောင်းတွေပြသနေတဲ့တိုက်စစ်မှူးရာဖင်ညာကိုမြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိရင်ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ဘာစီလိုနာကရာဖင်ညာအတွက်ပြောင်းရွှေ့ကြေးအဖြစ်ယူရိုသန်း၁၂၀ (ပေါင်၁၀၁သန်း) သတ်မှတ်ထားပါတယ်။

တော့တင်ဟမ်ဟော့စပါးကတော့ဆောက်သမ်တန်ကွင်းလယ်လူတိုင်လာဒီဘေးလင်းအတွက်သဘောတူညီမှုရရှိဖို့အသည်းအသန်ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဒီကစားသမားကိုခေါ်ယူဖို့အတွက်အက်စတွန်ဗီလာကစိတ်ဝင်စားနေတဲ့အသင်းရဲ့ကွင်းလယ်လူအိဗ်စ်ဘစ်ဆူးမားကိုရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့လည်းသိရပါတယ်။
လာလီဂါကလပ်ဆီဗီလာကတော့အက်စတွန်ဗီလာကွင်းလယ်လူလာမာရေးဘိုဂါဒီကိုကိုခေါ်ယူဖို့စိတ်၀င်စားနေကြောင်းသိရပါတယ်။ဒါ့အပြင်ဆီဗီလာကသူတို့ရဲ့ဗဟိုခံစစ်မှူးလိုရစ်ဘာဒီကိုအပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့အသုံးချသွားဖို့ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်