နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အားသာချက်တွေကို အာဆင်နယ် လက်ထဲ ထိုးထည့်ပေးခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်နဲ့ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ ၃-၁ ရလဒ်နဲ့ ဦးဆောင်ခြင်း ခံခဲ့ရတဲ့ မန်စီးတီးဟာ ဂျရယ်မီ ဒိုကုရဲ့ နောက်ကျဂိုးနဲ့ ကံကောင်းလို့ သရေ တစ်မှတ်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အတွက်တော့ ကြီးမားတဲ့ အချိုးအကွေး တစ်ခု ဖြစ်ပေါ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်လည်း အဲဗာတန် ဘက်က မာလင် ရိုဟဲလ်ရဲ့ အန္တရာယ် ရှိတဲ့ ဖြတ်တင်ဘောကို ဂိုးသမား ဒွန်နာရမ်းမားက ကာကွယ်ခဲ့ရပါတယ်။ ပွဲချိန် ၄၃ မိနစ် မှာတော့ ဒိုကုက ဧရိယာ အစပ် ကနေပြီး တော်တော်လေး လှပတဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူကာ မန်စီးတီး အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း ၁၃ မိနစ်ခန့် အကြာ ရှုပ်ထွေးတဲ့ အချိန်အတွင်း အဲဗာတန်တို့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အီလီမန် အန်ဒီယေး ဂိုးသွင်းခွင့် ရခဲ့ပေမယ့်လည်း အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခဏအကြာမှာ လူစားဝင် ကစားသမား သီယာနို ဘယ်ရီက မာ့ခ် ဂူဟီရဲ့ အမှားကို အခွင့်ကောင်းယူကာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဂျိတ် အိုဘရိုင်ယန်က ခေါင်းတိုက်ပြီး အဲဗာတန် အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ရိုဟဲလ်ရဲ့ ကန်ချက်ကို ဘယ်ရီက ဂိုးထဲကို အသာလေး ပုတ်သွင်းပြီး ၃-၁ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန်ရဲ့ ခံစစ်အမှားကြောင့် ဟာလန်းက ပွဲပြန်စတာနဲ့ ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ ဒိုကုက မန်စီးတီး အတွက် အဖိုးတန် သရေ တစ်မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင် ဘာနာဒို ဆေးလ်ဗားက ရိုဟဲလ်ကို ထောင့်ကန်ဘော ကန်စဉ် အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပယ်နယ်တီ မရခဲ့လို အဲဗာတန်တို့ ဒေါသထွက်ခဲ့ကြပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ ဘုန်းမောက်၊ အက်စတွန်ဗီလာ တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ လက်ကျန် ၄ ပွဲ ကစားရဦးမယ့် မန်စီးတီး

ဒီရလဒ်ဟာ အာဆင်နယ် အသင်း အတွက် ကောင်းမွန်သော ရလဒ် တစ်ခု ဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၅ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒိုကုရဲ့ ချေပဂိုး (၉၆ မိနစ်၊ ၄၉ စက္ကန့်) ဟာ ၂၀၀၆-၀၇ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ မန်စီးတီး အတွက် တတိယမြောက် အနောက်ကျဆုံးဂိုး ဖြစ်ပါတယ်။

မန်စီးတီးဟာ ယခုနှစ်စကတည်းက ပရီးမီးယားလိဂ်မှာ ဦးဆောင်နေလျက်နဲ့ ရမှတ် ဆုံးရှုံးမှု အများဆုံး အသင်း အဖြစ် စံချိန်တင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သီယာနို ဘယ်ရီ ကတော့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ၂ ဂိုး သွင်းနိုင်တဲ့ တတိယမြောက် လူစားဝင် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒိုကု ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဂိုးပါဝင် ပတ်သက်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး ဒါဟာ ယခင် ၂၂ ပွဲပေါင်း စွမ်းဆောင်ရည်နဲ့ ညီမျှနေပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ ဘုန်းမောက်၊ အက်စတွန်ဗီလာ တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ မန်စီးတီး တွက် ဘရန့်ဖို့ဒ်၊ ဘုန်းမောက်နဲ့ ဗီလာ တို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာဖို့ ရှိတာကြောင့် အခုလိုမျိုး ခြေမချော်ဖို့ သတိထားရဦးမှာ ဖြစ်ပါတယ်။ တဖက်မှာ အာဆင်နယ် ကတော့ ဝက်စ်ဟမ်း၊ ဘန်လေ၊ ပဲလေ့စ်တို့နဲ့ ကစားရဖို့ ရှိပြီး မန်စီးတီးထက် ပွဲချောင်နေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်