ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်း ကတော့ တိုက်စစ်မှူး အာလင်း ဟာလန်းကို တစ်ပတ် လုပ်ခ ပေါင် ၅၀၀၀၀၀ အထိ တိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာလင်း ဟာလန်း အနေနဲ့ လက်ရှိ ကလပ် မန်ချက်စတာစီးတီးမှာ ဂိုးတွေ ဆက်တိုက် သွင်းယူပြီး စံချိန်ကောင်းတွေ တစ်ခုပြီး တစ်ခု တင်ရင်း ခြေစွမ်းပြနေတာပါ။ ဒါကြောင့် မန်စီးတီးက နော်ဝေ ဂိုးသွင်းစက်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး အခြားအသင်းတွေရဲ့ စိတ်ဝင်စားမှု ကနေ ကာကွယ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
အာလင်း ဟာလန်း အနေနဲ့ လက်ရှိအချိန်မှာ တစ်ပတ် လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။ ဒါဟာ တစ်ပတ် လုပ်ခ ပေါင် ၄၀၀၀၀၀ ရရှိနေတဲ့ အသင်းဖော် ကီဗင် ဒီဘရွန်းနားရဲ့ နောက်မှာ ပရီးမီးယားလိဂ်နဲ့ မန်စီးတီးရဲ့ ဒုတိယ လစာ အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။
လက်ရှိမှာ မန်စီးတီးက အာလင်း ဟာလန်းကို ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာစေမယ့် ပမာဏနဲ့ သက်တမ်း တိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် မန်စီးတီးဟာ ၂၀၂၇ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အာလင်း ဟာလန်းကို ၂၀၂၉ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ပြင်ဆင် ချုပ်ဆိုဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ဟာလန်းနဲ့ ချုပ်ဆိုထားတဲ့ လျော်ကြေး စာချုပ် ကိုလည်း ပယ်ဖျက်ဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
သတင်းတွေ အရ ဆိုရင် အာလင်း ဟာလန်းကို လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့လို ဥရောပ ထိပ်သီး ကလပ်တွေက ခေါ်ယူဖို့ ချိန်ရွယ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက သူတို့ အသင်းရဲ့ မရှိမဖြစ် အဓိက တိုက်စစ်မှူးကို သက်တမ်းတိုးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ မန်စီးတီးကို မရောက်ရှိခင် နော်ဝေ ကလပ် မိုးလ်ဒ် အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ မိုးလ်ဒ်မှာ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၉ ခုနှစ် မှာတော့ ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆဲလ်ဘာ့ဂ် မှာတော့ ဟာလန်းက ပိုမို တောက်ပလာခဲ့ပြီး ၂၇ ပွဲ ကစားရာမှာ ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဟာလန်းက ဥရောပထိပ်တန်း ကလပ်တွေဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဟာလန်းက ဒေါ့မန် မှာတော့ ၃ ရာသီ နီးပါး ကစားခဲ့ပြီး ၈၉ ပွဲ ကစားရာမှာ ၈၆ ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ဟာလန်းက မန်စီးတီးကို ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ကာ ပြိုင်ပွဲစုံ ၁၁၄ ပွဲကစားကာ ၁၀၅ ဂိုး သွင်းယူထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.