နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရည်မှန်းချက် ကိုယ်စီ အတွက် အက်တီဟတ်မှာ တိုက်ပွဲဝင်ကြရမယ့် မန်စီးတီးနဲ့ ဖောရက်စ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – နော့တင်ဟမ်ဖောရက်စ် 

ပရီးမီးယားလိဂ် ရာသီဝက်နောက်ပိုင်းမှ အရှိန်အဟုန်နဲ့ ကျုံးလေ့ ရှိတဲ့ မန်စီးတီး ကတော့ အခုလည်း အရှိန်အဟုန်ကောင်း ပြန်ရနေပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ အခုတပတ် ကြားရက်မှာ တန်းဆင်းဇုန်နားက နော့တင်ဟမ်ဖောရက်စ်ကို အက်တီဟတ်မှာ ဧည့်ခံရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် (၅) ပွဲဆက် အနိုင် ရရှိဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ အသင်းက ပြီးခဲ့တဲ့ စနေနေ့က လိဒ်စ်ယူနိုက်တက်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူပြီး ချန်ပီယံ လမ်းကြောင်းကို သူတို့လက်ထဲမှာပဲ ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။ တစ်ဖက် မှာတော့ သစ်တော တို့ဟာ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ထားပါတယ်။

 

မန်ချက်စတာစီးတီး 

မန်စီးတီးဟာ အားလင်း ဟာလန်း မပါလည်း ပြဿနာမရှိဘူး ဆိုတာ ပြီးခဲ့တဲ့ ပွဲမှာ သက်သေပြခဲ့ပါတယ်။ ဟာလန်းရဲ့ နေရာမှာ အစားဝင်လာတဲ့ ကစားသမားသစ် အန်တွန် ဆီမီညိုက အဲလန်ရုဒ်မှာ လိဒ်စ်ကို အနိုင်ဂိုးသွင်းပြီး ဟာလန်းရဲ့ ခြေရာကို လိုက်နင်းခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးဟာ ပြိုင်ပွဲစုံ (၆) ပွဲဆက် နိုင်ထားပြီး ပရီးမီးယားလိဂ် မှာလည်း (၄) ပွဲဆက် နိုင်ထားပါတယ်။ ဇယားထိပ်က အာဆင်နယ်နဲ့ (၅) မှတ် ကွာနေသေးပေမယ့် လက်ကျန် (၁) ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။ အီတီဟတ် ခံတပ်ကြီး ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ချန်ပီယံလိဂ်မှာ လေဗာကူဆင်ကို ရှုံးပြီးကတည်းက အိမ်ကွင်း (၁၃) ပွဲဆက် ရှုံးပွဲ မရှိဘဲ နောက်ဆုံး (၇) ပွဲစလုံးကို အနိုင်ရထားပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့တွေဟာ ဂွါဒီယိုလာ အတွက် “ မင်္ဂလာနေ့” တွေလို့ ဆိုရမှာပါ။ သူဟာ ဗုဒ္ဓဟူးနေ့မှာ ကစားခဲ့တဲ့ အိမ်ကွင်း (၂၆) ပွဲမှာ (၂၄) ပွဲအထိ အနိုင်ရထားပြီး တစ်ပွဲကို ပျမ်းမျှ ၂.၈၅ မှတ် အထိ ရယူထားနိုင်ပါတယ်။

 

နော့တင်ဟမ်ဖောရက်စ် 

သူဟာ ဝုဗ်ကို ကိုင်တွယ်ခဲ့စဉ် ကတည်းက ၂၀၂၅-၂၆ ရာသီ အတွင်း ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲမှ မရသေးဘဲ (၁၂) ပွဲမှာ (၁၀) ပွဲ အထိ ရှုံးထားပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ကပ်လျက် ရှိနေတဲ့ နော့တင်ဟမ်ဖောရက်စ်

တစ်ဖက်မှာတော့ နော့တင်ဟမ်ဖောရက်စ် အတွက် ဒီအပတ်ပွဲစဉ်က တောင်တက်ရသလို ခက်ခဲနေဦးမှာ အသေအချာပါပဲ။ အထူးသဖြင့် ဒီရာသီရဲ့ စတုတ္ထမြောက် နည်းပြ ဖြစ်တဲ့ ဗစ်တာ ပါရဲရား လက်ထက်မှာ ဖောရက်စ်က ပြည်တွင်းလိဂ် ရလဒ်တွေက သိသိသာသာ တိုးတက်မလာသေးပါဘူး။ ယူရိုပါလိဂ်မှာ ဖီနာဘာချီကို ၃-၀ နဲ့ နိုင်ခဲ့တာဟာ ဖောရက်စ် အတွက် ခေတ္တခဏစာ ပျော်ရွှင်မှုသာ ဖြစ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကစားခဲ့တဲ့ (၃) ပွဲ စလုံးကို ရှုံးနိမ့်ခဲ့ပါတယ်။ လစ်ဗာပူးလ်ကို ၁-၀ နဲ့ ရှုံးခဲ့တာက ကံမကောင်းခဲ့လို့ ဆိုနိုင်ပေမယ့် ဘရိုက်တန်နဲ့ ပွဲမှာတော့ ဂိုးသမား မတ် ဆဲလ်စ် သာ လက်စွမ်းမပြခဲ့ရင် ဒီထက်ပိုပြီး အရှက်ရစရာ ဂိုးပြတ် ရှုံးနိုင်တဲ့ အနေအထားပါ။ အမှတ်ပေးဇယား မှာတော့ စပါးနဲ့ ဝက်စ်ဟမ်း တို့လည်း ရလဒ်ဆိုးနေတာကြောင့် ဖောရက်စ်ဟာ အဆင့် ၁၇ မှာပဲ ဆက်ရှိနေပါတယ်။ ဒါပေမယ့် နည်းပြ ပါရဲရား အတွက် ကတော့ အခြေအနေ မကောင်းပါဘူး။ သူဟာ ဝုဗ်ကို ကိုင်တွယ်ခဲ့စဉ် ကတည်းက ၂၀၂၅-၂၆ ရာသီ အတွင်း ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲမှ မရသေးဘဲ (၁၂) ပွဲမှာ (၁၀) ပွဲ အထိ ရှုံးထားပါတယ်။ ပိုဆိုးတာက ဖောရက်စ်ဟာ မန်စီးတီးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး (၃) ပွဲမှာ စုစုပေါင်းဂိုး ၁၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးထားတာပဲ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ထုံစံအတိုင်း ဒဏ်ရာက မသက်သာသေးတဲ့ ယော့စ်ကို ဂဗာဒီယိုလ်၊ ကိုဗာချစ် တို့ လွဲချော်မှာ ဖြစ်ပြီး ဟာလန်း၊ အယ်လေနီနဲ့ နီကို အိုရွိုင်လီ တို့လည်း ပါဝင်လာဖို့ မသေချာ ဖြစ်နေပါတယ်။ ဖောရက်စ် ဘက်မှာတော့ ဂျွန် ဗစ်တာ၊ အော်တီဂါ၊ ဆာဗိုနာ၊ ဘိုလီနဲ့ ခရစ္စ ဝုဒ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂူဟီ၊ အစ် နျူရီ၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ရိုင်ဒါးစ်၊ ဖိုဒန်၊ ဆီမီညို၊ မာမွတ်ရှ်

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ အိုင်နာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ ဆန်ဂါရေး၊ အန်ဒါဆန်၊ အန်ဒိုယီ၊ ဂစ်ဘ်-ဝှိုက်၊ ဟက်ဒ်ဆန် အိုဒွိုင်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၇ ကြိမ် တွေ့ဆုံမှုမှာ မန်ချက်စတာစီးတီးက ၅ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ဖောရက်စ်က ၁ ပွဲ နိုင်ထားပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ မန်စီးတီး ကပဲ ၃ ပွဲစလုံး အနိုင်ရကာ ၃-၀၊ ၂-၀၊ ၆-၀ ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်မယ် ဆိုရင် မန်စီးတီး အိမ်ကွင်းမှာ ဆိုရင် ဖောရက်စ်တို့ ရလဒ်မကောင်းတတ်ဘူးလို့ ကောက်ချဆွဲလို့ ရနိုင်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၃၇ ဆ၊ ဖောရက်စ် နိုင်ရင် ၆.၆၀ ဆ၊ သရေ ဆိုရင်တော့ ၄.၅၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ကျိန်းသေပေါက် မန်စီးတီး ဘက်ကပဲ ကြေး ခပ်ပြင်းပြင်း ဖွင့်ထားတာ တွေ့ရပါတယ်။ ဒဏ်ရာရနေတဲ့ ဟာလန်းနဲ့ အိုရွိုင်လီ တို့ဟာ လက်ရှိအချိန်မှာ မန်စီးတီးရဲ့ အဓိက ဂိုးသွင်းရှင်တွေ ဖြစ်နေပေမယ့်လည်း ဂွါဒီယိုလာရဲ့ လက်ထဲမှာ သူတို့ နှစ်ဦး နေရာကို အစားထိုးနိုင်မယ့် အရည်အချင်းရှိတဲ့ ဂိုးသွင်းရှင်တွေ အများကြီး ကျန်နေပါသေးတယ်။ ဘရိုက်တန်နဲ့ပွဲမှာ အားရစရာမရှိတဲ့ ခြေစွမ်းမျိုး ပြသခဲ့ပြီး ပွဲပန်းနေပုံရတဲ့ ဖောရက်စ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ မန်စီးတီးတို့ အနေနဲ့ ဒီစမ်းသပ်မှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီး ဇယားထိပ်က အာဆင်နယ်ကို ဆက်လက် ဖိအားပေးသွားနိုင်ဖို့ သေချာနေပါတယ်။ 

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၀ နော့တင်ဟမ်ဖောရက်စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်