နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အိုလီဆေးကို ခေါ်ယူဖို့ ခက်ခဲမယ့် လစ်ဗာပူးလ်၊ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြင်ဆင်မယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ရဲ့ ထိပ်တန်း ပစ်မှတ်က ဘေယန်မြူးနစ် ကြယ်ပွင့် မိုက်ကယ် အိုလီဆေး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က ဖြစ်မြောက်ဖို့ အလွန်ခက်ခဲမယ် ဆိုတာ လစ်ဗာပူးလ် ဘက်က လက်ခံထားပြီး နယူးကာဆယ်က အန်သိုနီ ဂေါ်ဒွန် အပါအဝင် တခြားသော ရွေးချယ်စရာတွေ ကိုလည်း ထည့်သွင်း စဉ်းစားနေတယ်လို့ သိရပါတယ်။ 

အသက်ရလာတဲ့ ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က နော့တင်ဟမ်ဖောရက်စ်ရဲ့ မူရီလိုကို အဓိက ရွေးချယ်ထားပါတယ်။ ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို ၉၂ သန်း (ပေါင် ၆၉.၄ သန်းခန့်) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးဟာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ ဒီအခြေအနေမှာ စီးတီးက နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန်နဲ့ နယူးကာဆယ်က ဆန်ဒရို တိုနာလီ နှစ်ယောက်စလုံးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ တိုနာလီ အတွက် ကမ်းလှမ်းမှုကို ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ မန်စီးတီးဟာ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ညာနောက်ခံလူ အစ်ဆာ ကာဘိုရေး ဒါမှမဟုတ် ဗဟိုနောက်ခံလူ ဂျူမာ ဘာ့ရ်တို့ ထဲက တစ်ဦးဦးကို အလိုက်ပေး လဲလှယ်ဖို့ အသင့် ရှိနေပါတယ်။

အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဘာစီလိုနာ ဘယ်နောက်ခံလူ အလက်ဟန်ဒရို အဲလ်ဒီကို ခေါ်ယူနိုင်မယ့် အခြေအနေတွေကို စုံစမ်းဖို့ အတွက် ဘာစီလိုနာနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်က အက်ဒူယာဒို ကာမာဗင်ဂါနဲ့ နီကို ပက်ဇ် နှစ်ယောက်စလုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ယူနိုက်တက်က သူတို့ နှစ်ဦး အတွက် စုစုပေါင်း ယူရို ၁၂၀ သန်း ခန့်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

ဘရိုက်တန်ရဲ့ ဖရက်ဒီ ကာဒီယိုဂလူ ကလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ ပစ်မှတ် စာရင်းထဲမှာ နောက်ဆုံး ထပ်တိုးလာတဲ့ နာမည် တစ်ခု ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ကက်စ်မဲရိုးကို ခေါ်ယူဖို့ အတွက် အင်တာမိုင်ယာမီနဲ့ အဲလ်အေဂလက်ဆီ အသင်း တို့က ချဉ်းကပ်မှုတွေ ပြုလုပ်ထားပါတယ်။ 

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးဟာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။
အဲလီယော့တ် အန်ဒါဆန်နဲ့ တိုနာလီ နှစ်ဦးစလုံးကို စိတ်ဝင်စားနေတဲ့ မန်စီးတီး

အာဆင်နယ်က စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ တောင်ပံကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ရောင်းချဖို့ လုံးဝ ဆန္ဒမရှိဘဲ ဆွေးနွေးမှုတောင် ပြုလုပ်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။

ချဲလ်ဆီးမှာ ပွဲထွက် ကစားခွင့် နည်းပါးနေတဲ့ လူငယ် နောက်ခံလူ ဂျော့ရှ် အာချင်မ်ပေါင်ကို ဘေယန်မြူးနစ်က စိတ်ဝင်စားနေသလို၊ နယူးကာဆယ်၊ စပါးနဲ့ ဝက်စ်ဟမ်းတို့ ကလည်း စောင့်ကြည့်နေကြပါတယ်။

အင်တာမီလန် တိုက်စစ်မှူး မားကပ်စ် သူရမ်ကို ခေါ်ယူဖို့ နယူးကာဆယ်က အပြင်းအထန် စိတ်ဝင်စားနေပါတယ်။ အင်တာမီလန် ဘက်က သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၆၅ သန်း သတ်မှတ်ထားပါတယ်။ 

အာဆင်နယ် အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမား ၃ ဦးဟာ ဒဏ်ရာ ပြဿနာတွေကြောင့် လက်ရွေးစင် အသင်း လူစာရင်း ကနေ နုတ်ထွက်ခဲ့ကြလို့ မီခဲလ် အာတေးတား အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါပြီ။ 

ဥရေုဂွေးနဲ့ သရေကျတဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား မာဒူအေခေဟာ ပြိုင်ဘက် တိုက်စစ်မှူး အဂွီရီနဲ့ ထိခိုက်မိခဲ့တာ ကနေ ဒဏ်ရာရရှိခဲ့လို့ မိနစ် ၄၀ မှာ ဘိုဝင်နဲ့ လူစားလဲခဲ့ရသလို ပွဲအပြီး မှာလည်း မာဒူအေခေဟာ ဘယ်ဘက်ဒူးမှာ အကာအကွယ် ဝတ်ဆင်ပြီးတော့ ကွင်းထဲကနေ ထွက်သွားတဲ့ အတွက် သူ့ရဲ့ ဒဏ်ရာ အခြေအနေက စိုးရိမ်စရာ ဖြစ်နေပါတယ်။ 

လက်ရှိမှာ မာဒူအေခေဟာ အာဆင်နယ်ကို ပြန်သွားပြီ ဖြစ်ပြီး သူနဲ့အတူ အသင်းဖော်တွေ ဖြစ်ကြတဲ့ ဒီကလန် ရိုက်စ်၊ ဆာကာတို့ ကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် ဂျပန်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ မပါဝင်နိုင်တော့ဘဲ ကလပ် အသင်းဆီ ပြန်သွားပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်