ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်လစ်ဗာပူးလ်ကတော့လာမယ့်နွေရာသီမှာထိပ်တန်းအဆင့်ကစားသမား၃ဦးကိုခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။လစ်ဗာပူးလ်ပစ်မှတ်ထားနေတဲ့ကစားသမားတွေကတော့အက်တလက်တီကိုမက်ဒရစ်ကဟူလီယန်အဲလ်ဗာရက်ဇ်၊လိုက်ပ်ဇစ်ကဇာဗီဆိုင်မွန်နဲ့အင်တာမီလန်ကအလက်ဆန်ဒရိုဘက်စတိုနီတို့ဖြစ်ပြီးသူတို့၃ဦးအတွက်ယူရိုသန်း၃၀၀ (ပေါင်သန်း၂၅၀) သုံးစွဲဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့သူတို့ကာလရှည်ကြာပစ်မှတ်ထားနေတဲ့ဖရန်ကီဒီယောင်အတွက်ယူရိုသန်း၅၀ (ပေါင်၄၂သန်း) ပေးချေဖို့ဆန္ဒရှိကြောင်းဘာစီလိုနာထံအကြောင်းကြားထားတယ်လို့သိရပါတယ်။ဖရန်ကီဒီယောင်ကိုတော့မန်ချက်စတာယူနိုက်တက်ကနည်းပြဟောင်းအဲရစ်ခ်တန်ဟက်ဂ်လက်ထက်ထဲကခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ဘယ်လွန်ဒေါဆုကိုပစ်မှတ်ထားနေတဲ့ဘာစီလိုနာတိုက်စစ်မှူးရာဖင်ညာယူရိုသန်း၇၀ (ပေါင်၅၈.၈သန်း) နဲ့ကမ်းလှမ်းဖို့ရှိနေတယ်လို့သိရပါတယ်။ရာဖင်ညာကတော့ဒီရာသီဘာစီလိုနာအတွက်ပြိုင်ပွဲစုံ၄၂ပွဲကစားကာ၂၇ဂိုးသွင်းပြီး၁၈ဂိုးဖန်တီးထားပါတယ်။

အာဆင်နယ်နည်းပြမီခဲလ်အာတေးတားကလာမယ့်နွေရာသီမှာလစ်ဗာပူးလ်တိုက်စစ်မှူးဒါဝင်နူညက်ဇ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းစပိန်သတင်းမီဒီယာFichajesကဖော်ပြခဲ့ပါတယ်။အာဆင်နယ်ကလာမယ့်ရာသီမှာတိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီးတိုက်စစ်မှူးအများအပြားကိုစောင့်ကြည့်လျက်ရှိပါတယ်။ဒါ့အပြင်နူညက်ဇ်ကိုစိတ်ဝင်စားနေတဲ့အပြင်အင်တာမီလန်ကမားကပ်စ်သူရမ်ကိုခေါ်ယူရန်ကြိုးပမ်းနေကြောင်း Football Insider ကဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူအက်ဒူရာဒိုကာမာဗင်ဂါကတော့စပိန်မြေမှာပျော်ရွှင်နေပြီးပရီးမီးယားလိဂ်ကလပ်မန်ချက်စတာစီးတီးကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားခြင်းမရှိကြောင်းသိရပါတယ်။ဆက်စပ်သတင်းတွေအရမန်ချက်စတာစီးတီးနည်းပြပပ်ဂွါဒီယိုလာကတော့ပီအက်စ်ဂျီတောင်ပံကစားသမားလေးဒီဇိုင်းရားဒူရေးကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ချဲလ်ဆီးကတော့အန်ဇိုဖာနန်ဒက်ဇ်ကိုရီးရဲလ်မက်ဒရစ်ထံယူရိုသန်း၉၀ထက်နည်းတဲ့ပမာဏနဲ့ရောင်းချသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ချဲလ်ဆီးဟာသူတို့ရဲ့ကွင်းလယ်လူကို၂၀၂၃ခုနှစ်မှာဘင်ဖီကာကနေခေါ်ယူခဲ့တဲ့ပမာဏထက်နည်းပါးစွာမရောင်းချချင်တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့လစ်ဗာပူးလ်တို့ကတော့အလားအလာရှိတဲ့ဆယ်ကျော်သက်လူငယ်ကြယ်ပွင့်တိုင်လာဒီဘေးလင်းကိုဆက်တိုက်စောင့်ကြည့်နေကြောင်းသိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.