နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ယူပြီး ယူနိုက်တက်ကို ဖိအားပေးလိုက်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကတော့ စနေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အပြန်အလှန် ဂိုးတွေ သွင်းရင်း အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာနေး ဆလော့တ်ရဲ့ အသင်းက ပထမပိုင်း မှာတင် ထောင့်ကန်ဘောတွေ ကနေ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ကတော့ ထူးခြားချက် ဖြစ်ပါတယ်။

ဟူဂို အစ်ကီတီကေးဟာ ဒီပွဲဲမှာ ၁ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးကာ ခြေစွမ်းပြနိုင်ခဲ့ပြီး လစ်ဗာပူးလ်တို့ ဝက်စ်ဟမ်းကို ၅-၂ ရလဒ်နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်ဟာ အမှတ်ပေးဇယား အဆင့် (၄) နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်တူ အခြေအနေကို ရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း အားကောင်းလာခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

လစ်ဗာပူးလ်ဟာ ပထမပိုင်းမှာတင် ထောင့်ကန်ဘောတွေ ကနေ ၃ ဂိုးစလုံး သွင်းယူခဲ့တာပါ။ ပွဲစပြီး ၅ မိနစ်မှာ ဒေါမနစ်ခ် ဆို့ဘို့ဇ်ဆလိုင်းရဲ့ ထောင့်ကန်ဘော ကနေ တဆင့် အီကီတီကေးက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၂၄ မိနစ်မှာ ဆိုဘို့ဇ်ဆလိုင်းရဲ့ နောက်ထပ် ထောင့်ကန်ဘော ကနေပဲ ဗာဂျယ် ဗန်ဒိုက်ခ်က ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ် မှာတော့ မိုဟာမက် ဆာလာရဲ့ ထောင့်ကန်ဘောကို အီကီတီကေးက ခေါင်းတိုက်ချပေးရာမှာ အလက်ဆစ် မက် အယ်လစ္စတာ က လှလှပပ အဆုံးသတ်ခဲ့ပါတယ်။

နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားအောက်မှာ ဆက်ရှိနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ကတော့ ဒုတိယပိုင်း ပြန်စပြီး ၄၉ မိနစ် အရောက်မှာ သောမတ်စ် ဆိုချက်ခ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့လို့ လစ်ဗာပူးလ်တို့ အနည်းငယ် ဖိအားဝင်ခဲ့ရပါတယ်။ ဒါပေမယ့် မိနစ် ၇၀ မိနစ်မှာ အစ်ကီတီကေးရဲ့ ပေးပို့မှု ကနေ ဂက်ခ်ပို ကန်သွင်းလိုက်တဲ့ ဘောလုံးက အာရွန် ဝမ်-ဘစ်ဆာခါနဲ့ ထိမှန်ပြီး ဂိုးထဲ ဝင်သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်း အတွက် ကတ်စတယ်လာနို့စ်က ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၂ မိနစ်မှာ ဖရင်ပေါင်ရဲ့ ဖြတ်တင်ဘောကို ဝက်စ်ဟမ်း နောက်ခံလူ အက်ဆဲလ် ဒီဆာဆီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် လစ်ဗာပူးလ်က ၅-၂ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီး မှတ်တမ်းနဲ့ အချက်အလက်များ 

နည်းပြ အာနေး ဆလော့တ်က လစ်ဗာပူးလ် အနေနဲ့ set-pieces (ပြစ်ဒဏ်ဘော/ထောင့်ကန်ဘော) တွေမှာ မတိုးတက်ရင် ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ မဖြစ်နိုင်ဘူးလို့ အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။ အခုပွဲ မှာတော့ သူ့ရဲ့ ကစားသမားတွေဟာ ထောင့်ကန်ဘော ကနေ ၃ ဂိုး အထိ သွင်းယူပြီး သက်သေပြခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမပိုင်း အတွင်း ထောင့်ကန်ဘော ကနေ ၃ ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက် အသင်း (၂၀၁၆ က မန်ချက်စတာယူနိုက်တက် ပြီးနောက်) အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြင်သစ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကေးဟာ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ဂိုးပါဝင်ပတ်သက်မှု ၂၀ ကြိမ် (၁၆ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး) ပြုလုပ်နိုင်တဲ့ ပထမဆုံး လစ်ဗာပူးလ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အခုလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် သူ့အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှာ အဓိက အသုံးတော်ခံရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ဗန်ဒိုက်ခ် ကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၈ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ပင်နယ်တီ မပါဝင်ဘဲ ဂိုးအများဆုံး သွင်းတဲ့ နောက်ခံလူ စာရင်းမှာ ဂျွန်တယ်ရီ (၄၁ ဂိုး) ပြီးရင် ဒုတိယနေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း ဝက်စ်ဟမ်း နည်းပြ နူနို အက်စပီရီတို ဆန်တိုဟာ လစ်ဗာပူးလ်ကို ၉ ကြိမ်မြောက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒါဟာ သူ ရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အရှုံး အများဆုံး ဖြစ်ပါတယ်။ပွဲအပြီးမှာတော့ နိုင်ပွဲရခဲ့တဲ့ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ရမှတ်တူ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ယူနိုက်တက်၊ ချဲလ်ဆီး တို့ထက် တစ်ပွဲ ပိုကစားထားလို့ ချန်ပီယံလိဂ် မျှော်လင့်ချက် အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာပါ။ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ တန်းဆင်းဇုန် အပေါ်က ဖောရက်စ်နဲ့ ၂ မှတ်သာ ကွာဟနေပေမယ့် ဖောရက်စ်သာ ဒီတပတ်မှာ ရလဒ်ကောင်းခဲ့ရင် ၅ မှတ် အထိ ပြတ်သွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်