လစ်ဗာပူးလ် ကတော့ ၁၉၉၃-၉၄ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ဒုတိယနေရာက ပြိုင်ဘက်ကို အမှတ်အများဆုံး ဖြတ်နိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ၁၉၉၃-၉၄ ရာသီက မန်ချက်စတာယူနိုက်တက် နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး ဒုတိယနေရာက အသင်းကို အမှတ် အများဆုံး ဖြတ်ထားနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အဝေးကွင်းမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ် ၁၂ အပြီးမှာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ် ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး ဇယားထိပ်ဆုံးက အသင်းနဲ့ ဒုတိယနေရာက အသင်းကြား ရမှတ် ကွာဟမှု အများဆုံး ဖြစ်ခဲ့တာက ၁၉၉၃-၉၄ ရာသီက ယူနိုက်တက်နဲ့ နော့ဝှစ်ချ် တို့ ၉ မှတ်ကွာဟခဲ့တာ ဖြစ်ပြီး လက်ရှိ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ရဲ့ ရမှတ် ကွာဟမှုက ဒုတိယ အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအချိန် ၁၉၉၃-၁၉၉၄ ဘောလုံး ရာသီမှာ အခုလို ရမှတ် ဖြတ်နိုင်ခဲ့တဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး နော့ဝှစ်ချ် ကတော့ ရာသီအကုန်မှာ အဆင့် ၁၂ နေရာ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုရာသီ မှာလည်း လစ်ဗာပူးလ်က ချန်ပီယံဆု ရရှိဖို့ အလေးပေးမှုတွေ ပိုမို မြင့်တက်လာခဲ့ပြီးတော့ မန်စီးတီး ကတော့ ရေပန်းစားမှု တတိယ နေရာ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက် တချို့ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ လစ်ဗာပူးလ် က ချန်ပီယံဆု ရရှိဖို့ ၁ရ:၂၀ နဲ့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ အာဆင်နယ် ကတော့ ၁ရ:၅ နဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး မန်စီးတီး ကတော့ ၅ ပွဲဆက် ရှုံးအပြီးမှာ ၇:၂ နဲ့ တတိယနေရာကို ရောက်ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က မန်စီးတီးထက် ၁ မှတ် လျော့နေပြီး တတိယနေရာက ချဲလ်ဆီး၊ အဆင့်၅ နေရာက ဘရိုက်တန် တို့နဲ့ ရမှတ်တူ အနေအထား ဖြစ်ပါတယ်။ အာဆင်နယ်တို့ ဒုတိယနေရာကို ရောက်လာခဲ့တာ ကတော့ မန်စီးတီးရဲ့ ရှုံးပွဲ ဆက်မှုကြောင့် ဖြစ်နိုင်သလို နိုင်ပွဲ ပြန်ရပြီး ခြေစွမ်းပိုင်း ပြန်လည် ကောင်းမွန်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အချက်အလက်များကို အခြေခံ တွက်ချက်တဲ့ နာမည်ကျော် Opta ရဲ့ စူပါကွန်ပျူတာ ကလည်း လစ်ဗာပူးလ်တို့ ချန်ပီယံ ဖြစ်ဖို့ အလားအလာ ပိုကောင်းလာသလို မန်စီးတီး ကတော့ သိသိသာသာ ထပ်မံ လျော့ကျသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လစ်ဗာပူးလ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေ ကတော့ ၆၉.၅ ရာခိုင်နှုန်း အထိ ရှိလာခဲ့ပါတယ်။ လစ်ဗာပူးလ် ပွဲစဉ် ၁၂ မတိုင်ခင်ကထက် ချန်ပီယံ ဖြစ်နိုင်ချေ ၉.၂ ရာခိုင်နှုန်း ထပ်မံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ပွဲစဉ် ၁၂ အပြီးမှာ ၂၃.၃ ရာခိုင်နှုန်း ထပ်မံ ကျဆင်းသွားခဲ့ပေမယ့် အာဆင်နယ် ကတော့ ချန်ပီယံ ဖြစ်နိုင်ချေ အလားအလာ ၅ ရာခိုင်နှုန်း ကနေ ၆.၅ ရာခိုင်နှုန်း အထိ တိုးလာခဲ့ပြီး ချဲလ်ဆီး ကလည်း ယခင် ၀.၃ ရာခိုင်နှုန်း ကနေ ၀.၆ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.