နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီဗီ ကိုးဝဲလ်ကို စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ်၊ ရိုမဲယိုကို ရီးရဲလ်မက်ဒရစ်ဆီ ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် အနေနဲ့ အားကစား ဒါရိုက်တာ အဖြစ် အန်ဒရီယာ ဘာတာကို ခန့်အပ်ပြီးရင်တော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အမာခံ ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ အားကစား ဒါရိုက်တာသစ် ဖြစ်လာတော့မယ့် အန်ဒရီယာ ဘာတာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကစားသမားသစ်တွေ ခေါ်ယူရာမှာ လက်စွမ်းပြချင်နေသူလည်း ဖြစ်ပါတယ်။  

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ချဲလ်ဆီးရဲ့ ဗဟိုနောက်ခံလူ လီဗီ ကိုးဝဲလ်ကို စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အေးဂျင်နဲ့ ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ သူတို့ရဲ့ အဓိက ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ မသေချာတာကြောင့် ကစားသမားသစ်တွေ စတင် ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး တောင်ပံကစားသမား နိုနီ မာဒူခေး ကတော့ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ ဦးစားပေး ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ Fichajes ရဲ့ ဖော်ပြချက် အရ အေစီမီလန်ဟာ လာမယ့်ရာသီမှာ အသင်းကို ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် ကတော့ လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရရှိမယ် ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်က အငှားနဲ့ ခေါ်ယူထားတဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူနိုင်ချေ ရှိနေပါတယ်။ အန်တိုနီ ကိုတော့ ဘက်တစ်က အပြီးသတ် ခေါ်ယူချင်နေတဲ့ အပြင် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကလည်း ခေါ်ယူချင်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲယို ကတော့ ရီးရဲလ်မက်ဒရစ် ကသာ ကမ်းလှမ်းခဲ့မယ် ဆိုရင် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ရိုမဲယိုဟာ စပါးရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့် သူ့အနေနဲ့ ဆုဖလား အာမခံချက် ရှိတဲ့ အသင်းမျိုးကို ပြောင်းရွှေ့ပြီး အောင်မြင်မှုတွေ ရယူချင်နေတဲ့ သဘောမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲယို ကတော့ ရီးရဲလ်မက်ဒရစ် ကသာ ကမ်းလှမ်းခဲ့မယ် ဆိုရင် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ များနေတဲ့ ခရစ္စတီယန် ရိုမဲယို

ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား အက်ဒ်ဆင် အဲလ်ဗာရက်ဇ် ကတော့ ချဲလ်ဆီး ဆန်ခါတင် ပစ်မှတ် စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းကို အဲလ်ဗာရက်ဇ် မပြောင်းရွှေ့ခင် ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီ ကတော့ ခံစစ်ပိုင်းကို အားကောင်းလာစေဖို့ အတွက် ရီးရဲလ်ဆိုစီဒက် ညာနောက်ခံလူ ဂျွန် အာရမ်ဘူရူ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဗီလာဟာ ဒီကစားသမားရဲ့ တိုးတက်မှုကို ဆက်တိုက် စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ထားကြောင်း သိရပါတယ်။ 

အင်တာမီလန် ကတော့ စီးရီးအေ ပြိုင်ဘက် နာပိုလီမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း စကော့တ် မက်တော်မီနေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ် ကလပ် ဝက်စ်ဟမ်းနဲ့ ဝုဗ် တို့ကတော့ ဘရာဇီးလ် ကလပ် ကိုရင်သီယန် တိုက်စစ်မှူး ယူရီ အဲလ်ဘာတိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဂျူဗင်တပ်စ်ရဲ့ ဆယ်ကျော်သက် တောင်ပံ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ယူရို သန်း ၉၀ တန် တူရကီ လက်ရွေးစင် ကိုတော့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ကလည်း စိတ်ဝင်စားနေကြောင်း TEAMtalk က ဖော်ပြလာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်