ဂရန်းနစ် ချာကာ ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆွစ်ဇာလန်သားကြီးက ဆန်းဒါးလန်း မှာပဲ ဆက်ရှိနေချင်ကြောင်း ပြောဆိုခဲ့သလို အသင်းခေါင်းဆောင် ဖြစ်သူ ထွက်ခွာမှာ မဟုတ်ကြောင်းလည်း နည်းပြ ဖြစ်သူ ရီဂျစ် လီဘရစ်က အတည်ပြု ပြောကြားထားပါတယ်။
လီဘရစ်က ဒီအပြောင်းအရွှေ့ ကာလအတွင်းမှာ ချာကာ တစ်ယောက် ဆန်းဒါးလန်း မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ပြီး ချဲလ်ဆီး အသင်းနဲ့ သတင်းထွက်နေမှု မှန်သမျှ ‘အပြီးသတ် အဆုံးသတ်သွားပြီ’ လို့ အခိုင်အမာ ဆိုခဲ့တာပါ။ ချာကာဟာ လေဗာကူဆင်မှာတုန်းက အတူ တွဲဖက် လက်တွဲခဲ့ဖူးတဲ့ နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ ဒီအပြောင်းအရွှေ့ ရာသီအစပိုင်းမှာ သတင်းကြီးခဲ့ပေမယ့် ဆန်းဒါးလန်း ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ကိုယ်တိုင် အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန် လက်ရွေးစင် အသင်း ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပေါင် ၁၇.၂ သန်း (ယူရို ၂၂.၉ သန်း) နီးပါးနဲ့ ဆန်းဒါးလန်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်း အတွက် အထူး ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ၃၄ ပွဲ ပါဝင် ကစားခဲ့ပြီး ၁ ဂိုးသွင်း၊ အသင်းရဲ့ ဂိုးဖန်တီးမှု အများဆုံး အဖြစ် အန်ဇို လီဖီးနဲ့ အတူ ၆ ကြိမ် အထိ ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံး ထိချက် အများဆုံး (၂,၂၉၅ ကြိမ်)၊ ပေးပို့မှု အများဆုံး (၁,၈၀၇ ကြိမ်) နဲ့ အောင်မြင်တဲ့ ပေးပို့မှု အများဆုံး (၁,၅၁၂ ကြိမ်) မှတ်တမ်းတွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ချာကာက ဆန်းဒါးလန်းကို အဆင့် (၇) နေရာနဲ့ ရာသီသိမ်းစေပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်း အသင်းက လာမယ့် ရာသီ မှာလည်း ချာကာကို ထိန်းသိမ်းထားဖို့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သလို နည်းပြ လီဘရစ် ကလည်း ဒါဟာ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း အခုလို အတည်ပြုခဲ့ပါတယ်။ “မရှိပါဘူး၊ ဒီအကြောင်းအရာက အပြီးသတ် သွားပါပြီ။ သူက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စိတ်ဓာတ် ပြတ်ပြတ်သားသား ရှိနေတာပါ။ သူ ဆန်းဒါးလန်းကို ချစ်တယ်၊ ဆန်းဒါးလန်း မှာပဲ ဆက်ရှိနေချင်တယ်။ အသင်းရဲ့ အနာဂတ်ကို အတူ ဖန်တီးချင်နေပါတယ်။ သူဟာ အသင်းခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သလို အရမ်းတော်တဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။” လို့ လီဘရစ်က ဆိုပါတယ်။
ဆန်းဒါးလန်း အသင်းဟာ ၂၀၂၄-၂၅ ရာသီ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရာသီ မှာတော့ ခန့်မှန်းချက်တွေကို ကျော်လွန်ကာ ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရမှတ် ၅၄ မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး၊ ဒါဟာ ၂၀၂၀-၂၁ ရာသီက လိဒ်စ်ယူနိုက်တက် (၅၉ မှတ်) ပြီးရင် တန်းတက် အသင်း တစ်သင်းရဲ့ အများဆုံး ရမှတ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အဆင့် (၇) နေရာဟာ ၂၀၁၈-၁၉ ရာသီက ဝုဗ် (အဆင့် ၇) ပြီးရင် တန်းတက် အသင်း တစ်သင်းရဲ့ အကောင်းဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ကစားသမားသစ် ၁၄ ဦး အထိ ခေါ်ယူခဲ့ပေမယ့် ဒီတစ်ကြိမ် မှာတော့ မတူညီတဲ့ ချဉ်းကပ်ပုံကို ကျင့်သုံးသွားမယ်လို့ လီဘရစ်စ်က ဆိုပါတယ်။ “ဒီတစ်ကြိမ် ကတော့ အေးအေးဆေးဆေးပဲ ဖြစ်သွားမှာပါ။ လူမသိသူမသိ တိတ်တဆိတ်ပဲပေါ့ မဟုတ်ဘူးလား။ အချက်အလက်တွေ အများကြီးတော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ နောက်ကွယ်မှာ အပြင်းအထန် အလုပ်လုပ်နေကြလို့ပါပဲ။ တိတ်တဆိတ် လုပ်ဆောင်တာက အရမ်း အရေးကြီးပါတယ်၊ မဟုတ်ရင် အကုန် ရှုပ်ထွေးကုန်မှာပါ။ ပြီးခဲ့တဲ့ ရာသီနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ကြိမ် အပြောင်းအရွှေ့က ကွဲပြားသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကစားသမားသစ် ၁၄ ယောက် အထိ ခေါ်ယူခဲ့ရတာပါ။ ဒီနှစ်မှာတော့ ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။” လို့ နည်းပြ လီဘရစ် က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


