နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘလက်ဘန်းကို သရေ ကစားပြီး လာမယ့် ရာသီ ပရီးမီးယားလိဂ်ဆီ တက်လှမ်းခွင့်ရခဲ့တဲ့ လမ်းပတ်ရဲ့ ကိုဗင်ထရီစီးတီး

ကိုဗင်ထရီစီးတီး ကတော့ ဘလက်ဘန်း ရိုဗာစ်နဲ့ ပွဲမှာ လိုအပ်နေတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီးနောက် လာမယ့် ရာသီ ပရီးမီးယားလိဂ်ဆီ တက်လှမ်း ကစားခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ Ewood Park ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ကိုဗင်ထရီ အသင်းဟာ အိမ်ရှင် ဘလက်ဘန်းကို နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒါပေမယ့် ဘော်ဘီ သောမတ်စ်ရဲ့ အဖိုးတန် ချေပဂိုးကြောင့် ၁-၁ ရလဒ်နဲ့ အဆုံးသတ်ကာ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗင်ထရီ အတွက် ကတော့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ်ဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲစကတည်းက တန်းတက်ဖို့ အတွက် ၁ မှတ်သာ လိုအပ်နေတဲ့ လမ်းပတ်ရဲ့ အသင်းဟာ ဘလက်ဘန်း ကစားသမား ရိုယာ မိုရီရှီတာရဲ့ ဦးဆောင်ဂိုးကြောင့် စိုးရိမ်ခဲ့ရပေမယ့် နောက်ဆုံး မှာတော့ သောမတ်စ်က အချိန်မီ ကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်းမှာ ဘလက်ဘန်းက အခွင့်အရေး ပိုရခဲ့ပြီး ဂျပန် တိုက်စစ်မှူး ယုကီ အိုဟာရှီရဲ့ ခေါင်းတိုက်ချက်တွေက ကိုဗင်ထရီ ဂိုးသမား လက်ထဲ တည့်တည့်ရောက်ခဲ့သလို ဂိုးဘားတန်း ကိုလည်း ထိမှန်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ် မှာတော့ ဘလက်ဘန်းတို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။ ရိုင်ယန် အလီဘီယိုဆုရဲ့ ကန်ချက် ပိတ်ဆို့ခံရရာ ကနေ လွင့်ထွက်လာတဲ့ ဘောလုံးကို မိုရီရှီတာက ဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ကိုဗင်ထရီတို့ ပိုမို ဖိအားပေး ကစားလာခဲ့ပြီး ဟာဂျီ ရိုက်ရဲ့ အပိုင် အခွင့်အရေး လက်လွတ်ခဲ့ရသလို ရူဒိုနီရဲ့ ခေါင်းတိုက်ချက် ကလည်း ဂိုးတိုင်ထိမှန်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ် မှာတော့ ဗစ်တာ တော့ပ်ရဲ့ ပြစ်ဒဏ်ဘော ကန်တင်ပေးမှုကို ဘော်ဘီ သောမတ်စ်က ခပ်မြင့်မြင့် ခုန်ကာ ခေါင်းတိုက် သွင်းယူပြီး ကိုဗင်ထရီကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ကိုဗင်ထရီ အနေနဲ့ ချန်ပီယံရှစ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေး ကျန်ရှိနေသေးပေမယ့်လည်း လက်ရှိမှာ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်ရေး ကတော့ တရားဝင် အောင်မြင်သွားပြီ ဖြစ်ပါတယ်။

ကိုဗင်ထရီက ဒီပွဲမှာ စုစုပေါင်း ဂိုးကန်သွင်းခွင့် ၁၂ ကြိမ် ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၄၉ အထိ ရှိခဲ့ပေမယ့်လည်း ဂိုးပေါက် တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ အက်ဖရွန် မေဆန်-ကလပ်ခ် ကတော့ ဂိုးကန်သွင်းခွင့် ၃ ကြိမ် (xG) ၀.၅၁ ဂိုးဖန်တီးမှု အခွင့်အရေး ၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ကွင်း အတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။

ကိုဗင်ထရီဟာ ၄၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈၆ မှတ်နဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်ဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် တိုက်ရိုက် တက်ရောက်ခွင့် လက်ကျန် တစ်နေရာ အတွက် အစ်ပ်ဆွစ်ချ်တောင်း၊ မီဝေါလ်၊ ဆောက်သမ်တန်၊ မစ်ဒယ်ဘရော့ တို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဒါ့အပြင် ပလေးအော့ဖ် ကစားခွင့် အတွက် ကိုတော့ ဟူးလ်စီးတီး၊ ရက်စ်ဟမ်း၊ ဒါဘီကောင်တီတို့ မျှော်လင့်နိုင်နေဆဲ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ ချန်ပီယံရှစ်ဟာ ပြိုင်ပွဲက ပြီးဆုံးဖို့ လက်ကျန် ပွဲစဉ် ၃ ပွဲသာ ရှိနေပါတော့တယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်