တော့တင်ဟမ်ဟော့စပါး နည်းပြသစ် အီဂေါ တူဒါ ကတော့ သူ့အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမှာ မဟုတ်ဘူး ဆိုတာ “၁၀၀ ရာခိုင်နှုန်း” ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ စပါးဟာ တန်းဆင်းဇုန် အန္တရာယ် ရှိတဲ့ အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ်သာ ကွာဟတော့တာ ဖြစ်ပြီး၊ နက်ဖြန် ညမှာတော့ မြောက်လန်ဒန် ဒါဘီ ခါးသီး ပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာပါ။
နည်းပြသစ်နဲ့ စိန်ခေါ်မှုအသစ်များ
သောမတ်စ် ဖရန့်ရဲ့ ၈ လကြာ သက်တမ်း ကုန်ဆုံးသွားပြီးနောက် အစားထိုး ဝင်ရောက်လာတဲ့ တူဒါဟာ စပါးကို အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ကနေ စတင် တာဝန်ယူရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ပွဲဦးထွက်ဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ကစားရမှာဖြစ်လို့ ပွဲကြီးပွဲကောင်း ဖြစ်လာဖို့လည်း ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်း သမိုင်းမှာ ပွဲဦးထွက်ကို အာဆင်နယ်နဲ့ စတင်ရင်ဆိုင်ခဲ့ရတဲ့ တစ်ဦးတည်းသော နည်းပြ ကတော့ ဂလင်း ဟော့ဒဲလ် ဖြစ်ပြီး ၂၀၀၁ ခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တူဒါဟာ သူ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်း ၅ သင်း စလုံးနဲ့ ပွဲဦးထွက်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေနဲ့ အလားအလာ

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းဖို့ အခွင့်အလမ်းက ၃.၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါ့အပြင် ရာသီအကုန်မှာ အဆင့် ၁၆ နဲ့ အဆုံးသတ်ဖို့ အလားအလာ အများဆုံး (၁၈.၃ ရာခိုင်နှုန်း) ရှိနေပါတယ်။ စပါးဟာ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပြီး၊ နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ (၄ ပွဲ သရေ၊ ၄ ပွဲ ရှုံး) ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်မယ် ဆိုရင် စပါးဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။
နည်းပြ တူဒါ ဘာတွေပြောသလဲ
စပါး အသင်း တန်းဆင်းရနိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အီဂေါ တူဒါက “၁၀၀ ရာခိုင်နှုန်း (တန်းမဆင်းရဘူး)” လို့ အပြည့်အဝ ယုံကြည်မှု ရှိရှိ ဖြေကြားခဲ့ပါတယ်။ တူဒါက “ကျွန်တော် ဒီကိုလာတာ ပျော်ရွှင်ဖို့တင် မဟုတ်ဘူး။ အလုပ်လုပ်ဖို့ လာတာပါ။ ပျော်ရွှင်တာက ခဏပါပဲ။ ပြီးရင် လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်။ ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ ကလပ် တစ်ခုပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။ “ဒါဟာ ကစားကွက်စနစ် အကြောင်းတင် မဟုတ်ပါဘူး။ အချင်းချင်း စောင့်ရှောက် ဖေးမတတ်တဲ့ အသင်း တစ်သင်း၊ အစုအဖွဲ့ တစ်ခု ဖြစ်လာဖို့က အခြေခံအကျဆုံးပါပဲ။ ဒီအသင်းမှာ အရည်အချင်း ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ပြေးလွှားနိုင်စွမ်း ရှိသလို အလားအလာလည်း အများကြီး ရှိပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ စိန်ခေါ်မှုများ
လက်ရှိမှာ တော့တင်ဟမ်ဟော့စပါးဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်၊ ဒီဂျန် ကူလူဆက်ဗ်စကီး၊ ရိုဒရီဂို ဘန်တန်ကော်၊ မိုဟာမက် ကူဒု့စ်တို့ အပါအဝင် ၁၀ ဦးခန့် ဒဏ်ရာရနေပြီး အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယို ကလည်း ပွဲပယ် ပြစ်ဒဏ် ကျခံနေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ တူဒါက “ဒါဟာ တော်တော့်ကို ရှားပါးတဲ့ အခြေအနေမျိုးပါ။ ဒဏ်ရာရသူ ၁၀ ယောက် ရှိနေတော့ ကျွန်တော်တို့ ကစားသမား ၁၃ ယောက်တည်းနဲ့ လေ့ကျင့်နေရတယ်။ ဒီလို အခြေအနေ ကနေ အောင်မြင်အောင် လုပ်ပြရမှာက ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


