နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး အနေနဲ့ ပိုက်ဆံ ပိုသုံးသင့်တယ်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက အသင်းရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ဝေဖန်နေသူတွေကို ခနဲ့တဲ့တဲ့ ပုံစံနဲ့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့မှာ ငွေလုံလုံလောက်လောက် သုံးစွဲခဲ့ပေမယ့် နည်းပြ ဂွါဒီယိုလာ ကတော့ သူ့ရဲ့ အသင်းဟာ သုံးသင့်သလောက် မသုံးရသေးဘူးလို့ နောက်ပြောင်သလိုနဲ့ ပြောဆိုလိုက်တာပါ။

 

မန်စီးတီးရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့

မန်စီးတီးက လက်ရှိ ပရီးမီးယားလိဂ် ဇယား အဆင့် (၂) နေရာမှာ ရှိနေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ် အကွာမှာ ရှိနေပါတယ်။ ဒါကြောင့် မန်စီးတီးက ပြီးခဲ့တဲ့လက အန်တိုနီယို ဆီမင်ညိုနဲ့ မာ့ခ် ဂူဟီ တို့ကို ခေါ်ယူဖို့ ပေါင်သန်း ၈၀ ဝန်းကျင် သုံးစွဲခဲ့ပါတယ်။ မာ့ခ် ဂူဟီက ဒဏ်ရာ ပြဿနာတွေ ကြုံနေရတဲ့ စီးတီး နောက်တန်းမှာ ချက်ချင်းဆိုသလို အံဝင်ခွင်ကျ ကစားနိုင်ခဲ့သလို ဂါနာသား ဆီမီညို ကလည်း အသင်း အတွက် ၅ ပွဲ ကစား၊ ၄ ဂိုး သွင်းကာ ခြေစွမ်းပြနေပါတယ်။ ဆီမီညိုက မန်စီးတီး ကစားသမားဘဝ ပထမဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ ဂိုးသွင်းနိုင်တဲ့ (၂၀၀၉ ခုနှစ်က အီမန်နျူရယ် အဒီဘာယော ပြီးရင်) ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။

 

ဂွါဒီယိုလာရဲ့ ခနဲ့တဲ့တဲ့ တုံ့ပြန်မှု

ဒီကနေ့ညမှာ ကစားမယ့် နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် နည်းနည်းတော့ ဝမ်းနည်းပြီး စိတ်တိုနေတယ်ဗျ။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း အသားတင် အသုံးစရိတ်ကို ကြည့်ရင် ကျွန်တော် တို့က ပရီးမီးယားလိဂ်မှာ အဆင့် (၇) ပဲ ရှိနေလို့ပါ။” လို့ ဂွာဒီယိုလာက ပြုံးရယ်ကာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်က နံပါတ် (၁) ဖြစ်ချင်တာ။ အသင်းက ဘာလို့ ပိုက်ဆံတွေ ဒီထက် ပိုမသုံးတာလဲ ဆိုတာ နားမလည်နိုင်ဘူး။ အသင်းကိုတောင် နည်းနည်း စိတ်ကောက်ချင်လာပြီ။ ကျွန်တော်တို့ အရင်က အများကြီး သုံးခဲ့လို့ အောင်မြင်ခဲ့တယ် ဆိုရင် အခု ကျွန်တော်တို့ထက် ပိုသုံးထားတဲ့ အသင်း ၆ သင်း ကလည်း ပရီးမီးယားလိဂ်တွေ၊ ချန်ပီယံလိဂ်တွေနဲ့ အက်ဖ်အေဖလားတွေကို ရသင့်တာပေါ့။ ဒါတွေက အချက်အလက်တွေပါ၊ ထင်မြင်ချက် မဟုတ်ဘူး။ ကျွန်တော်တို့ထက် ပိုသုံးထားတဲ့ အသင်း ၆ သင်းလုံး ကံကောင်းကြပါစေဗျာ။ ကျွန်တော် စောင့်ကြည့်နေပါ့မယ်။ ဒါ တော်တော်ကောင်းတဲ့ စကားစုပဲ မဟုတ်လား။”

 

နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်ရဲ့ အမြင်

မန်စီးတီးက လက်ရှိ ပရီးမီးယားလိဂ် ဇယား အဆင့် (၂) နေရာမှာ ရှိနေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ် အကွာမှာ ရှိနေပါတယ်။
အာဆင်နယ်နဲ့ ၆ မှတ် ပြတ်နေတဲ့ မန်စီးတီး

မန်စီးတီးက ဈေးကွက်ထဲမှာ အလုပ်ရှုပ်နေချိန်မှာ နယူးကာဆယ် ကတော့ ငြိမ်သက်နေခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ နည်းပြ အက်ဒီဟောင်းဝ်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ “ငွေကြေးအရ ကျွန်တော်တို့ အတွက် မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ စည်းမျဉ်း ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပါးပါးနပ်နပ် လုပ်ဆောင်ရမှာ ဖြစ်လို့ နွေရာသီ အထိ စောင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နွေရာသီကျမှ ကစားသမား ရွေးချယ်စရာ ပိုများသလို ငွေကြေးအရလည်း ပိုတန်ဖိုးရှိတဲ့ ခေါ်ယူမှုတွေ လုပ်နိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာ ကတော့ မန်စီးတီးဟာ ငွေသုံးကြမ်းတဲ့ အသင်းလို့ အမြဲတမ်း ဝေဖန်ခံနေရတာကို “တခြား အသင်းတွေကတောင် သူတို့ထက် ပိုသုံးထားတယ်” ဆိုတဲ့ သဘောနဲ့ တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ် တို့ရဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ရဲ့ စိတ်ဝင်စားစရာ အချက်အလက် တချို့ကို ဖော်ပြပေးချင်ပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

မန်ချက်စတာစီးတီး – ရိုင်ယန် ချာကီ

ချာကီဟာ သူကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ် ၃ ပွဲ စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုပွဲမှာပါ ဂိုးထပ် သွင်းနိုင်ခဲ့ရင်တော့ ၂၀၁၃ ကနေ ၂၀၁၄ အတွင်း ခရာဘောင်ဖလားမှာ ပထမဆုံး ၄ ပွဲ ဆက်တိုက် ဂိုးသွင်းခဲ့တဲ့ ဂန္ထဝင် ကစားသမား ယာယာတိုရေး ရဲ့ စံချိန်ကို လိုက်မီမှာ ဖြစ်ပါတယ်။

 

နယူးကာဆယ်ယူနိုက်တက် – အန်သိုနီ ဂေါ်ဒန် 

ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ တပတ်က လစ်ဗာပူးလ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ နယူးကာဆယ် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သူပါ။ သူဟာ ဒီရာသီ ခရာဘောင်ဖလား ပြိုင်ပွဲမှာ ပွဲကစားချိန် ထက်ဝက်ကျော် (၁၄၄ မိနစ်) သာ ကစားထားရသေးပေမယ့် နယူးကာဆယ် ကစားသမားတွေထဲ မှာတော့ အခွင့်အရေး ဖန်တီးမှု အများဆုံး (၆ ကြိမ်) ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။ ဂိုးကန်သွင်းမှု မှာလည်း ဘရူနို ဂီမာရေးစ် (၁၁ ကြိမ်) နဲ့ ဂျိုးလင်တန် (၉ ကြိမ်) တို့ပြီးရင် သူက ၆ ကြိမ်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

မန်စီးတီးဟာ သူတို့ရဲ့ ခရာဘောင်ဖလား အိမ်ကွင်း နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲ အထိ အနိုင်ရထားပါတယ်။ တစ်ပွဲတည်းသော ရှုံးနိမ့်မှု ကတော့ ၂၀၁၉-၂၀၂၀ ရာသီ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးခဲ့တာပါ။ 

လက်ရှိ ချန်ပီယံ နယူးကာဆယ်ဟာ ဆီမီးဖိုင်နယ် အဆင့် မှာတင် ပြုတ်ရတဲ့ တတိယမြောက် ချန်ပီယံ အသင်း မဖြစ်အောင် ကြိုးစားရမှာပါ။ ဒါ့အပြင် သူတို့ အနေနဲ့ ဗိုလ်လုပွဲ တက်ချင်ရင် ပထမအကျော့က ၂ ဂိုးပြတ် ရှုံးနိမ့်မှုကို ပြန်လည် အနိုင်ယူ ကျော်ဖြတ်ရမှာ ဖြစ်ပြီး ဒါဟာ ၁၉၉၃-၉၄ က အက်စတွန်ဗီလာ လုပ်ဆောင်ခဲ့တဲ့ စံချိန်မျိုး (ဒုတိယမြောက် အသင်း အဖြစ်) လိုက်မီဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ နယူးကာဆယ်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၈ ပွဲမှာ ၁၇ ပွဲ အထိ အနိုင်ရထားပြီး နောက်ဆုံး ၁၁ ပွဲ ဆက်တိုက်လည်း အိမ်ကွင်းမှာ အနိုင်ရထားပါတယ်။ အကယ်၍ မန်စီးတီးသာ ဗိုလ်လုပွဲ တက်သွားခဲ့ရင်တော့ ခရာဘောင်ဖလား ဗိုလ်လုပွဲကို ၁၀ ကြိမ်မြောက် တက်လှမ်းနိုင်တဲ့ စတုတ္ထမြောက် အသင်း (လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ပြီးနောက်) ဖြစ်လာမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်