ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ဂျေဒန်ဆန်ချိုကိုစာချုပ်ပါအချက်အလက်တွေအရပေါင်၂၅သန်းနဲ့ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ချဲလ်ဆီးရဲ့အဓိကရည်ရွယ်ချက်ဟာဆန်ချိုကိုလာမယ့်နွေရာသီမှာအမြတ်အစွန်းနဲ့ရောင်းချဖို့ရည်ရွယ်ထားပြီးမန်ချက်စတာယူနိုက်တက်ဆီကနေအပြီးသတ်ခေါ်ယူခဲ့တာဖြစ်ကြောင်း Football Insider ကဖော်ပြပါတယ်။ဆန်ချိုဟာပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအတွက်ပြိုင်ပွဲစုံ၂၈ပွဲကစားပြီး၂ဂိုးသွင်း၊၅ဂိုးဖန်တီးထားပေမယ့်ထိရောက်တဲ့ခြေစွမ်းပြမှုမျိုးမမြင်တွေ့ရသေးပါဘူး။
နယူးကာဆယ်တိုက်စစ်မှူးအလက်ဇန္တားအိဆက်ခ်ကိုတော့ဥရောပထိပ်တန်းကလပ်များစွာကခေါ်ယူချင်နေတာဖြစ်ပါတယ်။ဒါပေမယ့်လည်းဆွီဒင်တိုက်စစ်မှူးကတော့အာဆင်နယ်ကိုသာပြောင်းရွှေ့ချင်နေတယ်လို့သိရပြီးတခြားသောကလပ်တွေဖြစ်တဲ့ဘာစီလိုနာ၊ချဲလ်ဆီးနဲ့လစ်ဗာပူးလ်တို့ရဲ့စိတ်ဝင်စားမှုတွေကိုငြင်းဆန်ထားခဲ့ကြောင်းသိရပါတယ်။ဒါပေမယ့်လည်းနယူးကာဆယ်ကအိဆက်ခ်ရဲ့ပြောင်းရွှေ့ကြေးကိုပေါင်သန်း၁၅၀နီးပါးသတ်မှတ်ထားတာကြောင့်ခေါ်ယူချင်နေတဲ့အသင်းတွေအတွက်လွယ်ကူဖို့တော့မရှိပါဘူး။ဒါ့အပြင်အိဆက်ခ်ဟာနယူးကာဆယ်နဲ့စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုတွေကိုခေတ္တရပ်နားထားတာကြောင့်အာဆင်နယ်ရဲ့စိတ်ဝင်စားမှုတွေကပိုမိုအားကောင်းလာပြီလို့သိရပါတယ်။

ကိုမိုကစားသမားနီကိုပက်ဇ်ကိုတော့တင်ဟမ်ဟော့စပါးကလည်းစိတ်ဝင်စားလာပေမယ့်ရီးရဲလ်မက်ဒရစ်ကတော့ခေါ်ယူဖို့အတွက်လက်မလျှော့သေးကြောင်းသိရပါတယ်။အန်ဆယ်လော့တီရဲ့လာလီဂါချန်ပီယံကလပ်ဟာစပိန်ကြယ်ပွင့်လေးကိုအသင်းဆီပြန်လည်ခေါ်ယူဖို့ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။အသက်၂၀အရွယ်သာရှိသေးတဲ့အာဂျင်တီးနားတိုက်စစ်ကစားသမားဟာဒီရာသီစီးရီးအေကလပ်ကိုမိုမှာခြေစွမ်းပြနေပြီးတော့ဥရောပထိပ်တန်းကလပ်တွေရဲ့ပစ်မှတ်လည်းဖြစ်နေသူပါ။
လစ်ဗာပူးလ်ကတော့ဒါဝင်နူညက်ဇ်ကိုရောင်းချဖို့စိတ်အားထက်သန်နေဆဲဖြစ်ပြီးဘာစီလိုနာဟာဥရုဂွေးတိုက်စစ်မှူးကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ထပ်တိုးအသင်းဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာဟာလစ်ဗာပူးလ်တောင်ပံကစားသမားလူးဝစ္စဒီးယက်ဇ်ကိုလည်းစိတ်ဝင်စားနေပြီးတော့ခေါ်ယူဖို့အတွက်ကြိုးပမ်းနေပါတယ်။
တော့တင်ဟမ်ဟော့စပါးကတော့သြစတြေးလျလူမျိုးနည်းပြအန်ဂျီပိုစတီကိုဂလူးကိုရာထူးကနေထုတ်ပယ်ဖို့များနေပြီးသူ့နေရာမှာပြန်လည်အစားထိုးဖို့အတွက်ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားကပစ်မှတ်စာရင်းရဲ့ထိပ်ဆုံးမှာရှိနေတယ်လို့သိရပါတယ်။အန်ဂျီပိုစတီကိုဂလူးကတော့စပါးကိုပရီးမီးယားလိဂ်ကလပ် ပြိုင်ပွဲစုံ၈၇ပွဲကိုင်တွယ်ထားပြီး၄၂ပွဲနိုင်၊၁၂ပွဲသရေ၊၃၃ပွဲရှုံးရလဒ်ရရှိထားကာနိုင်ပွဲရာခိုင်နှုန်းကလည်း၄၈ရာခိုင်နှုန်းသာရှိထားပါတယ်။
အသက်အရွယ်ရနေပေမယ့်လက်စွမ်းပြနေတဲ့ဝေါ့ဆစ်ရှက်ဇီနီကြောင့်နံပါတ်တစ်ဂိုးသမားနေရာကနေဖယ်ပေးခဲ့ရတဲ့အင်နာကီပီနာကိုတော့ဘာစီလိုနာကဆဲလ်တာဗီဂိုအသင်းထံရောင်းထုတ်ဖို့စဉ်းစားနေပြီလို့သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.