နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုနဲ့ အန်းဒရစ်ခ်ကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး၊ ယူနိုက်တက်ကို ပြန်ရဖို့ များနေတဲ့ ဆန်ချို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုနဲ့ တိုက်စစ်မှူး အန်းဒရစ်ခ် တို့ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဒီကစားသမား နှစ်ဦး အတွက် ချဲလ်ဆီး ဘက်က ယူရို သန်း ၁၈၀ (ပေါင် ၁၅၁.၅ သန်း) နဲ့ ကမ်းလှမ်းဖို့ အသင့် ပြင်ဆင်ထားကြောင်း စပိန်သတင်းဌာန Fichajes က ဖော်ပြပါတယ်။

ချဲလ်ဆီးဟာ လာမယ့် အပြောင်းအရွှေ့မှာ အသင်းမှာ ရှိနေတဲ့ ကစားသမား ၈ ဦးလောက်ကို ရှင်းထုတ်ပြီးတော့ ထိပ်တန်း အဆင့် ကစားသမားတွေနဲ့ ပြန်လည် အစားထိုးဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နောက်ထပ် စပိန် သတင်းဌာန တစ်ခု ဖြစ်တဲ့ Defens Central ကတော့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုဟာ ယူရို ၁၂၅ သန်း (ပေါင် ၁၀၅.၂ သန်း) ရှိလာနိုင်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ရိုဒရီဂိုနဲ့ အန်းဒရစ်ခ် တို့ကို လုံးဝ ရောင်းချလိုခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။

ပေါင် ၅၁ သန်း တန်ကြေး ရှိနေတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အတွက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ နာပိုလီတို့ အကြား စုံစမ်းမေးမြန်းမှုတွေ ရှိထားတယ်လို့ သိရပါတယ်။
ဂါနာချိုကို မဟုတ်ပဲ ဟွိုက်ဂျ်လန်းကို ပြောင်းလဲ စိတ်ဝင်စားလာတဲ့ နာပိုလီ

ချဲလ်ဆီးဟာ အငှားနဲ့ ခေါ်ယူထားတဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် သဘောတူညီချက် အရ ဒဏ်ကြေးပေးဆောင်ပြီး ယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ဖို့ အသေအချာ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆန်ချိုကို ချဲလ်ဆီးက အစောပိုင်းမှာ မျှော်လင့်ချက်ထားခဲ့ပေမယ့် ကစားသမားရဲ့ တိုးတက်လာခြင်း မရှိတဲ့ ခြေစွမ်းကြောင့် အပြီးသတ် မခေါ်ယူချင်တော့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ လာမယ့် နွေရာသီမှာ ဘရာဇီးလ် ကလပ် ဖလာမင်ဂိုကို ပြောင်းရွှေ့ကစားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အေးဂျင့် ဖြစ်သူက ဘရာဇီးလ်ကို ပြန်လည် ရောက်ရှိနေပြီ မကြာခင်မှာ ကလပ် နှစ်ခုအကြား သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။

ဘုန်းမောက် ကတော့ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ကျော်ဖြတ်ပြီး လစ်ဗာပူးလ် ဂိုးသမား ခယ်လာဟာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း The Sun က ဖော်ပြလာပါတယ်။ ဘုန်းမောက်ဟာ လက်တလောမှာ ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘလာဂါကို အငှားနဲ့ ခေါ်ယူ အသုံးချနေရပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် အပြီးသတ် ခေါ်ယူဖို့ ခက်ခဲနေပြီး တခြားသော ဂိုးသမားတွေကို ပစ်မှတ်ထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ အသစ် ရောက်ရှိလာတဲ့ အားကစား ဒါရိုက်တာ ဟူဂို ဗီယာနာ ကတော့ စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ဖရန်ဆစ်စကို ထရင်ကာအိုကို ခေါ်ယူဖို့ ကလပ် ဘက်ကို တွန်းအားပေးနေကြောင်း ပေါ်တူဂီ သတင်းစာ A BOLA က ဖော်ပြလာပါတယ်။

အာဆင်နယ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူချင်နေပေမယ့်လည်း လွယ်ကူဖို့တော့ မရှိကြောင်း Football Insiderက ဖော်ပြပါတယ်။ သတင်းတွေ အရ ဆိုရင် အာဆင်နယ်က လာမယ့် နွေရာသီမှာ ကစားသမား ၇ ဦး အထိ ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို အပြောင်းအရွှေ့ အတွက် ပေါင် သန်း ၃၀၀ ဝန်းကျင် သုံးစွဲဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ပေါင် ၅၁ သန်း တန်ကြေး ရှိနေတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အတွက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ နာပိုလီတို့ အကြား စုံစမ်းမေးမြန်းမှုတွေ ရှိထားတယ်လို့ သိရပါတယ်။ ဟွိုက်ဂျ်လန်းဟာ လာမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ များနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ယူနိုက်တက်ရဲ့ ပစ်မှတ်တွေထဲမှာ လေဗာကူဆင် တိုက်စစ်မှူး ဗစ်တာ ဘိုနီဖေ့စ်လည်း ဝင်ရောက်လာပြီလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်