နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူရမ်ကို အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ဒီနှစ်သင်းက အင်တာမီလန်ရဲ့ ပြင်သစ် တိုက်စစ်မှူး မားကပ်စ် သူရမ်ကို အပြိုင်အဆိုင် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

နှစ်သင်းစလုံးက အသင်း အတွက် အထောင် တိုက်စစ်မှူးကောင်း တွေ လိုအပ်နေတာ ဖြစ်ပြီး နွေရာသီ ဈေးကွက် ပြန်လည် ဖွင့်လှစ်ချိန်မှာ ထိပ်တန်း အဆင့် တိုက်စစ်မှူး တစ်ဦးကို အရ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီး ချိန်ရွယ်ထားတဲ့ ကစားသမားတွေထဲမှာ အလက်ဇန္တား အိဆက်ခ်လို တိုက်စစ်မှူးမျိုး အပြင် လက်ရှိ မှာတော့ မားကပ်စ် သူရမ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမား သူရမ်ဟာ ၂၀၂၃ ခုနှစ်ကမှ မိုချန်ဂလာဘတ် ကနေ အင်တာမီလန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူရမ်က အင်တာမီလန် ကစားသမား ဘဝ ဒုတိယမြောက် ရာသီမှာပဲ အသင်း အတွက် ပြိုင်ပွဲစုံ ၃၁ ဂိုး အထိ သွင်းယူပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း အသင်းမှာ တိုက်စစ်မှူးတွေ များပြားနေပေမယ့် အထောင် တိုက်စစ် နေရာ အတွက် သူရမ်နဲ့ အင်အား ဖြည့်တင်းချင်နေတာပါ။
အင်တာမီလန် အတွက် အရေးပါတဲ့ တိုက်စစ်မှူး ဖြစ်နေတဲ့ သူရမ်

သူရမ်ကို မိုချန်ဂလာဘတ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးမှာ ကလပ် အသင်းပေါင်း များစွာက အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြပြီးတော့ အဲဒီအထဲကမှ အင်တာမီလန်က သူရမ်ကို လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်က လူကာကူရဲ့ နေရာ အတွက် သူရမ်ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်ထဲ ကနေ လက်ရှိ အချိန်ထိ အင်တာမီလန်ရဲ့ ဦးစားပေး ကစားသမား ဖြစ်နေခဲ့ပါတယ်။ သူရမ်ဟာ အင်တာမီလန်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းရှိတဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ကလည်း ပေါင် ၇၁ သန်း တန်ကြေး ရှိနေပါတယ်။ 

အစောပိုင်းမှာ သူရမ်ကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က အဓိက စိတ်ဝင်စားခဲ့ပေမယ့် အခု လက်ရှိ မှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကသာ သူရမ်ကို ဆက်လက် ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ် ကတော့ လာမယ့် နွေရာသီမှာ အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေတာကြောင့် လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို၊ ဂျူဗင်တပ်စ်က ဗလာဟိုဗစ်၊ နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ်၊ စပို့တင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ် တို့အပြင် အခုတော့ သူရမ် ကိုပါ အလိုရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း အသင်းမှာ တိုက်စစ်မှူးတွေ များပြားနေပေမယ့် အထောင် တိုက်စစ် နေရာ အတွက် သူရမ်နဲ့ အင်အား ဖြည့်တင်းချင်နေတာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်