တော့တင်ဟမ်ဟော့စပါး – အာဆင်နယ်
ပရီးမီးယားလိဂ်ရဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် ကတော့ ပရိသတ်တွေ ရှေ့မှောက်ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ မနက်ဖြန် ညမှာ ကစားမယ့် ဒီထိပ်တိုက်တွေ့ဆုံမှုရဲ့ နောက်ကွယ် မှာတော့ ခါးသီး ပြိုင်ဘက် နှစ်သင်းစလုံး အတွက် အလွန်တရာမှ အရေးကြီးတဲ့ အဓိပ္ပာယ်တွေ ရှိနေမှာ အသေအချာပါပဲ။
တော့တင်ဟမ်ဟော့စပါး နည်းပြသစ် အီဂေါ တူဒါ အတွက်တော့ ဒီပွဲဟာ သူ့ရဲ့ ပွဲဦးထွက်မှာတင် ပြင်းထန်တဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာမှာပါ။ တစ်ဖက် မှာလည်း အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အဆုံးအဖြတ် ရောက်ချိန်တိုင်း လက်ချောတတ်တယ် (Bottle) ဆိုတဲ့ သံသယ ဖြစ်စရာ အခြေအနေတွေနဲ့ ထပ်မံ ရင်ဆိုင်နေရပါတယ်။
တော့တင်ဟမ်ဟော့စပါး
တော့တင်ဟမ်ဟော့စပါးဟာ ဒဏ်ရာရ ကစားသမား ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ သောမက်စ် ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိ ယူရိုပါလိဂ် ချန်ပီယံ စပါးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟပါတော့တယ်။ စပါး ပရိသတ်တွေဟာ သူတို့ အသင်း တန်းဆင်းဇုန် တိုက်ပွဲဝင်နေရပြီ ဆိုတာကိုလည်း ကောင်းကောင်း သိနေကြပါတယ်။ အထူးသဖြင့် စပါးဟာ ၂၀၂၆ ခုနှစ် အတွင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပြီး ရမှတ် ၂၄ မှတ်မှာ ၄ မှတ်သာ ရရှိထားပါတယ်။ လာဇီယို၊ မာဆေးလ်နဲ့ ဂျူဗင်တပ်စ် တို့မှာ နည်းပြခဲ့ဖူးတဲ့ ခရိုအေးရှား လူမျိုး တူဒါ ဟာ အသင်းကို ကျန်ရှိတဲ့ ရာထူးသက်တမ်း အတွင်း တည်ငြိမ်အောင် ထိန်းကျောင်းရမှာပါ။ သမိုင်းကြောင်းအရတော့ တူဒါဟာ သူကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး ၅ သင်းစလုံးမှာ ပွဲဦးထွက်တွေ အနိုင်ရထားဖူးပါတယ်။ ဒါပေမယ့် လက်ရှိ စပါးဟာ ဒီရာသီမှာ အိမ်ကွင်း နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး အိမ်ကွင်း ရလဒ် တတိယမြောက် အဆိုးရွားဆုံး အသင်း ဖြစ်နေပါတယ်။
အာဆင်နယ်
အာဆင်နယ် ပရိသတ်တွေ ကတော့ သူတို့ အသင်းဟာ ဒုတိယနဲ့ပဲ ကျေနပ်ရတော့မလား ဆိုတဲ့ အိမ်မက်ဆိုးကို ပြန်လည် စိုးရိမ်နေကြပါတယ်။ အကြောင်းရင်း ကတော့ နောက်ဆုံးပွဲမှာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အနိမ့်ဆုံး ရမှတ်နဲ့ တန်းဆင်းရနိုင်ခြေ ရှိနေတဲ့ ဝုဗ်ကို ၂-၂ နဲ့ သရေကျပြီး ၂ မှတ် အလဟဿ ဆုံးရှုံးခဲ့လို့ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပေမယ့် မန်ချက်စတာစီးတီး ကလည်း သူတို့ရဲ့ လက်ကျန်ပွဲကို အနိုင်ရခဲ့ရင် အာဆင်နယ်နဲ့ ၂ မှတ်အကွာထိ ကပ်လာတော့မှာပါ။ သေချာတာက ဧပြီလမှာ အက်တီဟတ်ကွင်းမှာ ကစားရမယ့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ဗစ်ကာရီယို၊ ဂရေး၊ ဒရာဂူဆင်၊ ဗန်ဒီဗန်၊ စပန့်စ်၊ ဂယ်လာဟာ၊ ပါလ်ဟင်ဟာ၊ ဆား၊ ကိုလို မူအာနီ၊ ဆိုလန်ကီ၊ ဆီမွန်စ်
တော့တင်ဟမ်ဟော့စပါး – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယောကရက်စ်၊ ထရော့ဆက်ဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အာဆင်နယ်ဟာ အဝေးကွင်း ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားတဲ့ မှတ်တမ်းဆိုး ရှိနေပေမဲ့ မြောက်လန်ဒန် ဒါဘီ မှာတော့ စပါးကို အသာစီးရနေတာ ကြာပါပြီ။ အာဆင်နယ်ဟာ စပါးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး။ စပါးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး အာဆင်နယ်က အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက အမ်းမရိတ်စ်မှာ အီဘာရီချီ အက်ဇေးရဲ့ ခြေစွမ်းပြမှုနဲ့ အတူ စပါးကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူပြီး အရှက်ခွဲထားနိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၅.၄၀ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၅၁ ဆ၊ သရေ ဆိုရင်တော့ ၃.၈၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဧည့်သည် အာဆင်နယ် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရလဒ်ဟာ အာဆင်နယ်ကို အထိနာသွားစေပါတယ်။ အဲဒီပွဲအပြီးမှာ ခံစားခဲ့ရတဲ့ စိတ်ပျက်မှုတွေ၊ ဒေါသတွေကို ဒီပွဲမှာ လောင်စာ အဖြစ် အသုံးချနိုင်မလား စောင့်ကြည့်ရပါမယ်။ အိမ်ရှင် ဘက်မှာလည်း စပါး အနေနဲ့ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။
အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်ခွင့်ကို ဟန့်တားဖျက်ဆီးဖို့ရော၊ နည်းပြသစ် တူဒါရဲ့ ပွဲဦးထွက်မှာ တန်းဆင်းဇုန် အန္တရာယ် ကနေ ရုန်းထွက်ဖို့ အတွက်ပါ သူတို့ အစွမ်းကုန် ကြိုးစားလာပါလိမ့်မယ်။ ဒါပေမဲ့လည်း အိမ်ရှင် စပါးရဲ့ ဒဏ်ရာရ ကစားသမား အကြပ်အတည်းနဲ့ အဆိုးရွားဆုံး ဖြစ်နေတဲ့ အိမ်ကွင်း မှတ်တမ်းတွေ ကိုတော့ လျစ်လျူရှုထားဖို့ ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ အဓိက ပွဲစဉ်ကြီး မှာတော့ အာဆင်နယ်ကပဲ မြောက်လန်ဒန်က အနီရောင် ဖြစ်ကြောင်း သက်သေပြသွားနိုင်ဖို့ များပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၁-၂ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


