မနေ့ညက တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ လိဒ်စ်ယူနိုက်တက် တို့ရဲ့ ပွဲစဉ် မှာတော့ တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗက်လီဝင်း အနေနဲ့ လိဒ်စ် အတွက် အဖိုးတန် ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူး အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီးတော့ နည်းပြ ဖြစ်သူ ဒန်ရီရယ် ဖာကီက ချီးကျူးလာခဲ့ပါတယ်။
ဖာကီက ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ဒေါမနစ် ကဲလ်ဗက် လီဝင်းကို “ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အင်္ဂလိပ် တိုက်စစ်မှူးတွေ ထဲက တစ်ယောက်” ဖြစ်ကြောင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ Gtech Community Stadium မှာ ကစားခဲ့တဲ့ ဒီပွဲမှာ လိဒ်စ်ယူနိုက်တက်ဟာ အိမ်ရှင် အသင်းထက် ပိုကောင်းတဲ့ တိုက်စစ် ကစားပုံကို ပြသနိုင်ခဲ့ပြီးတော့ ဂိုးပေါက် ကန်ချက် ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဂိုးပေါက် တည့်မှု ကတော့ ၄ ကြိမ် ရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၇ ကြိမ်သာ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၇၀ မှာ ဂျော်ဒန် ဟန်ဒါဆန်က ဘရန့်ဖို့ဒ် အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၁၂ မိနစ် အကြာမှာတော့ ကဲလ်ဗက် လီဝင်းက ပြန်လည် ချေပခဲ့တာ ဖြစ်ပါတယ်။
ကဲလ်ဗက် လီဝင်း အနေနဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတဘ်။ ဒါဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်း အဲဗာတန် အတွက် ၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ အကောင်းဆုံး စံချိန် ဖြစ်ပါတယ်။ ဖာကီက သူ့ အသင်းရဲ့ တိုက်စစ်မှူးကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ကဲလ်ဗက် လီဝင်းရဲ့ သွင်းဂိုးက အသင်းကို တန်းဆင်းဇုန် ကနေ ၃ မှတ် အကွာကို ရောက်ရှိစေခဲ့ပါတယ်။

ဖာကီက “သူက အံ့သြဖွယ် ကောင်းတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ၊ သံသယဖြစ်စရာ မရှိပါဘူး။ [သူက] မယုံနိုင်စရာ လူသား တစ်ယောက်၊ မယုံနိုင်စရာ ကြိုးစားသူ တစ်ယောက်ပါ။ သူ့ကို ပိုင်ဆိုင်ထားတာ ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောရမှာပါ။ ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါမှာ ကစားနေပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အင်္ဂလိပ် တိုက်စစ်မှူးတွေ ထဲက တစ်ယောက်ပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
လိဒ်စ် အတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနိုင်ခဲ့တဲ့ ကဲလ်ဗက် လီဝင်း ကတော့ ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ “နောက်ဆုံး မှာတော့ တစ်မှတ်ရခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ၃ မှတ် ရယူဖို့ပါ။ ကျွန်တော်တို့ သူတို့ကို အခွင့်အရေး အများကြီး မပေးခဲ့ပါဘူး။ တစ်ဂိုး ပေးလိုက်ရပြီး နောက်က လိုက်ခဲ့ရတာက စိတ်ပျက်စရာပါ။ မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း ကျွန်တော်တို့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာနဲ့ ကောင်းမွန်တဲ့ ခံနိုင်ရည်ကို ပြသနိုင်ခဲ့ပြီး ပွဲတွေကို ပြန်လည် ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။
ဟန်ဒါဆန်ရဲ့ အဖွင့်ဂိုး ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ ပွဲစဉ်မှာ လစ်ဗာပူးလ် အတွက် ဂိုးသွင်းပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။ ဟန်ဒါဆန် ကတော့ ဒီသွင်းဂိုးဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အသက် ၂၉ နှစ် ပြည့်ခဲ့တဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အသင်းဖော်ဟောင်း ဒီယိုဂို ဂျိုတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟန်ဒါဆန်က “ဟုတ်ပါတယ်၊ မကြာသေးခင်က သူ့ရဲ့ မွေးနေ့ပါ။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်တို့ သူ့ကို အမြဲတမ်း သတိရနေပါတယ်။ လစ်ဗာပူးလ်မှာ ရှိတဲ့ ကောင်လေးတွေ ဘာတွေ ကြုံတွေ့နေရလဲဆိုတာ ကျွန်တော် စိတ်ကူးကြည့်နိုင်ပါတယ်။ သူက သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် ဂိုးတွေ အများကြီး မသွင်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ရည်စူးပြီး ဂုဏ်ပြုနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


