မန်ချက်စတာယူနိုက်တက် ဂန္တဝင် ဖြစ်တဲ့ ရွိုင်းကိန်းရဲ့ ပြင်းထန်တဲ့ ဝေဖန်ပြောဆိုမှုတွေက ကလပ် အသင်း အတွက် ကြိုးစား အားထုတ်မှုတွေ အပေါ်မှာ သက်ရောက်မှု ရှိခဲ့တယ်လို့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဖွင့်ဟလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်မှာ နိုင်ပွဲတွေ ဆက်ခဲ့ပြီးနောက် အသင်းသားတွေ အနေနဲ့လည်း ယုံကြည်မှုတွေ ပြန်လည် ရရှိနေတာကို မြင်တွေ့နေရပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းနဲ့ ဂန္တဝင် ကစားသမားကြီး ရွိုင်းကိန်းဟာ ပြီးခဲ့တဲ့လ ပြုလုပ်ခဲ့တဲ့ Stick To Football ဆိုတဲ့ Podcasts အစီအစဉ်မှာ ယူနိုက်တက်နဲ့ ပတ်သတ်လို့ ဒေါသတကြီး ပြောဆိုခဲ့သလို အသင်းသားတွေဟာ အတုအယောင်တွေ ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွိုင်းကိန်းက ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီးတော့လည်း အရည်အချင်း တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း ကလပ် အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်မှုကို ဝေဖန်ခဲ့ကာ တိုက်ပွဲဝင်သူ တစ်ယောက် မဟုတ်ကြောင်းလည်း ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒီလို ဝေဖန်မှုနဲ့ ပတ်သတ်လို့တော့ ဖာနန်ဒက်စ်က “ကျွန်တော့်ရဲ့ နည်းလမ်းနဲ့ ကျွန်တော် လုပ်ဆောင်နေပါတယ်။ ကျွန်တော့် အကြောင်း အခုလိုတွေ ကြားရတာ မကောင်းဘူး ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ အဲဒါတွေက ကျွန်တော့်ကို လှုဆော်ပေးပါတယ်။ သေချာပါတယ်။ လူတွေက ကျွန်တော်ကို့ တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေ အများကြီး ရှိတယ်လို့ ထင်နေဦးမှာပါ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က လက်စတာစီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ ဂိုးပေါက် ပျောက်ဆုံးနေတာ ကြာနေတဲ့ ဟွိုက်ဂျ်လန်းနဲ့ ဂါနာချို တို့ရဲ့ သွင်းဂိုးတွေ အတွက်ပါ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ပြိုင်ပွဲ အားလုံးမှာ ပွဲတစ်ပွဲ အတွင်း ၃ ဂိုး အထိ ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့တာက ၉ ကြိမ် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်ဆိုစီဒက်နဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာလည်း ဟက်ထရစ် သွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ဂိုးပါဝင် ပတ်သက်မှု ၁၁၂ ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် သူ့ အနေနဲ့ ကစားသမားဟောင်း ရု့ဒ် ဗန် နစ္စတယ်ရွိင်းကို ကျော်လွန်ကာ ယူနိုက်တက်ရဲ့ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမား စာရင်းရဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်က ဒီရာသီမှာလည်း ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၄ ပွဲ ကစား၊ ၁၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားပါတယ်။
နောက်ဆုံး မှာတော့ ဘရူနို ဖာနန်ဒက်စ်က “ကျွန်တော် လုပ်နေတဲ့ အရာအားလုံးကို လူတိုင်းက ကြိုက်မှာ မဟုတ်သလို တူညီတဲ့ နည်းလမ်းနဲ့လည်း မြင်မယ်လို့ မထင်ပါဘူး။ ကျွန်တော်က လူတိုင်းရဲ့ ထင်မြင်ချက်ကို လေးစားပါတယ်။ ရွိင်းကိန်း ကိုလည်း အရမ်းပဲ လေးစားပါတယ်။ ကျွန်တော့်ရဲ့ ကစားပုံ၊ ကျွန်တော့်ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော့်ရဲ့ ဘဝမှာ လုပ်ဆောင်နိုင်တဲ့ အရာအားလုံးမှာ တိုးတက်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ် ဆိုတာ လက်ခံပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ နိုင်ပွဲတွေ ပြန်လည် ရရှိခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ယူရိုပါလိဂ် မှာလည်း ကွာတားဖိုင်နယ်ကို တက်လှမ်းထားနိုင်ပြီး လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.