ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ အထိ သုံးစွဲသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီငွေကြေး ပမာဏနဲ့ အတူ အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ကလည်း ကစားသမား ၇ ဦး အထိ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ်မှာ ဆယ်စုနှစ် တစ်ခုကျော် အကြာ ဖြတ်သန်းခဲ့တဲ့ အသက် ၅၃ နှစ် အရွယ် အီတလီသား ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားခဲ့ပြီး စာချုပ် ကိစ္စ အပြီးသတ်ပြီးချိန်မှာ အလုပ်စတင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ ပတ်သတ်လို့ စိုးရိမ်စရာမရှိတာကြောင့်လည်း လာမယ့် နွေရာသီမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။
ဘာတာက အာဆင်နယ် အတွက် အရန် ဂိုးသမား၊ ဘယ်နောက်ခံလူ၊ ကွင်းလယ် ခံစစ်၊ ဘယ်တောင်ပံ၊ တိုက်စစ်မှူးနဲ့ ဆာကာ အတွက် အရန် ကစားသမားတွေ အပြင် ဘက်စုံသုံးနိုင်တဲ့ ကွင်းလယ် ကစားသမား တစ်ဦး ကိုပါ ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ကစားသမား တစ်ဦး ကတော့ ရီးရဲလ် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ဖြစ်ပါတယ်။ အာဆင်နယ်က ဇူဘီမန်ဒီ အတွက် လျော်ကြေး ပေါင် ၅၁ သန်းကို ပေးချေဖို့ အစီအစဉ် ရှိနေပြီး ပုဂ္ဂိုလ်ရေး အရလည်း သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဂန်းနားတွေက နီကို ဝီလီယမ်စ်နဲ့ ယိုအန် ဂါစီယာ တို့ကိုလည်း စောင့်ကြည့်လျက် ရှိနေပြီးတော့ နယူးကာဆယ်က ဂီမာရေးစ်နဲ့ အလက်ဇန္တား အိဆက်ခ် တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က အိဆက်ခ်ကို ခေါ်ယူဖို့ အခက်အခဲ ရှိနိုင်တာကြောင့် လိုက်ပ်ဇစ်က ဆက်စ်ကို ကိုပါ ပစ်မှတ် အဖြစ် သတ်မှတ် စောင့်ကြည့်နေပါသေးတယ်။ ဆက်စ်ကို ကလည်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် အကယ်၍ အာဆင်နယ် အနေနဲ့ အိဆက်ခ် ကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ ဆက်စ်ကို ကိုသာ ပြောင်းလဲ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဝုဗ်နဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့တဲ့ မားသီးယပ်စ် ကူညာ ကလည်း အာဆင်နယ်ရဲ့ ပစ်မှတ် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်က လာမယ့် နွေရာသီမှာ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ဝေးကွာနေတဲ့ အောင်မြင်မှုတွေကို ပြန်လည် ရယူဖို့ ကြိုးပပ်းနေတာ ဖြစ်ပါတယ်။ ဘာတာလို ထက်မြတ်တဲ့ အားကစားဒါရိုက်တာကို ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ကစားသမား ခေါ်ယူမှုတွေ အတွက် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ အာဆင်နယ်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း တဖြည်းဖြည်းချင်း တည်ဆောက်လာခဲ့ပေမယ့် တခြားသော အဓိက ပြိုင်ဘက်တွေနဲ့ လူစာရင်းချင်း နှိုင်းယှဉ်ရင် တစ်ဆင့် နိမ့်တဲ့ အခြေအနေမှာသာ ရှိနေပါသေးတယ်။ လက်ရှိ မှာတော့ အာဆင်နယ် အသင်း ပိုင်ရှင် ခရွန်ကီ တို့က အာဆင်နယ်ကို အင်္ဂလန်နဲ့ ဥရောပမှာ ဆုဖလားတွေ အတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ကြိုးပပ်းနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.