နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗီလာပါ့ခ် ကျိန်စာဆိုးက ရုန်းမထွက်နိုင်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် အတွက် စိုးရိမ်စရာ ရှိလာတဲ့ အာဆင်နယ်

အခုတစ်ပတ် မနေ့က အစောဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အက်စတွန်ဗီလာက အာဆင်နယ်ကို ဗီလာပါ့ခ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ဗီလာပါ့ခ် ကျိန်စာဆိုး ထပ်မိခဲ့ပြီးတော့ အူနိုင်း အမ်မရီရဲ့ အသင်းနဲ့ တွေ့မှ ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲ မရှိမှုလည်း ရပ်တန့်သွားခဲ့ပါတယ်။

ဒီပွဲကို အက်စတွန်ဗီလာက လူစာရင်း အပြည့်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ် ဘက်မှာတော့ ခံစစ် ကစားသမား ၃ ဦး ဖြစ်တဲ့ ဂါဘရီရယ်၊ ဆလီဘာ၊ မော့စ်ကွဲယား တို့ အပြင် ကိုင်ဟာဗက်ဇ်လည်း လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ဗဟိုခံစစ် နေရာမှာ တင်ဘာ ပွဲထွက်လာခဲ့ပြီး ဟင်ကပ်ပီယေနဲ့ တွဲဖက် ကစားခဲ့ပါတယ်။ တိုက်စစ်မှာတော့ မာရင်နို၊ ဆာကာနဲ့ အက်ဇေးတို့ ပါဝင်ခဲ့သလို ကွင်းလယ် မှာတော့ ရိုက်စ်၊ ဇူဘီမန်ဒီနဲ့ အိုဒီဂတ် တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ပွဲစကတည်းက ဗီလာက အာဆင်နယ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီးတော့ အဖွင့်ဂိုးကို ၃၆ မိနစ်မှာ မက်တီ ကတ်ရှ်က သွင်းယူပေးခဲ့ပါတယ်။ ကတ်ရှ် အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ မန်စီးတီး ဘက်ကို ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ် အတွက် ချေပဂိုး ကိုတော့ ဒုတိယပိုင်း ၅၂ မိနစ်မှာ လူစားဝင် တောင်ပံ တိုက်စစ် ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်က သွင်းယူပေးခဲ့ပါတယ်။ ထရော့ဆက်ဒ် အနေနဲ့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ ပြည့်မြောက်သွားခဲ့ပြီး ကီဗင် ဒီဘရွန်းနား (၇၂ ဂိုး)၊ အီဒင် ဟာဇက် (၈၅ ဂိုး)၊ ခရစ္စတီယန် ဘန်တီကီ (၈၆ ဂိုး)၊ ရိုမယ်လူ လူကာကူ (၁၂၁ ဂိုး) တို့ ပြီးရင် ပရီးမီးယားလိဂ်မှာ ဂိုး ၅၀ သွင်းယူနိုင်တဲ့ ၅ ဦးမြောက် ဘယ်လ်ဂျီယံ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထရော့ဆက်ဒ် အနေနဲ့ ကတော့ သူဂိုးသွင်းတဲ့ ပွဲတိုင်း အာဆင်နယ်တို့ ရှုံးပွဲ မရှိတဲ့ မှတ်တမ်းကောင်းက ၃၃ ပွဲမြောက်မှာ ရပ်တန့်သွားခဲ့ရပြီ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အက်စတွန်ဗီလာကို ပရီးမီးယားလိဂ်မှာ ၆ ပွဲ ကြိမ်မြောက် ရှုံးနိမ့်ခဲ့ပြီး မန်စီးတီး (၇ ပွဲ) ပြီးရင် အက်စတွန်ဗီလာကို ဒုတိယမြောက် ပွဲအများဆုံး အရှုံးပေးထားခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲ အထိ အနိုင်ရခဲ့တဲ့ အက်စတွန်ဗီလာ

ပွဲပြီးခါနီးအထိ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်း ၈၇ မိနစ်မှ လူစားဝင်လာတဲ့ တိုက်စစ် ကစားသမား ဘူအမ်ဒီယာက အက်စတွန်ဗီလာ အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၉၄ မိနစ် ၃ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဘူအမ်ဒီယာရဲ့ သွင်းဂိုးဟာ ၂၀၂၀ ဇွန်လတုန်းက ဘရိုက်တန် ကစားသမား မူပေး သွင်းယူခဲ့တဲ့ဂိုး နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ အာဆင်နယ် ဘက်ကို ဒုတိယမြောက် နောက်အကျဆုံး အနိုင်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘူအမ်ဒီယာဟာ စပါးကို အနိုင်ရတဲ့ ပွဲတုန်းကလည်း လူစားဝင်ပြီးတော့ အနိုင်ဂိုး သွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုး အများဆုံး သွင်းယူထားတဲ့ အက်စတွန်ဗီလာ ကစားသမား အဖြစ် ၄ ဂိုးနဲ့ ရပ်တည်နေခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် အက်စတွန်ဗီလာက ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲ အထိ အနိုင်ရခဲ့ပြီး ၁၉၁၉ ဒီဇင်ဘာ နောက်ပိုင်း အင်္ဂလန် အဆင့်မြင့်တန်း ပြိုင်ပွဲမှာ ၁၀ ပွဲ ကစား၊ ၉ ပွဲ အနိုင်ရခဲ့တာက နှစ်ပေါင်း ၁၀၀ ကျော် အတွင်း အက်စတွန်ဗီလာ အတွက် ပထမဦးဆုံးလည်း ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အက်စတွန်ဗီလာကို ပရီးမီးယားလိဂ်မှာ ၆ ပွဲ ကြိမ်မြောက် ရှုံးနိမ့်ခဲ့ပြီး မန်စီးတီး (၇ ပွဲ) ပြီးရင် အက်စတွန်ဗီလာကို ဒုတိယမြောက် ပွဲအများဆုံး အရှုံးပေးထားခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ရှုံးပွဲ ကြုံခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အဆင့် ၂ နေရာက မန်စီးတီးကို ၂ မှတ်သာ ဖြတ်ထားနိုင်ခဲ့သလို ဗီလာ ကိုတော့ ၃ မှတ်သာ ဖြတ်ထားနိုင်ပြီး ရမှတ် ကွာဟချက်တွေ ကျဉ်းမြောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်