နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ အင်္ဂလန် တိုက်စစ် ကြယ်ပွင့် ဂေါ်ဒွန်ဟာ လက်ရှိမှာ ထိပ်တန်း ကလပ် အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး လာမယ့် နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ အသင်း အများအပြားက ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆိုရင် ချဲလ်ဆီး အသင်း ဟာလည်း ဂေါ်ဒွန်ကို ခေါ်ယူမယ့် အသင်းတွေ စာရင်းမှာ အပြိုင်အဆိုင် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အလယ်အလတ် ကလပ် နယူးကာဆယ်ဟာ နည်းပြ အက်ဒီ ဟောင်းဝ် လက်အောက်မှာ တိုးတက်မှု မရှိပဲ ရပ်တန့်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နှောင်းပိုင်းမှာ ကြယ်ပွင့် တိုက်စစ်မှူး အလက်ဇန္ဒား အိဆက်ခ်ကို လက်လွှတ်ခဲ့ရပြီးနောက် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးပမ်းမှုဟာ ယနေ့ အထိ ကျရှုံးနေဆဲ ဖြစ်ပါတယ်။ အမှန်တကယ် မှာတော့ ပြီးခဲ့သည့် ၁၂ လခန့် ကမှ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားတဲ့ ယိုအာနေး ဝစ်ဆာ ဆိုရင် အသင်း ကနေ ပြန်လည် ထွက်ခွာချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နယူးကာဆယ် အနေနဲ့ ၂၀၂၆-၂၇ ရာသီမတိုင်မီ အသင်းကို ပြန်လည် တည်ဆောက်လိုရင်တော့ သင့်တော်တဲ့ အစားထိုး ကစားသမားတွေ ခေါ်ယူဖို့ အချိန်ရစေရေး အတွက် ကစားသမားတွေကို စောစောစီးစီး ရောင်းချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆန်ဒရို တိုနာလီနဲ့ ဘရူနို ဂီမာရေ့စ် တို့ကလည်း တခြား ကလပ်တွေက မျက်စိကျနေတဲ့ ကစားသမားတွေ ဖြစ်ပေမယ့်လည်း လက်ရှိမှာ ဂေါ်ဒွန်က အသင်း ကနေ ထွက်ခွာဖို့ အသေချာဆုံး ဖြစ်နေပြီး အသင်းများစွာ ကလည်း သူ့ကို ခေါ်ယူဖို့ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
ဂေါ်ဒွန်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲသို့ ချဲလ်ဆီး ဝင်ရောက်လာခြင်း
နယူးကာဆယ် ကတော့ ၂၀၂၃ ခုနှစ်မှာ အဲဗာတန် ကနေ အန်သိုနီ ဂေါ်ဒွန်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်၍ ဒီနွေရာသီမှာ အရောင်းအဝယ် ဖြစ်ခဲ့ရင်တော့ အမြတ်အစွန်း အများအပြား ရရှိလိမ့်မယ်လို့ နယူးကာဆယ်က ယုံကြည်နေပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရှိနေတဲ့ နယူးကာဆယ် တို့က သူတို့ရဲ့ အသင်းက ဂိုးသွင်း အများဆုံး ကစားသမား အတွက် ပေါင် ၇၅ သန်း အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။
အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ဟာ ဂေါ်ဒွန်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုအခါ The Athletic သတင်းဌာနက ချဲလ်ဆီးပါ ပါဝင်လာကြောင်း ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ မူဝါဒ အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှု များစွာ ရှိနေပြီး ပူးတွဲပိုင်ရှင် ဘီဒတ် အီဘလီ ကတော့ မူဝါဒ အပြောင်းအလဲတွေ ရှိလာနိုင်ကြောင်း မကြာသေးမီက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဂေါ်ဒွန်လိုမျိုး ကစားသမားကို ငွေကြေးအမြောက်အမြားသုံးကာ ခေါ်ယူခြင်းဟာ အတွေ့အကြုံ နည်းတဲ့ လူငယ်တွေအစား “အဆင့်သင့်သုံး” နိုင်တဲ့ ကြယ်ပွင့်တွေ ခေါ်ယူမယ် ဆိုတဲ့ အီဘလီရဲ့ ပြောကြားချက်နဲ့ ကိုက်ညီနေပါတယ်။ ချဲလ်ဆီးဟာ ဘယ်တောင်ပံ နေရာကို အားဖြည့်ဖို့ လိုအပ်နေပေမယ့်လည်း ဂေါ်ဒွန်ကို ခေါ်ယူနိုင်ဖို့က သူတို့ အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရ၊ မရ အပေါ်မှာ မူတည်နေပါတယ်။
ဂေါ်ဒွန် ဘာကြောင့် ရေပန်းစားနေသလဲ
လွန်ခဲ့တဲ့ ၃ နှစ်က နယူးကာဆယ်ဟာ ဂေါ်ဒွန်ကို အခုလောက် များတဲ့ ငွေကြေး အသုံးပြု ခေါ်ယူခဲ့စဉ်က လူအများစုက လှောင်ပြောင်ခဲ့ကြပေမယ့်လည်း လက်ရှိမှာ ဂေါ်ဒွန်ကို အသင်းကြီးတွေက ဝိုင်းပြီး စိတ်ဝင်စားနေခြင်းက အံ့အားသင့်စရာ ဖြစ်နေပါတယ်။
စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပထမဆုံး ရာသီ အပြည့် ကစားစဉ်က ဂိုးပါဝင် ပတ်သက်မှု ၂၁ ကြိမ် ရှိခဲ့ပေမယ့်လည်း ပြည်တွင်းလိဂ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၁၀ ဂိုး သွင်းယူပေးထားပြီး နယူးကာဆယ် ၁၆ သင်း အဆင့်မှာ ပြုတ်မသွားခင် အထိ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်က ဂေါ်ဒွန်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက အခုလို ချီးကျူးခဲ့ဖူးပါတယ်။ “ဂေါ်ဒွန်ဟာ တိုက်ရိုက် ထိုးဖောက် ကစားတတ်တဲ့ ကစားသမားပါ။ ဒါဟာ သူ့ရဲ့ အကြီးမားဆုံး ခွန်အားပဲ။ သူဟာ ပြင်းအား အပြည့်နဲ့ ထပ်ခါထပ်ခါ ပြေးလွှားနိုင်သလို စွမ်းအင် အပြည့်နဲ့ ကစားနိုင်တာက အရမ်းကောင်းတဲ့ အချက်ပါ” လို့ တူချယ်က ဆိုပါတယ်။
ဂေါ်ဒွန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘာစီလိုနာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ပွဲထွက်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်လာဖွယ် ရှိနေပြီး ဒီနွေရာသီမှာ သူ့ရဲ့ ကစားသမား ဘဝ အတွက် အလှည့်အပြောင်း ဖြစ်လာနိုင်ပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


