နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ် ကစားသမား ခေါ်ယူဖို့ စတင် ကြိုးပမ်းလာတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အဓိက တိုက်စစ်ကစားသမား နှစ်ဦး ဒဏ်ရာရရှိနေခြင်းနဲ့ အတူ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကိုယ်တိုင် ကလည်း အသင်းက တိုက်စစ်မှူး အားဖြည်းဖို့ လိုအပ်ကြောင်း ဝန်ခံထားပြီး လက်ရှိ အပြောင်းအရွှေ့မှာပဲ အာဆင်နယ်က ကစားသမားသစ် ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ဘင်ဂျာမင် ဆက်စ်ကို၊ အလက်ဇန္တား အိဆက်ခ်၊ ဒူဆန် ဗလာဟိုဗစ်၊ ဗစ်တာ ယိုကီးရက်စ်၊ နီကို ဝီလီယမ်စ်၊ အမ်ဘွမ်မို တို့လို ကစားသမားတွေ ချိန်ရွယ်နေပေမယ့် သတင်းတွေ ကတော့ အတည်ပြုလို့ မရသေးပါဘူး။ ဒီအချိန်မှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်က အာဆင်နယ်ဟာ သူတို့ အလိုအပ်ဆုံး အထောင် တိုက်စစ် နေရာ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်က ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီမာကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ဖာဒီနန်က သူဆိုရင်တော့ လက်ရှိ အခြေအနေမျိုးမှာ ဘန်ဇီမာကို ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်မှာ ဖြစ်ကြောင်း TNT Sports မှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်သားကြီးက လက်တလော အဲလ်အစ်တီဟတ် အတွက် ခြေစွမ်းပြနေသူ ဖြစ်သလို ဆော်ဒီပရိုလိဂ် ကလည်း လက်ကျန် ရာသီဝက် ပြန်လည် စတင်နေပြီ ဖြစ်လို့ အငှားနဲ့ ခေါ်ယူဖို့ ကတော့ မဖြစ်နိုင်တဲ့ အခြေအနေပါ။

အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီးတော့ လစ်ဗာပူးလ်ထက် တစ်ပွဲပိုကစားပြီး ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေပါတယ်။
အမှတ်ပေးဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၄ မှတ် ကွာဟနေတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ လက်ရှိ တိုက်စစ် ကစားသမားတွေထဲမှာ ဂါဘရီရယ် ဂျေဇုစ်က ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်သလို အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဘူကာယို ဆာကာ ကလည်း ဒဏ်ရာကြောင့် ရက်သတ္တပတ် အတော်ကြာ အနားယူနေရဦးမှာပါ။ ဒါ့အပြင် အထောင် တိုက်စစ်မှူး အဖြစ် အသုံးပြုနေရတဲ့ ကိုင်ဟာဗက်ဇ် ကလည်း ခြေစွမ်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ 

သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်က ပြီးခဲ့တဲ့ ရက်ကပဲ ဥရောပထိပ်တန်း ကလပ်တွေက တိုက်စစ် ကစားသမား အများအပြားကို ဆက်သွယ် မေးမြန်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူချင်ခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေပါတယ်။ ဂန်းနားတွေက အငှား + အပြီးသတ် ခေါ်ယူခွင့် တိုနဲ့ စတင် ဆွေးနွေးခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ကတော့ ဆက်စ်ကိုက ရာသီကုန် အထိ လိုက်ပ်ဇစ်မှာပဲ ဆက်ရှိနေမယ်လို့ တုန့်ပြန်ထားပါတယ်။ 

ဒါကြောင့် အာဆင်နယ်က ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်၊ အမ်ဘွမ်မို တို့ဘက် လှည့်လာခဲ့ပြီး ဘယ်ကစားသမားကို အရ ခေါ်ယူသွားမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပရိသတ်‌ တချို့ ကတော့ ပရီးမီးယားလိဂ် နဲ့ အသားကျနေတဲ့ တိုက်စစ်မှူး အမ်ဘွမ်မိုကို ပိုမို ခေါ်ယူစေချင်နေကြပါတယ်။အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီးတော့ လစ်ဗာပူးလ်ထက် တစ်ပွဲပိုကစားပြီး ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေပါတယ်။ လက်ရှိ မီခဲလ် အာတေးတား အသင်းရဲ့ အဓိက အားနည်းချက်က တိုက်စစ်ပိုင်း ဖြစ်ပြီး ဒီအားနည်းချက်ကိုသာ အချိန်မှီ မပြင်ဆင်နိုင်ရင်တော့ ချန်ပီယံဆုနဲ့ ထပ်မံ ဝေးကွာရဦးမှာ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်