လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၅၊ စနေနေ့ညက နောက်ကျပွဲ အဖြစ် လစ်ဗာပူးလ်တို့ လိဒ်စ်ယူနိုက်တက်ကို အယ်လန်ရုတ်ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူပြီး အမြင့်ပျံနေတဲ့ လိဒ်စ်ကို အဘက်ဘက်မှာ ယိုင်နဲ့နေတဲ့ လစ်ဗာပူးလ်တို့ အသာရသွားမလား၊ ဒါမှမဟုတ် ထပ်ပြီး ရုန်းကန်သွားရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရှုံးပွဲတွေ ဆက်နေတဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေလည်း ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ အများဆုံး၊ ပေးဂိုး အများဆုံး အသင်းတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီး ခြေစွမ်း ကလည်း မတည်ငြိမ်သေးပါဘူး။ တစ်ခု ရှိတာက လိဒ်စ်ဟာ ထိပ်သီး ပြိုင်ဘက်တွေကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့တာ ကိုတော့ ဗီလာ၊ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့နဲ့ ပွဲတွေကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
လစ်ဗာပူးလ် ကတော့ အထက်မှာ ပြောခဲ့တဲ့ အတိုင်း နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲထက် ရှုံးပွဲတွေ များနေပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၇ ပွဲ ရှိထားသလို ရှုံးပွဲ ကလည်း ၆ ပွဲ အထိ ရှိထားပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက လက်ရှိ ချန်ပီယံ ဖြစ်ပေမယ့် သမိုင်းတလျှောက် ချန်ပီယံဘွဲ့ ကာကွယ်တဲ့ အသင်းတွေထဲမှာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ပွဲမှာ ဆန်းဒါးလန်းကို နောက်ကနေ လိုက်ကစားခဲ့ရပြီး သရေ တစ်မှတ် ရအောင် မနည်းယူခဲ့ရတာ ဖြစ်လို့ ဒီပွဲမှာ အများကြီး မျှော်လင့်ထားလို့တော မရပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ လိဒ်စ်ယူနိုက်တက် ဘက်က ရှောင် လောင်းစတက်ဖ် တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ဘက်မှာတော့ ကော်နာ ဘရက်ဒ်လီ၊ ဂျီယိုဗန်နီ လီယွန်နီ၊ ဂျရယ်မီ ဖရင်မ်ပေါင်၊ ဘက်ဂျ်စီတစ် တို့ လွဲချော်ပါမယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လိဒ်စ်ယူနိုက်တက် – ပါရီ၊ ရွန်ဒွန်၊ ဘီဂျိုးလ်၊ စထျောက်ခ်၊ ဘိုဂဲလ်၊ စတက်ချ်၊ ဂရူအက်ဗ်၊ အမ်ပါဒူ၊ ဂတ်ဒ်မန်ဆန်၊ ပိုင်ရိုးဝ်၊ အိုကာဖော

လစ်ဗာပူးလ် – အလီဆွန်၊ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ချ်၊ ဂျုန်းစ်၊ ဆာလာ၊ ဝစ်ဇ်၊ ခီယေဇာ၊ အစ်ကီတီကီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၇ ကြိမ် တွေ့ဆုံမှုမှာ လိဒ်စ်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂၀၂၂ က အန်ဖီးလ်မှာ ဖြစ်ပါတယ်။ ကျန်တွေ့ဆုံမှုတွေ မှာတော့ လစ်ဗာပူးလ်က ၅ ကြိမ် အထိ အနိုင်ရထားတာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ လစ်ဗာပူးလ်က ၄ ကြိမ် နိုင်ပြီး လိဒ်စ်က ၁ ကြိမ် အနိုင်ရကာ ၁ ကြိမ် သရေကျခဲ့ပါတယ်။ အယ်လန်ရုတ်ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၂ ကြိမ် အနိုင်ရပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လိဒ်စ်ယူနိုက်တက် နိုင်ရင် ၃.၅၇ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၁.၈၉ ဆ၊ သရေ ဆိုရင်တော့ ၃.၄၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ကြေးဖွင့်ပေးထားပါတယ်။ ဒဏ်ရာ ပြဿနာတွေ ရှိနေတဲ့ လက်ရှိ ချန်ပီယံတွေ အနေနဲ့ အယ်လန်ရုတ်ဒ်မှာ အသာရနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတက်ဘက်ကို ရောက်နေတဲ့ အခြေအနေကြောင့် လစ်ဗာပူးလ်တို့ ရုန်းကန်ရဖို့ များနေပါတယ်။ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျဖို့ များတဲ့ ပွဲပါ။
ခန့်မှန်းရလဒ်
လိဒ်စ်ယူနိုက်တက် ၂-၂ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


