မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ သူတို့ရဲ့ အိမ်ကွင်းသစ်ကို စနေနေ့က အော်စတင် အက်ဖ်စီနဲ့ ပွဲစဉ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ ကတော့ သူ့ရဲ့ အိမ်ကွင်းသစ်မှာ အသားကျဖို့ အတွက် ၁၀ မိနစ်တောင် အချိန်မယူခဲ့ရပါဘူး။
အင်တာမိုင်ယာမီဟာ စနေနေ့က အော်စတင်အက်ဖ်စီနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ သူတို့ရဲ့ အမြဲတမ်း အိမ်ကွင်း ဖြစ်တဲ့ Nu Stadium ကို စတင် အသုံးပြုခဲ့တာပါ။ ပွဲချိန် ၆ မိနစ်မှာ အော်စတင်အက်ဖ်စီက ဂွီဟာမီ ဘီရိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် မက်ဆီ ကတော့ Nu Stadium မှာ ပထမဆုံး ဂိုးသွင်းယူနိုင်တဲ့ အင်တာမိုင်ယာမီ ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသက် ၃၈ နှစ် အရွယ် အာဂျင်တီးနား စူပါစတားဟာ ၉ မိနစ်မှာ အီယန် ဖရေးရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီး ကွင်းသစ်မှာ သူ့ရဲ့ အမည်ကို ဒုတိယအကြိမ်မြောက် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ဒီတစ်ပတ် အစောပိုင်းကပဲ Nu Stadium ဟာ မက်ဆီကို ဂုဏ်ပြုတဲ့ အနေနဲ့ “ Leo Messi Stand” လို့ အမည်ပေးထားတဲ့ ပွဲကြည့်စင် တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ ကစားနေဆဲ အားကစားသမား တစ်ဦးရဲ့ အမည်ကို အိမ်ကွင်း ပွဲကြည့်စင်မှာ ဂုဏ်ပြု မှတ်တမ်းတင် ခေါ်ဝေါ်ခံရတာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

မက်ဆီ ဂိုးသွင်းယူလိုက်ချိန် မှာတော့ ပရိသတ် ၂၆,၇၀၀ ဆံ့တဲ့ ကွင်းကြီး အတွင်းမှာ အောင်ပွဲခံသံတွေ ဟိန်းထွက်သွားခဲ့ပြီး ပန်းရောင် မီးခိုးငွေ့တွေ ကလည်း ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဒီတော့ မေးခွန်းထုတ်စရာ ရှိတာက Nu Stadium ဟာ မက်ဆီရဲ့ နောက်ဆုံး အိမ်ကွင်း ဖြစ်လာမလား ဆိုတာပါပဲ။ Nu Stadium ဟာ မက်ဆီရဲ့ ကစားသမားဘဝ တစ်လျှောက် စတုတ္ထမြောက် အိမ်ကွင်း ဖြစ်ပြီး ဒါဟာ သူ့ရဲ့ နောက်ဆုံး အိမ်ကွင်းလည်း ဖြစ်လာနိုင်ပါတယ်။ ဘယ်လွန်ဒေါ ၈ ကြိမ်ရ မက်ဆီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အင်တာမိုင်ယာမီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၂၈ ခုနှစ် အထိ ဖလော်ရီဒါ တောင်ပိုင်းမှာ ဆက်ရှိနေမှာပါ။ တကယ်လို့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် အထိ ဆက်ကစားမယ် ဆိုရင် ဒီဘောလုံး ဂန္ထဝင်ဟာ အသက် ၄၁ နှစ် ရှိနေမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကြယ်ပွင့်ဟောင်း မက်ဆီဟာ နာမည်ကျော် နူးကမ့်ပ်ကွင်းမှာ ၁၇ နှစ်ကြာ (၂၀၀၄-၂၁) အိမ်ကွင်း အဖြစ် ကစားခဲ့ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီမှာ ၂ ရာသီ (၂၀၂၁-၂၃) ကြာ ပါ့ခ် ဒက်စ် ပရင့်စ် ကွင်းကို အသုံးပြုခဲ့ပြီး ၂၀၂၃ မှာ အမေရိကန် မေဂျာလိဂ်ဆီ ရောက်ရှိလာခဲ့တာပါ။
စနေနေ့ မတိုင်ခင်အထိ အင်တာမိုင်ယာမီဟာ ဖော့တ်လော့ဒါဒေးလ်မှာ ရှိတဲ့ ပရိသတ် ၂၁,၅၀၀ ဆံ့ Chase Stadium ကို ယာယီ အိမ်ကွင်း အဖြစ် အသုံးပြုခဲ့ရတာပါ။ အခုဆိုရင်တော့ အင်တာမိုင်ယာမီဟာ ၆ ရာသီ အကြာမှာ မိုင်ယာမီ မြို့လယ်ခေါင်က Miami Freedom Park အတွင်းမှာ ရှိပြီး မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ကပ်လျက် တည်ရှိတဲ့ Nu Stadium ဆီကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
အင်္ဂလန် ဘောလုံး ဂန္ထဝင်နဲ့ အင်တာမိုင်ယာမီ အသင်း ပိုင်ရှင် ဒေးဗစ် ဘက်ခမ်း ၂၀၂၃ မှာ စတင် ပန္နက်ချခဲ့တဲ့ ဒီကွင်းဟာ မေဂျာလိဂ်ရဲ့ ၂၂ ကွင်းမြောက် ဘောလုံး သီးသန့်ကွင်း ဖြစ်လာပါတယ်။ ဒါဟာ အမေရိကန်မှာ ဘောလုံး အားကစား ပိုမို အရေးပါလာတာကို ပြသနေပြီး၊ ဒါဟာ ၂၀၀၇ ခုနှစ် ကတည်းက ဘက်ခမ်းရဲ့ ကြိုးပမ်းမှုတွေနဲ့ မက်ဆီ ရောက်ရှိလာမှု တို့ကြောင့် ဖြစ်လာတဲ့ ရလဒ် တစ်ခုလည်း ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


