နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ခြေ မှတ်ချက်တွေ အပေါ် ဝေဖန်မှုကို ပြန်လည် တုံ့ပြန်လိုက်တဲ့ ရိုဒရီ | လာလီဂါ

မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းလာရင် ငြင်းပယ်ဖို့ ခက်ခဲလိမ့်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားခဲ့တဲ့ အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ရိုဒရီက သူရဲ့ စကားတွေကို သဘောမကျ ဖြစ်နေသူတွေ အနေနဲ့ အင်တာဗျူး တစ်ခုလုံးကို အစအဆုံး နားထောင်ကြည့်ဖို့လည်း တုန့်ပြန်သွားခဲ့ပါတယ်။

မန်စီးတီး ကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေမှာ ရိုဒရီရဲ့ နာမည်က အမြဲတမ်း ပါဝင်နေလေ့ ရှိပါတယ်။ ဒီတစ်ပတ် အစောပိုင်း ကလည်း သူဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတာက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတွက် အဟန့်အတား ဖြစ်လာမှာ မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ရိုဒရီက “ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေ ထဲက တစ်သင်းကို ခင်ဗျားတို့ ငြင်းပယ်လို့ မရပါဘူး။ ရီးရဲလ်မက်ဒရစ် ဆိုတာ အမြဲတမ်း ရီးရဲလ်မက်ဒရစ်ပါပဲ။ (ပြောင်းရွှေ့ဖို့) တံခါး ကတော့ ပိတ်မထားပါဘူး။” လို့ ဆိုပါတယ်။

ဒီမှတ်ချက်တွေကြောင့် ရိုဒရီဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိခဲ့သလို၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာ မန်စီးတီးကို ဖြုတ်ချနိုင်ခဲ့တဲ့ အသင်းနဲ့ ပတ်သက်ပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦးက အခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာကြောင့် မန်စီးတီး ပရိသတ်တွေကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါပေမယ့် စပိန်က ဆားဘီးယားကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲအပြီး မှာတော့ ရိုဒရီက သူ့စကားတွေကို လူတွေက အခြေအနေထက် ပိုချဲ့ကားနေကြတာလို့ ရယ်မောရင်း တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော် ကတော့ ဒါတွေနဲ့ ရိုးနေပါပြီ။ ၅၀ မိနစ်စာ အင်တာဗျူးထဲ ကနေ သူတို့ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ထုတ် ဖော်ပြနေကြတာ ဆိုတော့ ကျွန်တော်လည်း ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။ ကျွန်တော်က စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူပါ။ အပိုင်းအစလေးတွေပဲ နားမထောင်ဘဲ အင်တာဗျူး တစ်ခုလုံးကို အစအဆုံး နားထောင်ကြည့်ရင် သိပါလိမ့်မယ်။” လို့ ရိုဒရီက ဆိုပါတယ်။

ဒီတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ရိုဒရီကို အမှန်တကယ်ပဲ ခေါ်ယူမှာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။
တခြားသော ပစ်မှတ်တွေထက် ဈေးသက်သာမယ့် ရိုဒရီကို ဦးစားပေး ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ဒီတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ရိုဒရီကို အမှန်တကယ်ပဲ ခေါ်ယူမှာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ လူကာ မိုဒရစ်နဲ့ တိုနီ ခရုးစ် တို့လို ဝါရင့် ကွင်းလယ်လူတွေ ထွက်ခွာသွားပြီး နောက်ပိုင်း ရီးရဲလ်မက်ဒရစ်က ကွင်းလယ်မှာ ကစားကွက် ထိန်းကျောင်းပေးနိုင်မယ့် ကစားသမားသစ် တစ်ဦးကို အသည်းအသန် ရှာဖွေနေတာ အားလုံး အသိပါ။ ရီးရဲလ်က ပြီးခဲ့တဲ့ နွေရာသီက သင့်တော်တဲ့သူ မရှာဖွေနိုင်ခဲ့တာကြောင့် ဒီနှစ် မှာတော့ အင်အား ဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရိုဒရီဟာ ရီးရဲလ်မက်ဒရစ် အတွက် အာမခံချက် အရှိဆုံး အဆင့်မြင့် ကစားသမား ဖြစ်သလို၊ လာလီဂါ အတွေ့အကြုံလည်း ရှိပြီးသားပါ။ ဒါပေမယ့် အဓိက စိုးရိမ်စရာကတော့ သူရဲ့ ACL ဒဏ်ရာ အခြေအနေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီအစမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရိုဒရီရဲ့ ခြေစွမ်းဟာ ၂၀၂၄ ဘယ်လွန်ဒေါဆု ရခဲ့စဉ်က အဆင့်အတန်းမျိုး ပြန်ရောက်၊ မရောက် ဆိုတာကို မက်ဒရစ် တာဝန်ရှိသူတွေက သံသယရှိနေဆဲပါ။

တဖက်မှာလည်း တခြားသော ပစ်မှတ်တွေ ဖြစ်တဲ့ ချဲလ်ဆီးရဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ လစ်ဗာပူးလ်ရဲ့ အလက်ဆစ် မက်အယ်လစ္စတာ တို့ဟာ ဒဏ်ရာ ရာဇဝင် ပိုကောင်းပေမယ့် ပြောင်းရွှေ့ကြေး အလွန်မြင့်မားနေနိုင်လို့ ရီးရဲလ်တို့ အခက်တွေ့နေရပါတယ်။ ရိုဒရီ ကတော့ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲ ရောက်တော့မှာ ဖြစ်တဲ့ အတွက် ပြောင်းရွှေ့ကြေး သိပ်မများနိုင်တာက မက်ဒရစ် အတွက် အားသာချက်ပါ။

စပိန်က လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရိုဒရီရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ သူသာ အကောင်းဆုံးပုံစံ ပြန်ရနေပြီ ဆိုရင်တော့ ပြိုင်ပွဲ အပြီးမှာ ကမ်းလှမ်းမှု တန်းလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်