လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီ ဈေးကွက်မှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း TEAMtalk က ဖော်ပြလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုနီ ခရူးစ်ကို လက်လွှတ်ထားခဲ့ရသလို လာမယ့် နွေရာသီ မှာလည်း အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ လူကာ မိုဒရစ် နဲ့လည်း လမ်းခွဲဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ပြင်သစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီ ကိုပါ အသင်း ကနေ ရောင်းထုတ်သွားချင်နေတာကြောင့် ကွင်းလယ်ပိုင်း မဖြစ်မနေ အင်လား ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာပါ။ ဒါကြောင့် လက်ရှိ မှာတော့ လာလီဂါ ကလပ်က ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား အသင်းရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ကို မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အန်ဇို ဖာနန်ဒက်ဇ်က ကွင်းလယ် ခံစစ်နဲ့ ကွင်းလယ် တိုက်စစ် နှစ်နေရာလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားကာ ၅ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးထားပေးထားပါတယ်။ အန်ဇို ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးနဲ့ ၂၀၃၂ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားသူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် လွယ်ကူဖို့တော့ မရှိပါဘူး။ အန်ဇိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ဘင်ဖီကာ ကနေ ချဲလ်ဆီးကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတော့ ချဲလ်ဆီး အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ရှိနေခဲ့တာပါ။
သတင်းတွေအရ ဆိုရင်တော့ လာလီဂါ ကလပ်က အန်ဇို ဖာနန်ဒက်ဇ်ကို အာဂျင်တီးနား ကလပ် ရေးဗားပလိတ်နဲ့ ဘင်ဖီကာမှာ ကစားစဉ်ကတည်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေအရ ရီးရဲလ်မက်ဒရစ် အနေနဲ့ အန်ဇိုကို ခေါ်ယူဖို့ လုံးဝ မလွယ်ကူသလို ကစားသမား ကိုယ်တိုင် ကလည်း ချဲလ်ဆီး မှာသာ နောက်ထပ် နှစ်တော်တော်များများ ဆက်လက် ကစားချင်နေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းတွေအရ ဆိုရင် ချဲလ်ဆီးက လာမယ့် နွေရာသီမှာ အသင်းရဲ့ ကစားသမား ၈ ဦးလောက်ကို ရှင်းထုတ်ဖွယ် ရှိနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ကန်ဒါနဲ့ ကွင်းလယ်လူ အီဆူဂို တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားသစ်တွေ ထပ်မံ အားဖြည့် ခေါ်ယူ စီစဉ်နေသလို၊ အသင်းမှာ နေရာ မပေးနိုင်တဲ့ ကစားသမားတွေ ကိုလည်း ရှင်းထုတ်သွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ သေချာပေါက် လမ်းခွဲရဖို့ ရှိနေတဲ့ ကစားသမားတွေ အထဲ မှာတော့ လက်ရှိမှာ အငှားထွက်ကစားခဲ့တဲ့ ဂိုးသမား ကီပါနဲ့ နောက်ခံလူ ဒီဆာဆီတို့ ပါဝင်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အသင်း ပိုင်ရှင် တော့ဒ် ဘိုလေ စတင် ကိုင်တွယ်ချိန်က စလို့ ကစားသမား များစွာကို ဝယ်ယူခဲ့ပြီးတော့ လက်ရှိမှာတော့ အသင်း အတွက် အဆင်မပြေတဲ့ ကစားသမားတွေကို ဖြည်းဖြည်းချင်း ရှင်းထုတ်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.