ကီလီယန် အမ်ဘာပေး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းချက် တစ်ခုထဲကိုပဲ အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အမ်ဘာပေးက သူ့ရဲ့ ကလပ်ဟောင်း ပီအက်စ်ဂျီကို ဆုမွန်ကောင်း တောင်းပေးခဲ့ချိန်မှာ အခုလိုပဲ ကြုံးဝါး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အမ်ဘာပေးရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပွဲဦးထွက် ဘောလုံးရာသီက အားရစရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေသလို သူကိုယ်တိုင် ကလည်း သူရဲ့ ပွဲဦးထွက် ရာသီမှာ အသင်းနဲ့ အတူ သမိုင်းဝင် အောင်မြင်မှု အဖြစ် ဖလား ၃ လုံး ချန်ပီယံ ဖြစ်လာဖို့ပါ ရည်မှန်းနေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အမ်ဘာပေးက “ပီအက်စ်ဂျီနဲ့ ပတ်သက်ပြီး ကျွန်တော် သူတို့ အားလုံးကို အကောင်းဆုံး ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမယ့် အခု ကျွန်တော် အာရုံစိုက်ထားတာက ရီးရဲလ်မက်ဒရစ်နဲ့ ကျွန်တော်တို့ ရယူနိုင်မယ့် ဖလား ၃ လုံး အောင်မြင်မှုကိုပါ။ ဒါဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အရာ ဖြစ်လို့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဘောလုံး ရာသီမှာ ဒါကို စွမ်းဆောင်နိုင်ရင် ထူးကဲတဲ့ အရာ တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။” ဆိုပြီး အမ်ဘာပေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာတော့ ဆုဖလား ၂ လုံးကို စောစောစီးစီး ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အသင်း သမိုင်းတစ်လျှောက် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ် တို့ကို တစ်ရာသီ အတွင်း ရယူနိုင်ခဲ့တာမျိုး မရှိသေးပါဘူး။ ဒါကြောင့် လာလီဂါ ထိပ်သီးတို့ အနေနဲ့ ဒီရာသီမှာ သမိုင်းဝင် Treble Champions တွေ ဖြစ်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ပြင်သစ် တိုက်စစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး ကတော့ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူက ရာသီအစမှာပဲ ဥရောပ စူပါဖလား ရရှိထားသလို ကမ္ဘာ့တိုက်ကြီးများဖလား (ဖီဖာ အင်တာကွန်တီနန်တယ်ဖလား) ပြိုင်ပွဲ မှာလည်း ဗိုလ်စွဲထားခဲ့ပါသေးတယ်။ ဒါ့အပြင် ကာလို ဆန်ဆယ်လော့တီရဲ့ အသင်းက လာလီဂါ မှာလည်း ချန်ပီယံဆု ရယူနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ ချန်ပီယံလိဂ် မှာလည်း စံချိန်တင် ချန်ပီယံ ဖြစ်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါသေးတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ကာစမှာ ခြေစွမ်းပိုင်း အားစရာ မရှိတာကြောင့် ဝေဖန်ခံခဲ့ရပေမယ့် နောက်ပိုင်း မှာတော့ ဂိုးတွေ ဆက်တိုက် သွင်းယူပြီး အသင်း အတွက် အကောင်းဆုံး အကျိုးပြုနေပြီလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အမ်ဘာပေးရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး အရေအတွက်ဟာ ဂိုး ၃၀ အထိ ရှိလာခဲ့ပြီ ဖြစ်သလို လာလီဂါ မှာလည်း သွင်းဂိုး ၂၀ အထိ ရှိနေတာကြောင့် လာလီဂါရဲ့ ဂိုးသွင်း အများဆုံးဆု အတွက် လီဝမ်ဒေါစကီးနဲ့ အပြိုင်အဆိုင် ဖြစ်နေပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.