ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပိုလန် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ လာလီဂါ ကလပ် ဘာစီလိုနာမှာ နောက်ထပ် တစ်ရာသီ ဆက်ရှိနေဖို့ အခွင့်အရေးရှိနေဆဲပါ။ ဒါပေမယ့် သူဟာ လက်ရှိ ရရှိနေတဲ့ လစာထက် လျှော့ချမှု ကိုတော့ လက်ခံရဖို့ ရှိနေပါတယ်။
ဘရာဇီးလ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတာ ကိုတော့ ဘယ်သူမှ သံသယဖြစ်စရာ မလိုပါဘူး။ အသေးစိတ် အချက်အလက် အားလုံးကို သဘောတူညီမှု ရရှိထားပြီး ဖြစ်လို့ လက်မှတ် ရေးထိုးဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီနဲ့ ဘာစီလိုနာ တို့ဟာ လုပ်ခ လစာ ကိစ္စတွေကို စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန် ဘက်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် အလိုရှိတယ် ဆိုတာကို အခုထက်ထိ တရားဝင် အသိပေးခြင်း မရှိသေးပါဘူး။
လစ်ဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘတ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အခုတော့ လက်လျှော့လိုက်ရပြီ ဖြစ်ပါတယ်။ အဓိက ကတော့ သူဟာ ဒေါ့မန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့လို့ပဲ ဖြစ်ပါတယ်။
ဘင်ဖီကာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနိုကို လာမယ့် ရာသီမှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် စတင် ကမ်းလှမ်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာ အဲလ်ဟီလယ် ကနေ ဘာစီလိုနာကို အငှားနဲ့ လာရောက် ကစားနေတဲ့ ကန်ဆယ်လိုဟာ အငှားသက်တမ်း ကုန်ဆုံးချိန် မှာလည်း ဘာစီလိုနာ မှာပဲ ဆက်နေဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိမှာ နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ကိုးလ် ပါးလ်မားဟာ ဒီရာသီမှာ ပြုလုပ်ထားတဲ့ နည်းပြရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ အပေါ် စိတ်ပျက်နေပြီး ပြီးခဲ့တဲ့ နွေရာသီက ဘေယန်မြူးနစ်ကို အငှားနဲ့ ထွက်ခွာသွားတဲ့ နီကိုးလပ်စ် ဂျက်ဆန် ကိစ္စ အပေါ် မှာလည်း မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါးလ်မားဟာ သူငယ်စဉ် ကတည်းက အားပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ယူနိုက်တက် ဘက်ကတော့ ကွင်းလယ်လူသစ်နဲ့ ဘယ်နောက်ခံလူ တစ်ဦး ခေါ်ယူဖို့ကိုသာ ဦးစားပေးနေပါတယ်။
ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ပြင်သစ် လက်ရွေးစင် အသင်းက ကိုလမ်ဘီယာ အသင်းကို ဒူယေး၊ သူရမ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
အီဂေါ တူဒေါကို စပါးက ရာထူး ကနေ ထုတ်ပယ်လိုက်ပြီးနောက် နည်းပြဟောင်း ဟယ်ရီ ရက်နပ်ကို ပြန်လည် ခေါ်ယူဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ စတုဂတ် ကွင်းလယ်လူ အိန်ဂျယ်လို စတီလာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အထမမြောက်ခဲ့ကြောင်း သိရပါတယ်။ ဂျာမန် ထုတ် BLID သတင်းစာရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ အဆိုပါ ၂၄ နှစ်သားကို ပြီးခဲ့တဲ့နွေရာသီ ကတည်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပြီး ကစားသမားက လက်ရှိ အသင်း မှာသာ ဆက်နေလိုနေတာကြောင့် အကြိမ်ကြိမ် လက်လျှော့ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ် ကလည်း လူကာ မိုဒရစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နဂိုကတည်းက စတယ်လာကို စောင့်ကြည့်နေခဲ့ကြပြီး တချို့သော အသင်းကြီး တော်တော်များများ ကလည်း စတယ်လာရဲ့ လက်ရှိ လုပ်အားနှုန်းကို အကြိုက် တွေ့နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


