ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး ကာရင်မ် အဒီယီမီဟာ ၂၀၂၁ ခုနှစ်တုန်းက သူ့ကို ဂျာမနီ အသင်းမှာ ပထမဆုံး ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်နဲ့ ဘာစီလိုနာ အသင်းမှာ ပြန်လည် ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန် အဒီယီမီ ကတော့ သူ့ရဲ့ လာလီဂါ ကလပ် အသစ်ဟာ “ကမ္ဘာ့အကောင်းဆုံး ကလပ်” အဖြစ် တင်စား ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်က အဒီယီမီဟာ ဒေါ့မန် အသင်း ကနေ ယူရို ၂၂ သန်းနဲ့ လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်က ဆဲလ်ဘာ့ဂ် ကနေ ဒေါ့မန်ဆီ ရောက်ရှိလာပြီးနောက် ၄ ရာသီ အတွင်း ပွဲပေါင်း ၁၄၅ ပွဲ ပါဝင် ကစားကာ ၃၅ ဂိုးသွင်း၊ ၂၂ ဂိုး ဖန်တီးပေးခဲ့သူပါ။ ၂၀၂၃–၂၄ ရာသီတုန်း ကလည်း ဝင်ဘလေကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒေါ့မန် အတွက် ၇၂ မိနစ် အထိ ပါဝင်ကစားပေးခဲ့ပါတယ်။
စပိန် လာလီဂါဆီ ရောက်ရှိလာပြီးနောက် အဒီယီမီဟာ သူ့ကို ဂျာမနီ စီနီယာ အသင်းမှာ ပထမဆုံး ပွဲထွက်ခွင့်ပေးခဲ့ရုံတင်မကဘဲ ၂၀၂၂ ကမ္ဘာ့ဖလား စာရင်းထဲမှာပါ ထည့်သွင်းခဲ့တဲ့ နည်းပြ ဖလစ်ခ်နဲ့ ပြန်လည် လက်တွဲရတော့မှာပါ။ ဒီအပြောင်းအရွှေ့မှာ ဖလစ်ခ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘာစီလိုနာရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ အဒီယီမီက “ကျွန်တော် နည်းပြနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူ့ကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။ ဒီအသင်း အတွက် သူ ဘာတွေ လိုအပ်လဲ ဆိုတာ ကျွန်တော့်ကို ပြောပြခဲ့သလို၊ အသင်းရဲ့ ပန်းတိုင်တွေ ရောက်ရှိဖို့ အတွက် လိုအပ်တာ မှန်သမျှ လုပ်ဆောင်ပေးဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ။ နည်းပြ ဖလစ်ခ်၊ အသင်းနဲ့ ပရိသတ်တွေ အတွက် အရာရာကို အစွမ်းကုန် ပေးဆပ်သွားမယ် ဆိုတာ နည်းပြ အနေနဲ့ ကျွန်တော့် အပေါ် ယုံကြည်ထားလို့ ရပါတယ်” လို့ ဆိုပါတယ်။

ဘာစီလိုနာ အသင်းဟာ နည်းပြ ဖလစ်ခ်ရဲ့ လက်အောက်မှာ လာလီဂါ ချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့သလို၊ ၂၀၂၄–၂၅ ရာသီ ကိုပါဒယ်ရေး ဖလားနဲ့ စပိန် စူပါဖလား ၂ ကြိမ် တို့ကိုလည်း ရယူထားနိုင်ပါတယ်။ ဂျာမန် နည်းပြကြီး အတွက် လိုအပ်နေသေးတဲ့ တစ်ခုတည်းသော ဆုဖလား ကတော့ ၂၀၁၄–၁၅ ရာသီ နောက်ပိုင်း ဘာစီလိုနာတို့ ဝေးကွာနေတဲ့ ဥရောပ ချန်ပီယံလိဂ် ဖလားပဲ ဖြစ်ပါတယ်။
အသင်းသစ်နဲ့ ပတ်သက်တဲ့ သူရဲ့ မျှော်မှန်းချက်တွေကို မေးမြန်းခဲ့ရာ မှာတော့ အဒီယီမီ က “ကျွန်တော် ဒီကို ရောက်လာတာ ဆုဖလားတွေ ဆွတ်ခူးဖို့ပါ။ ဘာစီလိုနာဟာ သူ့ရဲ့ သမိုင်းကြောင်း၊ ဒီမှာ လာရောက် ကစားခဲ့ဖူးတဲ့ ဂန္ထဝင် ကစားသမားကြီးတွေနဲ့ ကက်တလိုးနီးယား ဒေသနဲ့ ရှိထားတဲ့ ထူးခြားတဲ့ သံယောဇဉ်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကလပ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမဆုံးနေ့ကတည်းက ဒီအသင်းဟာ တခြား အသင်းတွေနဲ့ မတူဘဲ ကွဲပြား ခြားနားတဲ့ ကလပ် တစ်ခု ဆိုတာ ခံစားတမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ လာမယ့် လာလီဂါ ရာသီသစ် ပွဲဦးထွက်အဖြစ် ဩဂုတ် ၂၃ ရက်နေ့မှာ အယ်လ်ချီ အသင်းနဲ့ အဝေးကွင်းမှာ စတင် ရင်ဆိုင်ရမှာပါတယ်။ ဒုတိယနဲ့ တတိယ ပွဲစဉ်တွေ မှာတော့ အက်သလက်တစ် ဘီလ်ဘာအို၊ ရေယို ဗလက်ကာနို တို့ကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


