အခုတစ်ခါမှာတော့ မတ်လ ၂၄ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
ပီအက်စ်ဂျီ အသင်းရဲ့ ညာနောက်ခံလူ အာချက်ဖ် ဟာကီမီဟာ သူ့ရဲ့ ကလပ်ဟောင်း ရီးရဲလ်မက်ဒရစ်ဆီ ပြန်သွားချင်နေပါတယ်။ လာလီဂါ ကလပ် ဘက်က ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ယာအို ကန်ဆယ်လိုဟာ ဘာစီလိုနာ မှာပဲ ဆက်နေချင်နေပေမယ့် ကတ်တလာလန် ကလပ် ဘက်ကတော့ အဲလ်ဟီလာ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းကို ပေးချေဖို့ လက်တွန့်နေပါတယ်။ လာလီဂါ ကလပ် အနေနဲ့ ကန်ဆယ်လိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရမှသာ ဆက်ထိန်းထားဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ကန်ဆယ်လိုရဲ့ နေရာမှာ အစားထိုးဖို့ ဂျူဗင်တပ်စ် နောက်ခံလူ ကမ်ဘီယာဆို ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် ဘက်ကတော့ တခြားအသင်းတွေ စိတ်မဝင်စားရဲအောင် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။
စာချုပ်သက်တမ်း ကုန်ခါနီး ဖြစ်နေတဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ သူ့ကိုယ်သူ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတွေဆီ ကမ်းလှမ်းထားပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်က အသက် ၃၂ နှစ် ရှိတော့မယ့် ကစားသမားကို ခေါ်ယူဖို့ ဝန်လေးနေပေမယ့် ဘာစီလိုနာ ကတော့ လုံးဝ ပယ်ချထားခြင်း မရှိသေးပါဘူး။
အန်တွန် ဂရစ်ဇ်မန်း အော်လန်ဒိုစီးတီးကို ထွက်ခွာသွားတာကြောင့် အက်တလက်တီကိုမက်ဒရစ်ဟာ သူ့နေရာမှာ အစားထိုးဖို့ လစ်ဗာပူးလ် တိုက်စစ် ကစားသမား ကိုဒီ ဂက်ခ်ပိုကို ပစ်မှတ်ထားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နီကို ပက်ဇ်ကို ပြန်လည် ခေါ်ယူမလား ဆိုတာ မဆုံးဖြတ်ရသေးတာကြောင့် ကိုမို ကတော့ ဒီအာဂျင်တီးနား ကွင်းလယ်လူကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ တစ်ဖက် မှာလည်း အင်တာမီလန်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ပြင်သစ် နာမည်ကျော် တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေးဟာ အသင်း ဆေးအဖွဲ့ရဲ့ မှားယွင်းတဲ့ သတင်းအချက်အလက် ပေးပို့မှုကြောင့် ဒဏ်ရာရှိလျက်နဲ့ ၄ ပတ် ကြာတဲ့ အထိ ကစားခဲ့ရတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အသက် ၂၇ နှစ် အရွယ် အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း ဒူးဒဏ်ရာ ရရှိခဲ့ပေမယ့် ဆေးအဖွဲ့က ဂရုတစိုက်နဲ့ MRI Scan စစ်ဆေးတာမျိုး မရှိဘူးလို့ စွပ်စွဲခံနေရပါတယ်။
အမ်ဘာပေဟာ ဆဲလ်တာဗီဂိုကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ လာလီဂါ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး သူ့ ဒဏ်ရာအခြေအနေကို သိရအောင် အသင်း ဆေးအဖွဲ့ဆီမှာ Scan နဲ့ စမ်းသပ် စစ်ဆေးမှု ခံယူခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ် ဆေးအဖွဲ့ဟာ အမ်ဘာပေးကို အမှန်တကယ် ဒဏ်ရာရနေတဲ့ ဘယ်ဘက်ဒူး အစား ညာဘက်ဒူးကို Scan နဲ့ စမ်းသပ် စစ်ဆေးပေးခဲ့တာ ဖြစ်တယ်လို့ New York Time က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုကို လာမယ့် နွေရာသီမှာ ရှင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အသင်းဟောင်း ဒေါ့မန်ထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန်ချို တစ်ယောက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက် ဘက်ကတော့ ကစားသမား လစာ ဝန်ထုတ်ဝန်ပိုးကို လျှော့ချလိုနေတာကြောင့် မဖြစ်မနေ ရှင်းထုတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် ကတော့ လက်တလော ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေက စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အသင်းဟောင်း လစ်ဗာပူးလ်နဲ့ သတင်းတွေ ထွက်ပေါ်နေသလို ရီးရဲလ်နဲ့လည်း ကလော့ပ် အကြား အချိတ်အဆက် သတင်းတွေ ထွက်ပေါ်နေပေမယ့် ကလော့ပ် ကတော့ ရီးရဲလ်နဲ့ ဘယ်လို ဆက်သွယ်မှုမှ မရှိခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


