မာ့ခ် ကူကူရယ်လာဟာ ယခင်က ဘာစီလိုနာ အသင်းသားဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးပေမယ့် လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာချိန်မှာတော့ စက္ကန့်ပိုင်းတောင် တွန့်ဆုတ်မနေဘဲ ချက်ချင်း လက်ခံခဲ့ပါတယ်။
ဒီလို ရွေးချယ်ခဲ့တဲ့ ကူကူရယ်လာဟာ ဥရောပမှာ အကြီးမားဆုံး ကလပ် အဖြစ် တင်စားခံထားရတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခွင့် ရရှိတာကို ငြင်းပယ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကူကူရယ်လာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပနေစဉ် အစောပိုင်း ကာလမှာပဲ ချဲလ်ဆီး အသင်း ကနေ ယူရို သန်း ၅၀ (ပေါင် ၄၇.၅ သန်း) နဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာနဲ့ ဂီတာဖေး တို့မှာ ကစားခဲ့ဖူးပြီးနောက် အခုအခါ လာလီဂါဆီ ပြန်လည် ရောက်ရှိလာခဲ့တာပါ။
စပိန်မြို့တော်မှာ ပထမဆုံး နည်းပြဘဝ တာဝန်ယူခဲ့ အပြီး ၁၃ နှစ်အကြာမှာ ရီးရဲလ်ဆီ ဒုတိယ အကြိမ် ပြန်လည် ရောက်ရှိလာတဲ့ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ လက်အောက်မှာ ကူကူရယ်လာ အပြင် ဘာနာဒို ဆေးလ်ဗား၊ အီဘရာဟီမာ ကိုနာတေး၊ ဒန်ဇဲယ် ဒမ်းဖရီးစ်၊ ကားလို့စ် အက်စ်ပီနဲ့ ယန် ဒီယိုမန်ဒီ တို့လည်း အသင်းသစ်ဆီ အသီးသီး ရောက်ရှိနေခဲ့ကြပါပြီ။
တနင်္လာနေ့တုန်းက အသင်းသစ်နဲ့ အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ဆင်းခဲ့ပြီးနောက် RealMadrid TV နဲ့ အင်တာဗျူး မှာတော့ ဒီကလပ် အသင်း အတွက် ကစားပေးရဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့ရကြောင်း ကူကူရယ်လာက အခုလို ပြောပြခဲ့ပါတယ်။
“ကလေးဘဝတုန်းက ဘောလုံး စကစားခဲ့ရချိန်ကတည်းက အခုလို ကလပ် အသင်းကြီးမှာ ကစားခွင့် ရလာတဲ့အခါ ငြင်းပယ်ဖို့ ဆိုတာ အရမ်း ခက်ခဲပါတယ်။ ဒီအခွင့်အရေး ရောက်လာတဲ့ အခါ စက္ကန့်ပိုင်းမျှတောင် တွန့်ဆုတ်မနေခဲ့ပါဘူး။ ပရိသတ် တစ်ယောက် အနေနဲ့ ဘာနေဗျူးကွင်းထဲက ဆန်းကြယ်တဲ့ ညချမ်းတွေ၊ အံ့ဩစရာကောင်းတဲ့ နောက်ကြောင်းပြန် အနိုင်ရရှိမှုတွေနဲ့ သူတို့ ရယူခဲ့ကြတဲ့ ချန်ပီယံလိဂ် ဖလားတွေကို အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်။”

“ဒီလို အတွေ့အကြုံတွေကို ကိုယ်တိုင် ကိုယ်ကျ ခံစားခွင့် ရရှိပြီး အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်ခွင့် ရတာဟာ ကြီးမားတဲ့ တာဝန်ယူမှု တစ်ခု ဖြစ်သလို အရမ်းလည်း လှပပြီး အရေးပါတဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဂုဏ်ယူစရာ ပါပဲ။ ဒီဂျာစီကို ဝတ်ဆင်ခွင့် ရဖူးသူဆိုတာ အနည်းငယ်ပဲ ရှိတာပါ။ ဒီမှာ သမိုင်းဝင် တောက်ပခဲ့တဲ့ ဂန္ထဝင်မြောက် ကစားသမားကြီးတွေကို မြင်တွေ့ခဲ့ဖူးပြီး ဥရောပမှာ အကြီးမားဆုံး သမိုင်းကြောင်းရှိတဲ့ ကလပ်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ ဒီနေရာကို ရောက်ရှိနေတာဟာ အခွင့်ထူး တစ်ခု၊ ဂုဏ်ယူစရာ တစ်ခု ဖြစ်သလို ကျွန်တော့်ရဲ့ ကစားသမားဘဝ တလျောက်လုံး အတွက် ရရှိခဲ့တဲ့ ဆုလာဘ် တစ်ခုလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စပိန် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိမှု အနည်းငယ် ကြန့်ကြာခဲ့တဲ့ ကူကူရယ်လာဟာ ၂၀၂၂ ခုနှစ်က ဘရိုက်တန် ကနေ ချဲလ်ဆီးဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၆၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အဲဒီ ကာလ အတွင်း ၉ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ကွန်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်အောင်လည်း ကူညီပေးခဲ့သူပါ။
အခုအခါမှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ကြိမ်တိုင်တိုင် တာဝန်ယူကာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် အထိ သိမ်းပိုက်ပေးခဲ့ဖူးသူ ချဲလ်ဆီး ဂန္ထဝင် နည်းပြ မော်ရင်ညိုရဲ့ လက်အောက်မှာ ကစားရတော့မှာ ဖြစ်ပြီး အခုအချိန်အထိ မော်ရင်ညိုရဲ့ ဆောင်ရွက်ချက်တွေ အပေါ် အထင်ကြီး သဘောကျနေပါတယ်။
နည်းပြ မော်ရင်ညို အနေနဲ့ လေ့ကျင့်ရေးကွင်းဆီ ဘာတွေ ယူဆောင်လာပေးသလဲလို့ မေးမြန်းခဲ့ရာ ဘယ်နောက်ခံလူ ကူကူရယ်လာက “ယုံကြည်မှုတွေ အများကြီးနဲ့ သဘာဝကျကျ နေထိုင်တတ်မှုကို ယူဆောင်လာပေးတာပါ။ ကွင်းထဲမှာ ကျွန်တော်တို့ တတ်ကျွမ်းထားတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပြီး အဓိက ကတော့ အပြည့်အဝ ပျော်ရွှင်စွာ ကစားဖို့ပါပဲ။ ကျွန်တော်တို့ အားလုံး လိုချင်ကြတာက အနိုင်ရရှိဖို့နဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ သြဂုတ် ၂၂ ရက်နေ့မှာ အက်စ်ပန်ညို အသင်းနဲ့ ကစားရမယ့် ပွဲစဉ်နဲ့ အတူ လာလီဂါ ရာသီသစ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ဒီမတိုင်မီ ဒီပို့တီဗို လာကိုရူးညား၊ ရှော်လ်ကေး အသင်း တို့နဲ့ ခြေစမ်းပွဲ နှစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


