လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပိန်က လာတဲ့ သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာက သူတို့ရဲ့ နူးကမ့်ပ် ကွင်းသစ်ကြီး မဖွင့်လှစ်ခင် မက်ဆီကို အသင်းထံ အချိန်မီ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ လက်ရှိမှာ သူတို့ရဲ့ နူးကမ့်ပ်ကွင်းကြီးကို ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်လျက် ရှိနေပြီး ၂၀၂၆ ခုနှစ် ဇွန်လမှာ ကွင်းသစ်ဖွင့်ပွဲ ကျင်းပနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယခင်က ပရိသတ် ၉၉၃၅၄ ယောက် ဝင်ဆံ့တဲ့ နူးကမ့်ပ်ကွင်းကို ပေါင် ၁.၃ ဘီလီယံ အကုန်အကျခံကာ ပရိသတ် ၁၀၅၀၀၀ ဆံ ကွင်းသစ်ကြီး အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နေချိန်မှာ ဘာစီလိုနာက ကတ်တာလန် ဒေသမှာ ရှိတဲ့ အိုလံပစ်ကွင်းကြီး အိမ်ကွင်း အဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ပ်ကွင်းကို စပယ်ရှယ် ပြုပြင် မွမ်းမံ တိုးချဲ့ တည်ဆောက်လျက် ရှိနေပြီး ဒီလ အတွင်းမှာ ပြန်လည် အသုံးပြုနိုင်ဖို့ ရည်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းသစ် တည်ဆောက်မှုက အချိန်မီ ပြီးစီးခြင်း မရှိတာကြောင့် လက်ကျန် ရာသီ ပွဲစဉ်တွေကို လက်ရှိအချိန်မှာ အိမ်ကွင်း အဖြစ် အသုံးပြုနေတဲ့ အိုလံပစ်ကွင်း မှာသာ ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

လက်ရှိမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီမှာ ကစားနေပြီးတော့ မကြာခင်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို လာလီဂါ ကလပ် ဘာစီလိုနာက စောင့်ကြည့်လျက် ရှိပြီးတော့ အသင်းထံ ကာလတို စာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ကြောင်း သိရပါတယ်။
လီယွန်နယ် မက်ဆီ ကတော့ လာမယ့် ဇွန်လမှာ အသက် ၃၈ နှစ် ပြည့်မှာ ဖြစ်ပေမယ့်လည်း ရော်နယ်ဒို လိုပဲ ကစားသမား ဘဝ ကနေ အနားယူလိုခြင်း မရှိသေးပါဘူး။ မက်ဆီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကြားသိရတဲ့ သတင်းတွေ အရ ဆိုရင် GOAT ကြီးဟာ ငယ်ဘဝ ကလပ် သို့မဟုတ် ဘာစီလိုနာမှာ ကစားသမား ဘဝကို အဆုံးသတ်ဖို့ လိုလားနေတယ်လို့လည်း သိရပါတယ်။
မက်ဆီဟာ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဖြစ်ပြီး ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားကာ ၆၆၆ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး ၇၅ ပွဲ ကစားကာ ၃၂ ဂိုး သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီ ကနေမှ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးတော့ ၄၄ ပွဲ ကစားကာ ၃၈ ဂိုး သွင်းယူခဲ့တဲ့ မက်ဆီက ကစားသမား ဘဝ တစ်လျှောက်လုံး ရောက်တဲ့ ကလပ်တိုင်းမှာ ဆုဖလား အောင်မြင်မှု များစွာ ရယူထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဘယ်လွန်ဒေါဆု ကိုလည်း ၈ ကြိမ် အထိ ရရှိထားပြီး ကလပ် အသင်းနဲ့သာမက နိုင်ငံ အသင်းတွေနဲ့လည်း ကမ္ဘာ့ဖလား အပါအဝင် အမြင်ဆုံး အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.