ထရန့်အလက်ဇန္တားအာနိုးလ်ကတော့လာမယ့်နွေရာသီမှာလာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို၅နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း Sky Sports ကဖော်ပြလာပါတယ်။
လစ်ဗာပူးလ်အကယ်ဒမီထွက်ခြေစွမ်းပြကစားသမားအာနိုးလ်ကတော့လက်ရှိအချိန်မှာပရီးမီးယားလိဂ်ကလပ်ရဲ့အဓိကကစားသမားဖြစ်နေခဲ့သူပါ။ဒါပေမယ့်လည်းအာနိုးလ်ကလက်ရှိဘောလုံးရာသီအကုန်မှာပဲလစ်ဗာပူးလ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အဆင်မပြေဖြစ်နေသူပါ။ဒါ့အပြင်အင်္ဂလန်သားကအစောပိုင်းမှာကတည်းကလစ်ဗာပူးလ်ကနေအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာဖို့များနေခဲ့သလိုလာလီဂါထိပ်သီးကလပ်နဲ့အပြောင်းအရွှေ့သတင်းတွေဆက်တိုက်ထွက်ပေါ်နေပါတယ်။ရီးရဲလ်မက်ဒရစ်ဟာလိုအပ်ချက်တွေရှိနေတဲ့အသင်းရဲ့ညာခြမ်းခံစစ်အတွက်အာနိုးလ်လိုကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတစ်ဦးကိုသေချာပေါက်ခေါ်ယူနိုင်ဖို့မျှော်လင့်နေတာပါ။
လက်ရှိမှာတော့ Sky Sport Switzerland ရဲ့သတင်းထောက်တာဗိုလီယာရီကရီးရဲလ်မက်ဒရစ်အနေနဲ့အာနိုးလ်ကိုလာမယ့်နွေရာသီမှာ၅နှစ်စာချုပ်နဲ့ခေါ်ယူဖို့အတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေရရှိခဲ့ပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။တာဗိုလီယာရီရဲ့ဖော်ပြချက်ထဲမှာအာနိုးကရီးရဲလ်မက်ဒရစ်မှာတစ်ပတ်လုပ်ခပေါင်၂၄၀၀၀၀ရရှိမယ်လို့လည်းသိရပါတယ်။ဒါ့အပြင်အာနိုးလ်ဟာတစ်နှစ်လုပ်ခအဖြစ်ပေါင်၁၂.၅သန်းအထိရရှိမှာဖြစ်တာကြောင့်လစ်ဗာပူးလ်မှာထက်ပေါင်၃.၄သန်းအထိပါပိုပြီးရရှိမှာလည်းဖြစ်ပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ကအာနိုးလ်အတွက်လက်မှတ်ထိုးကြေးလည်းပေးချေသွားမယ်လို့သိရပါတယ်။ဒီလက်မှတ်ထိုးကြေးကလည်းအာနိုးလ်အတွက်သင့်တင့်တဲ့ပြောင်းရွှေ့ကြေးနဲ့ပါညီမျှမှာဖြစ်ကြောင်းတာဗိုလီယာရီကဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာအာနိုးလ်ကိုခေါ်ယူပြီးရင်လည်းခံစစ်ပိုင်းအတွက်နောက်ထပ်အင်အားဖြည့်တင်းမှုအဖြစ်ဘုန်းမောက်ကစပိန်နောက်ခံလူဒင်းန်ဟောက်ဆန်ကိုပါထပ်မံခေါ်ယူသွားဖို့ရှိနေပြီးကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးအတိုင်းနဲ့ကမ်းလှမ်းသွားဖိုစီစဉ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာဒီရာသီမှာအဓိကကစားသမားတချို့ဒဏ်ရာရရှိနေခဲ့တာကြောင့်အသင်းရဲ့ရလဒ်ပိုင်းကိုအနည်းငယ်ယိမ်းယိုင်မှုတွေရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လာလီဂါကလပ်ဟာလာမယ့်ရာသီမှာအသင်းကိုပြန်လည်ပြင်ဆင်ဖို့ရှိနေပြီးတော့ကစားသမားသစ်တွေလည်းခေါ်ယူဖို့အားဖြည့်ဖို့ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့အာနိုးလ်ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့မယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့်အသင်းရဲ့ပရိသတ်တချို့ဆိုရင်အာနိုးလ်ရဲ့ဂျာဆီကိုမီးရှို့ပြီးမကျေနပ်ကြောင်းပြသနေခဲ့ပါတယ်။အာနိုးလ်ကတော့လစ်ဗာပူးလ်စီနီယာအသင်းကြီးအတွက်၂၀၁၆ခုနှစ်ကတည်းကစတင်ကစားလာခဲ့တာဖြစ်ပြီးပြိုင်ပွဲစုံပွဲပေါင်း၃၄၉ပွဲကစားခဲ့သူဖြစ်ပါတယ်။အာနိုးလ်ဟာယာဂင်ကလော့ပ်ကိုယ်တိုင်လူငယ်အသင်းဆီသွားရောက်လေ့လာချိန်မှာခြေစွမ်းအပေါ်နှစ်သက်သဘောကျတာကြောင့်အသင်းကြီးဆီရွေးချယ်ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.