နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တူရကီကို လျှော့တွက်ရင် အဇူရီတို့ ကျိန်းသေပေါက် ခက်ခဲသွားလိမ့်မယ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

တူရကီ vs အီတလီ

အားလုံး စောင့်မျှော်နေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကတော့ ဇွန်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ မှာ တူရကီနဲ့ အီတလီတို့ရဲ့ တွေ့ဆုံမှုနဲ့ အတူ စတင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ဥရောပ အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ အဇူရီတို့ နည်းပြ မန်ချီနီ လက်အောက်မှာ ပုံစံကောင်းတစ်ခုနဲ့ ရှေ့ဆက်နေသလို ယူရိုပြိုင်ပွဲကို ၅ ကြိမ် မြောက် ခြေစစ်ပွဲ အောင်မြင်လာတဲ့ တူရကီ ကလည်း လက်ရှိမှာ တောင့်တင်းနေတာကြောင့် ရောမမြေက အဖွင့်ပွဲဟာ မထင်မှတ်ပဲ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

တူရကီရဲ့ ဥရောပမှာ အလယ်အလတ် အဆင့်လောက်ပဲ ရှိခဲ့ပေမယ့် ခြေစစ်ပွဲ အောင်မြင်တဲ့ နှစ်တွေမှာ ပြိုင်ဘက် တော်တော်များများကို ခက်ခဲ့စေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ ၂ ကြိမ် အောင်မြင်ခဲ့ပြီး ၁၉၅၄ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပေမယ့် ၂၀၀၂ ကမ္ဘာ့ဖလားမှာ တတိယ ရရှိခဲ့ပါတယ်။ ယူရိုပြိုင်ပွဲ မှာတော့ အခုတစ်ကြိမ်နဲ့မှာ သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး ယူရို ၂၀၀၀ မှာ ကွာတားဖိုင်နယ်၊ ယူရို ၂၀၀၈ မှာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာဟာ အမြင့်ဆုံး အောင်မြင်မှုတွေ ဖြစ်ပါတယ်။ လက်ရှိ တူရကီရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် ခံစစ်မာကျောပြီး တန်ပြန်တိုက်စစ် ကစားပုံကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းက တတိယဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဝါရင့်နည်းပြ ဆီညော် ဂူးနက်ရှ်ပဲ တကျော့ပြန် ကိုင်တွယ်နေတာ ဖြစ်ပြီး တူရကီကို သူပြန်လည်ရောက်ရှိချိန်ကစလို့ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတာ တွေ့ရပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ ပျမ်းမျှ အသက်အငယ်ဆုံး ကစားသမားဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဂူးနက်ရှ် အနေနဲ့ ၄-၂-၃-၁ ကစားကွက်ကို အဓိက အသုံးပြုနေပြီး တစ်ခါတစ်ရံမှာ ၄-၄-၂၊ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲ အသုံးပြုမယ့် သဘောရှိပါတယ်။ ဆိုယွန်ချူ၊ ဒါမီရယ်၊ အော်ဇန် ကာဘက်ခ်၊ ယော့ကူဆလူ၊ တူဖန်၊ ချလနောဂလူ တို့လို ဥရောပ ထိပ်တန်း အဆင့်ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး လိုင်လီနဲ့ လီဂူးဝမ်း ချန်ပီယံဆု ပူပူနွေးနွေး  ကိုင်မြှောက်ထားတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရီလ်မက်ဇ် ကိုလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ဂူးနက်ရှ်ဟာ အခုပြောတဲ့ ကစားသမားတွေကိုပဲ အဓိက ပွဲထွက် ကစားခိုင်းမယ့် သဘောရှိပြီး ကွင်းလယ်က ချလနောဂလူဟာ ဂူးလစ်ရှ်ရဲ့ အသင်းအတွက် ကျိန်းသေပေါက် အဓိက ကစားသမား ဖြစ်လာပါလိမ့်မယ်။

 
အီတလီဟာ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ အားလုံးလည်း သိကြပြီး ဖြစ်မှာပါ။ ကမ္ဘာ့ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတဲ့ အဇူရီတို့ ၂၀၀၆ ကမ္ဘာ့ဖလား အပြီးကတည်းက ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပြီး ယူရို ပြိုင်ပွဲမှာ ဆိုရင် နှစ်ပေါင်း ၅၀ ကျော်လောက် ကြာမြင့်ခဲ့ပါပြီ။ ၂၀၀၂ နဲ့ ၂၀၁၂ ယူရို တို့မှာ ဒုတိယ ၂ ကြိမ်ရခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ အဲ့နောက် ယူရို ၂၀၁၆ မှာ ကွာတားဖိုင်နယ် တက်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ မအောင်တဲ့အထိ အရှိန်အဝါ လုံးဝကျဆင်းသွားတဲ့ အီတလီတို့ လက်ရှိမှာ နာမည်ကျော် နည်းပြ မန်ချီနီနဲ့ အတူ အကောင်းဆုံး နေ့ရက်တွေကို ပြန်လည် ဖြတ်သန်းနေတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ ၂၇ ပွဲဆက် ရှုံးပွဲ မရှိသေးသလို ရာနှုန်းပြည့် အနိုင်နဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဆင့်ကို ဖြတ်ကျော်လာခဲ့တာပါ။ ထူးခြားချက်က အီတလီ ဆိုရင် ခံစစ်ကောင်းတဲ့ အသင်းလို့ သိခဲ့ကြပေမယ့် မန်ချီနီ လက်ထက်မှာတော့ ခံစစ်ကို ကျစ်လျစ်အောင် ဆက်ပြီး တည်ဆောက်ပြီး ထက်မြတ်တဲ့ တိုက်စစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခြေစစ်ပွဲ ၁၀ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ရဂိုး ၃၇ ဂိုး၊ ပေးဂိုး ၄ ဂိုးပဲ ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် အဇူရီတို့ ယူရို ၂၀၂၀ မှာ အလားအလာ တော်တော်လေး ကောင်းနေပါတယ်။ တိုက်စစ်က အင်မိုဘီလီ ဟာ အဓိက စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်သလို အင်ဆစ်ဂ်ညာ၊ ခီယေဇာ၊ ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ လိုကတ်တယ်လီ အပြင် ဂိုးသမား ဒွန်နာရူးမား တို့ဟာ မန်ချီနီရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမား တွေဖြစ်လို့ လာမယ့် တူရကီနဲ့ အဖွင့်ပွဲစဉ်မှာ ကျိန်းသေပေါက် ပါဝင်လာဖို့ ရှိပါတယ်။ ခံစစ်က ဘိုနူချီ-ခီလီနီ အတွဲကိုတော့ အသက်အရွယ်ကြောင့် အနည်းငယ် စိတ်ပူစရာ ရှိပါတယ်။

လက်ရှိ ယူရို ၂၀၂၀ မှာ ပျမ်းမျှ အသက်အငယ်ဆုံး ကစားသမားဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဂူးနက်ရှ် အနေနဲ့ ၄-၂-၃-၁ ကစားကွက်ကို အဓိက အသုံးပြုနေပြီး တစ်ခါတစ်ရံမှာ ၄-၄-၂၊ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲ အသုံးပြုမယ့် သဘောရှိပါတယ်။
ယူရို ၂၀၂၀ မှာ မထင်မှတ်ပဲ ဖြတ်မြင်း ဖြစ်လာနိုင်တဲ့ တူရကီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တူရကီနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ကြိမ်လုံး အီတလီတို့ ရှုံးပွဲလုံးဝ မရှိခဲ့သလို ၇ ပွဲနိုင်ပြီး ၃ ပွဲ သရေကျခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တူရကီ vs အီတလီ 1X2 အီတလီ @ 1.50
ဇွန်လ ၁၂ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ တူရကီ အတွက် ၈.၀၀ ဆ နဲ့ အီတလီ အတွက် ၁.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခံစစ် တောင့်တင်းပြီး ဘောလုံးရတာနဲ့ တပြိုင်နက် မြန်ဆန်တဲ့ တန်ပြန်တိုက်စစ် ကနေ ဂိုးယူတတ်တဲ့ တူရကီကို အီတလီရဲ့ ခီလီနီ-ဘိုနူချီ သက်ကြားအို ခံစစ်အတွဲက ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ နောက်ပြီး ရှားရှားပါးပါး ၅ ကြိမ်မြောက် ကစားခွင့်ရတဲ့ ယူရိုပြိုင်ပွဲကို တူရကီတို့ အရှုံးနဲ့ ဖွင့်ချင်မှာ မဟုတ်ပါဘူး။ အီတလီ ကလည်း အိမ်ကွင်း အားသာချက် အပြည့်ရှိနေတဲ့ အပြင် မန်ချီနီ လက်ထက်မှာ လုပ်တိုင်း ဖြစ်နေတော့ မှန်းဆရတော့ ခက်ပါတယ်။ ဒါပေမယ့် အစဉ်အလာအရရော၊ ကစားသမား စုဖွဲ့မှုမှာ ပိုသာနေတဲ့ အီတလီပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်