ဘိုဒို/ဂလင့်မ် ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို ဂိုးပြတ် အနိုင်ယူပြီး နောက်ထပ် တစ်ကြိမ် အမှတ်တရ ဖြစ်စေမယ့် ညတစ်ညကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။ နော်ဝေ ကလပ်ဟာ စပို့တင်းလစ္စဘွန်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ တော်တော်လေး နီးစပ်သွားပြီ ဖြစ်ပါတယ်။ Aspmyra Stadion မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဆွန်ဒရီ ဖတ်၊ အိုလီ ဒီဒရစ် ဘလွန်းဘာ့ဂ်နဲ့ ကက်စပါ ဟော့ဂ် တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစကတည်းက ဘိုဒို/ဂလင့်မ်တို့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ၈ မိနစ် မှာတင် ဟာကွန် အီဗန်ရဲ့ ဖြတ်တင်ဘော ကနေ ဂျန်ပက်တာ ဟော့ဂ်က ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ပါတယ်။ စပို့တင်း ဂိုးသမား ရူအီ ဆေးလ်ဗားက အီဗန်ရဲ့ ကန်ချက်ကို ပုတ်ထုတ်နိုင်ခဲ့သလို၊ အဲဒီကနေ တဆင့် စပို့တင်းလစ္စဘွန်းတို့ တန်ပြန် တိုက်စစ် ကနေ ထရင်ကာအို ဆီက တဆင့် လူးဝစ္စ ဂွီလာမီ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် ဘိုဒို/ဂလင့်မ် ဂိုးသမား နီကီတာ ဟိုင်ကင်ကို မကျော်နိုင်ခဲ့ပါဘူး။
ပွဲချိန် ၃၂ မိနစ် မှာတော့ ဘိုဒို/ဂလင့်မ် ကွင်းလယ်လူ ဆွန်ဒရီ ဖတ်ကို ဗာဂျီယန်နီဒစ်က ဧရိယာထဲမှာ တွန်းလှဲခဲ့လို့ ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ဖတ်ကပဲ အေးဆေးစွာ ကန်သွင်းယူကာ ဘိုဒို/ဂလင့်မ်ကို ဦးဆောင်နိုင်စေခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း နာကျင် အချိန်ပိုမှာ ဂျန်ပက်တာ ဟော့ဂ်ရဲ့ ပေးပို့မှုက တဆင့် ဘလွန်းဘာ့ဂ်က ဂိုးအောက်ခြေထောင့်ထဲကို လှလှပပ အဆုံးသတ်ပြီး ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ စပို့တင်းတို့ ကစားအား မြှင့်လာပြီး လူးဝစ္စ ဆွာရက်ဇက ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဟိုင်ကင် ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာတော့ ဂျန်ပက်တာ ဟော့ဂ်ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကနေ တဆင့် ကက်စပါ ဟော့ဂ်က စပို့တင်း နောက်ခံလူတွေ ကြားကနေ ခေါင်းတိုက်ကာ တတိယမြောက် အနိုင်ဂိုးကို အပိုင် အတည်ပြုပေးခဲ့ပါတယ်။

ဒီပွဲမှာ စပို့တင်းတို့ မရှုံးလောက်ဘူး ဆိုပြီး တွေးထားတဲ့သူတွေ များပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ နော်ဝေ ကလပ်ဟာ မန်စီးတီး၊ တီကို၊ အင်တာ တို့ကို တီးလာတဲ့ အသင်းပီပီ စပို့တင်း ကိုပါ သူတို့ရဲ့ အိမ်ကွင်း ခေါ်ပြီး ဂိုးပြတ် ထပ်တီးပြခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းမှာ နာမည်ကျော် ကစားသမားတွေ မပါပေမယ့် အရည်အသွေးရှိတဲ့ ကစားသမား တချို့နဲ့ အသင်းလိုက် စုဖွဲ့မှုက တော်တော်လေး အားရစရာ ကောင်းပါတယ်။ အဓိက ကတော့ စိတ်ဓာတ်ပိုင်း ဖြစ်ပြီး ဒီအခြေအနေ ကပဲ သူတို့ကို ဒီနှစ် ချန်ပီယံလိဂ်မှာ မထင်မှတ်တာတွေ လုပ်ပြဖို့ အားအင်ရှိနေစေတာ ဖြစ်ပါလိမ့်မယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဘိုဒို/ဂလင့်မ်ဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခု အပြင် ဘက်က အသင်းတွေထဲမှာ ချန်ပီယံလိဂ် ၅ ပွဲ ဆက်တိုက် အနိုင်ရတဲ့ ၅ သင်းမြောက် အသင်း ဖြစ်လာပါတယ်။ ဒီနေ့ ပွဲမှာ ဘိုဒို ကစားသမား အိုလီ ဘလွန်းဘာ့ဂ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူခြင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု ၅ ကြိမ်နဲ့ အထက် ပြုလုပ်နိုင်တဲ့ ၄ ဦးမြောက် ဘိုဒို ကစားသမား ဖြစ်လာပါတယ်။ ဒီရာသီမှာ ဘေယန်မြူးနစ် တစ်သင်းတည်းသာ ဘိုဒိုထက် ပိုများတဲ့ ကစားသမား အရေအတွက် (၅ ဦး) စံချိန်တင်ထားတာပါ။ဒိန်းမတ် တိုက်စစ်မှူး ကက်စပါ ဟော့ဂ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၅ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါဟာ ၂၀၀၉-၂၀၁၀ ရာသီက နစ်ကလက်စ် ဘန့်တနာနဲ့ ၂၀၂၃-၂၀၂၄ ရာသီက ရက်စ်မက်စ် ဟွိုက်ဂျ်လန်းတို့ တင်ထားတဲ့ ဒိန်းမတ် ကစားသမား တစ်ဦးရဲ့ တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းတဲ့ စံချိန်နဲ့ တူညီသွားတာ ဖြစ်ပါတယ်။ ဘိုဒို/ဂလင့်မ်ဟာ ဒီပွဲမှာ အနိုင်ရဖို့ အမှန်တကယ် ထိုက်တန်ခဲ့ပါတယ်။ သူတို့ရဲ့ မျှော်မှန်းဂိုး (xG) ဟာ ၂.၄၆ အထိ ရှိခဲ့ပြီး စပို့တင်း ကတော့ (xG) ၀.၅၁ သာ ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


