ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ရဲ့ နောက်ထပ် ပွဲကောင်းတစ်ပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ Parc des Princes မှာ အကြိတ်အနယ် ကစားခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့ပွဲရဲ့ အစောပိုင်းမှာ ပီအက်စ်ဂျီနဲ့ ခြေရည်တူ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ကစားဟန် ပျက်ယွင်းသွားခဲ့တာကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့် ဒုတိယအကျော့ အတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးဟာ လာမယ့် အင်္ဂါနေ့ ဒုတိယအကျော့မှာ ၃ ဂိုးပြတ် အရှုံး ကနေ ပြန်လည် ကျော်ဖြတ်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ လူစားဝင် ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာက ပွဲပြီးခါနီးမှာ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီက ချဲလ်ဆီးကို ၅-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပထမပိုင်း ပွဲစပြီး ၄ မိနစ်မှာ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပတ်ဒရို အခွင့်အရေး လွဲချော်ခဲ့ပြီးနောက် ၁၀ မိနစ်မှာ ပီအက်စ်ဂျီတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အူစမန်နီ ဒမ်ဘီလီရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဘရက်ဒ်လေ ဘာကိုလာက ကန်သွင်းခဲ့တာပါ။ အဲဒီနောက် ပွဲချိန် ၂၈ မိနစ်မှာ အန်ဇို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှု ကနေ မာလို ဂူစတိုက ဂိုးသမား ဆာဖိုနော့ဗ်ကို ကျော်ကာ ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာပဲ ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့ ဂိုးနဲ့ ထပ်မံ ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ၅၇ မိနစ်မှာ ပတ်ဒရို နက်တိုရဲ့ ဖန်တီးပေးမှု ကနေ အန်ဇို ဖာနန်ဒက်စ်က ချဲလ်ဆီး အတွက် ဒုတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာ ချဲလ်ဆီး ဂိုးသမား ဖိလစ်ပ် ဂျော်ဂျန်ဆင်ရဲ့ အမှား ကနေ တဆင့် ဘာကိုလာက ဘောလုံး ဖြတ်ယူပြီး ခါဗရာစခီလီယာဆီ ပေးပို့ခဲ့ရာ ဗစ်တင်ညာက လှလှပပပဲ ကန်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ခါဗရာစခီလီယာက ဧရိယာထဲ ထိုးဖောက် ဝင်ရောက်ပြီး ဂိုးထောင့်ထဲကို ပြင်းထန်စွာ ကန်သွင်းကာ စတုတ္ထဂိုး သွင်းခဲ့သလို၊ နာကျင် အချိန်ပို မှာလည်း အာချက်ဖ် ဟာကီမီရဲ့ ပေးပို့မှု ကနေ ပဉ္စမမြောက် အနိုင်ဂိုးကို သွင်းယူပြီး ၅-၂ ရလဒ်နဲ့ ပွဲကို အပြတ်အသတ် အနိုင်ရစေခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက သူတို့ ဒုတိယ ချေပဂိုး ရခဲ့တဲ့ ပွဲချိန် မိနစ် ၆၀ ဝန်းကျင်လောက် အထိ ပီအက်စ်ဂျီကို တတ်နိုင်သမျှ ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုစီနီယာရဲ့ အသင်းက ပွဲချိန် နှောင်းပိုင်း မှာတော့ လူးဝစ္စ အင်းနရစ်ခ်ရဲ့ အသင်းကို နည်းဗျူဟာပိုင်းအရ မယှဉ်နိုင်တော့ပါဘူး။ တကယ်တော့ ချဲလ်ဆီးဟာ လူစာရင်းအရ ပီအက်စ်ဂျီကို ကောင်းကောင်း ယှဉ်နိုင်ခဲ့ပေမယ့် နည်းပြ နှစ်ဦးရဲ့ အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်း၊ ဆုံးဖြတ်ချက်တွေက ပွဲကို အဖြေထုတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဘာကိုလာဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ဘရက်စ်နဲ့ ပွဲမှာ ဂိုးသွင်းပြီး နောက်ပိုင်း ဥရောပ ပြိုင်ပွဲ ၁၇ ပွဲဆက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို ဒီနေ့ပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ခါဗရာစခီလီယာဟာ သူကစားခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ၅ ပွဲမှာ ၅ ဂိုး (၃ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီး) အထိ တိုက်ရိုက် ပါဝင်ပတ်သက်ထားပါတယ်။ ဒါ့အပြင် နောက်ထပ် လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဒီဇိုင်းယား ဒူယေး ကလည်း နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
တဖက်မှာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲတည်းမှာ ဂိုးသွင်းယူခြင်းနဲ့ ဂိုးဖန်တီးခြင်းကို ပထမဆုံးအကြိမ် တစ်ပြိုင်နက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပဲမှာ ချဲလ်ဆီးဟာ မျှော်မှန်းဂိုး (xG) ၁.၅၃ အထိ ရှိခဲ့ပြီး ပီအက်စ်ဂျီရဲ့ (xG) ၀.၈၇ ထက် သာလွန်ခဲ့ပေမယ့် ဂိုးသမား အမှားနဲ့ နောက်ကျဂိုးတွေကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့် ပွဲစဉ်မျာ
းပီအက်စ်ဂျီဟာ လာမယ့် ရက်တွေမှာ ကစားရဖို့ မရှိပဲ မတ်လ ၁၈ ရက်နေ့မှ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ဒီကြားထဲမှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


