လစ်ဗာပူးလ် – ဂါလာတာဆာရေး
လစ်ဗာပူးလ် ကတော့ ဂါလာတာဆာရေးကို ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် အန်ဖီးလ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပထမအကျော့ တူရကီမြေမှာ တစ်ဂိုး-ဂိုး မရှိနဲ့ ရှုံးနိမ့်ထားတာကြောင့် အခုပွဲမှာ အဆိုပါ ရလဒ်ကို အနိုင် အဖြစ် ပြောင်းလဲဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်
နည်းပြ အာနေး ဆလော့တ်ဟာ ပြီးခဲ့တဲ့ တပတ်က သူ့ရဲ့ လစ်ဗာပူးလ် နည်းပြ ဘဝ ပွဲပေါင်း ၁၀၀ ပြည့်ကို နိုင်ပွဲနဲ့ မဆင်နွှဲနိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာ သူ့ရဲ့ အသင်း ပိုမို ကောင်းမွန်စွာ ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာပါ ထပ်မံ ထွက်ခွာရရင်တော့ အာနေး ဆလော့တ် အပေါ် ဖိအားတွေ ပိုမို ကြီးထွားလာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကလည်း ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်နဲ့ ၁-၁ သရေကျခဲ့တာကြောင့် အဆင့် ၄ အတွင်း ဝင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်ကွင်းဟာ လစ်ဗာပူးလ် အတွက် အားကိုးရာ ဖြစ်ပြီး ဥရောပ ပွဲစဉ် နောက်ဆုံး ၁၉ ပွဲမှာ ၁၅ ပွဲ အထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။
ဂါလာတာဆာရေး

လစ်ဗာပူးလ်ဟာ နောက်တစ်ဆင့် တက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲ ဆိုသော်ငြားလည်း ဂါလာတာဆာရေး ကလည်း ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့ အခြေအနေကောင်း တစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ တူရကီကလပ်ဟာ ချန်ပီယံလိဂ် အပါအဝင် ဥရောပပြိုင်ပွဲတွေမှာ ပထမအကျော့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ၁၇ ကြိမ်အနက် ၁၄ ကြိမ် အထိ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ချန်ပီယံလိဂ် အဝေးကွင်း မှတ်တမ်း ကတော့ အလွန် ဆိုးရွားနေပြီး နောက်ဆုံး ၂၃ ပွဲမှာ ၁၉ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ အင်္ဂလန်မြေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲ မှာလည်း ၂၀၂၃-၂၀၂၄ ရာသီက ယူနိုက်တက်ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲတစ်ပွဲတည်းသာ အနိုင်ရဖူးပါတယ်။ အားသာချက် တစ်ခုက ဂါလာတာဆာရေးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် ပေးဂိုး မရှိအောင် ကစားထားနိုင်ပြီး၊ တူရကီလိဂ် ဇယားထိပ်မှာလည်း ၇ မှတ် ဖြတ်ကာ ဦးဆောင်နေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ကော်နာ ဘရက်ဒ်လီ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒိုနဲ့ အိဆက်ခ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ဂါလာတာဆာရေး ဘက်မှာတော့ ဘဲလ်တက်ဆီ၊ အန်းနက်စ် ဘူယော့ခ် တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – အလီဆွန်၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဆာလာ၊ ဆိုဘို့ဇ်ဆလိုင်း၊ ဗစ်ဇ်၊ အစ်ကီတီကေး
ဂါလာတာဆာရေး – ဆာကီယာ၊ ဆာလာအီ၊ ဆင်ဂို၊ ဘာဒက်ချီ၊ ဂျက်ကော့ဘ်၊ တော်ရိုင်းယား၊ လီမီနာ၊ ယီလ်မက်ဇ်၊ ဆာရာ၊ လန်းဂ်၊ အိုဆင်မ်ဟန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း ကတော့ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၃ ကြိမ်စလုံး ဂါလာတာဆာရေးက အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၂ ကြိမ် တွေ့ဆုံထားပြီး ၁-၀ ဆိုတဲ့ ရလဒ်တွေနဲ့ ဂါလာတာဆာရေးက နိုင်ထားတာပါ။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လစ်ဗာပူးလ်က ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ဂါလာတာဆာရေး ကတော့ ၅ ပွဲစလုံး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၂၆ ဆ၊ ဂါလာတာဆာရေး နိုင်ရင် ၇.၄၀ ဆ၊ သရေ ဆိုရင်တော့ ၅.၇၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ် ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ ဂိုးပေါ်နိုင်မယ့် အခြေအနေမျိုးပါပဲ။ ဂါလာတာဆာရေးရဲ့ ဥရောပ အဝေးကွင်း မှတ်တမ်းက စိုးရိမ်စရာ ဖြစ်နေပေမယ့် ဒီရာသီမှာ လစ်ဗာပူးလ်ကို ပေးဂိုး မရှိဘဲ နှစ်ကြိမ်တိုင်တိုင် အနိုင်ရထားတာကြောင့် ယုံကြည်မှု အပြည့် ရှိနေပါလိမ့်မယ်။ လက်ရှိမှာ ခြေစွမ်း မမှန် ဖြစ်နေတဲ့ လစ်ဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာပဲ အံ့အားသင့်ဖွယ် ရလဒ်မျိုးနဲ့ ကျော်ဖြတ်သွားနိုင်ခြေ ရှိတာကိုလည်း မေ့လျော့ထားလို့ မရပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် အခြေအနေမျိုး မှာတော့ လစ်ဗာပူးလ် ဘက်က ရပ်တည်ထားတာပဲ စိတ်ချရလိမ့်မယ် ထင်ပါတယ်။ ဂိုးပေါ် ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၃-၂ ဂါလာတာဆာရေး (အချိန်ပို ရလဒ် ၁-၀ နဲ့ လစ်ဗာပူးလ် ကွာတားဖိုင်နယ်တက်)
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


