နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ခဲ့တဲ့ ကျေနပ်နေတဲ့ အင်တာမီလန် နည်းပြ ချီဗူး | စီးရီးအေ

းဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတီယန် ချီဗူး ကတော့ လာမယ့် ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ကို အောင်မြင်စွာ ရယူနိုင်ခဲ့တဲ့ အပေါ်မှာ ပိုမို ပျော်ရွှင်နေခဲ့ပါတယ်။ 

ကက်ဂလီယာရီကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အင်တာမီလန်ရဲ့ ကစားဟန်ကို ချီဗူးက အလွန် သဘောကျနေပြီး လာမယ့် ရာသီ ဥရောပ စင်မြင့်ထက်မှာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အတွက်လည်း ဝမ်းသာနေပါတယ်။ သောကြာနေ့ အစောပိုင်း ပွဲစဉ်မှာ ကိုမိုက ဆာဆူအိုလိုကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာက အင်တာမီလန် အတွက် ချန်ပီယံလိဂ် ဝင်ခွင့် အတည်ပြုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့သလို ဖြစ်ခဲ့ပြီး ချီဗူးရဲ့ အသင်း ကလည်း အဲဒီ အခွင့်အရေးကို အပြတ်အသတ် အနိုင်ရလဒ်နဲ့ အရယူခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်တို့ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်း အစမှာ မားကပ်စ် သူရမ်နဲ့ နီကိုလို ဘာရယ်လာ တို့က ၄ မိနစ် အတွင်း တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးခါနီးမှာ ပီယော့တာ ဇီလင်းစကီးက တတိယဂိုးကို သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်တာမီလန်သည် သူတို့ရဲ့ သမိုင်းတစ်လျှောက် စီးရီးအေ ပထမ ၃၃ ပွဲမှာ ၂၅ ပွဲနဲ့ အထက် အနိုင်ရတဲ့ စံချိန်ကို ၄ ကြိမ်မြောက် အဖြစ် တင်နိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားတဲ့ အပြင် အမှတ်ပေးဇယားမှာ ဒုတိယ နေရာက အသင်းကို ၁၂ မှတ် အထိ ဖြတ်ထားနိုင်ခဲ့သောကြောင့် “ စကူဒက်တို” ဖလားကို သိမ်းပိုက်ဖို့ ခြေတစ်လှမ်း ထပ်မံ နီးစပ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က ချီဗူးဟာ အင်တာမီလန်ရဲ့ အဓိက ပန်းတိုင်က ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ဖြစ်ကြောင်း ပြိုင်ဘက်တွေကို ခနဲ့တဲ့တဲ့ ပြောဆိုခဲ့ထားခဲ့ပါတယ်။ ဒါ့အပြင် အခုလည်း ချီဗူးက ချန်ပီယံဆုထက် ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာကို ထပ်မံ အလေးပေးသွားခဲ့တာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ တပတ်က ကျွန်တော် ခနဲ့ပြီး ပြောခဲ့တာ မှန်ပေမယ့် နောက်နေတာတော့ မဟုတ်ပါဘူး။ အခု ရလဒ် အတွက် ကျွန်တော်တို့ တကယ်ပဲ ပျော်ရွှင်ရပါတယ်။” လို့ ချီဗူးက Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အင်တာမီလန်ဟာ စီးရီးအေ ဖလား ရရှိဖို့ ၉၉.၇ ရာခိုင်နှုန်း အထိ သေချာနေပြီ ဖြစ်ပါတယ်။
ရာသီမကုန်ခင်မှာပဲ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားတဲ့ အင်တာမီလန်

ဆက်လက်ပြီး သူက “ဒီပွဲက ဘယ်လောက် အရေးကြီးလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပထမပိုင်း မှာတော့ ပြဿနာ တချို့ ရှိခဲ့တယ်။ ဘောလုံး ပေးပို့မှုတွေက နှေးကွေးလွန်းတော့ ကက်ဂလီယာရီက နေရာလွတ်တွေကို ပိတ်နိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ကစားကွက်ကို ပိုချဲ့လိုက်ပြီး တိုက်စစ်ကို မြှင့်လိုက်တဲ့ အတွက် အရှိန်တက်လာခဲ့တာပါ။ ဒီအသင်းက ဂိုးစသွင်းနိုင်ပြီ ဆိုတာနဲ့ သူတို့ရဲ့ ကစားဟန်ကို သူတို့ကိုယ်တိုင် ပျော်ပျော်ပါးပါးနဲ့ ပိုကောင်းအောင် ကစားနိုင်ကြပါတယ်။ အခုဆိုရင် ရာသီကုန်ဖို့ ၅ ပွဲအလို မှာတင် ချန်ပီယံလိဂ် ဝင်ခွင့် ဆိုတဲ့ ပန်းတိုင်ကို ရောက်သွားပြီ ဖြစ်လို့ ရာသီကုန်ထိ ဒီခြေစွမ်းကို ထိန်းထားဖို့ပဲ ကြိုးစားသွားမှာပါ။” လို့ ဆိုပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အင်တာမီလန်ဟာ စီးရီးအေ ဖလား ရရှိဖို့ ၉၉.၇ ရာခိုင်နှုန်း အထိ သေချာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာက လာမယ့် တပတ်မှာ ကိုမိုနဲ့ ကစားရမယ့် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်လည်း ကျန်ရှိနေပါသေးတယ်။

အင်တာဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဘိုဒို/ဂလင့်မ်ကို ရှုံးနိမ့်ကာ ပလေးအော့ဖ် အဆင့် ကနေပဲ မမျှော်လင့်ဘဲ ထွက်ခွာထားရပါတယ်။ လာမယ့်ရာသီ ဥရောပ စင်မြင့်မှာ ငွေကြေး အင်အား တောင့်တင်းတဲ့ အအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိ၊ မရှိ မေးမြန်းရာမှာ ချီဗူးက “ဥရောပမှာ ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ် အသင်းတွေက အသင်းကို အင်အားဖြည့်ဖို့ ငွေတွေ အများကြီး သုံးကြတာလေ။ ဒါပေမယ့် ငွေတွေ အများကြီး သုံးတိုင်းလည်း ချန်ပီယံလိဂ်မှာ အောင်မြင်မယ်လို့ အာမမခံနိုင်တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ကတော့ အကောင်းဆုံး ယှဉ်ပြိုင်သွားချင်တယ်။ အသင်းတိုင်းရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ပဲလေ၊ ဒါကြောင့် ကျွန်တော် ပြောခဲ့တာတွေက တကယ်ပါ၊ လူတိုင်းက ဒီပြိုင်ပွဲမှာ ပါဝင်ချင်ကြတာပဲ။” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်