နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဟာဗတ်ဇ်ရဲ့ နောက်ကျ ပင်နယ်တီဂိုးကြောင့် ကံကောင်းလို့ သရေရခဲ့တဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အဖြစ် လေဗာကူဆင်နဲ့ ရင်ဆိုင်ရာမှာ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ဒီပွဲမှာ ခြေစွမ်း လုံးဝ မကောင်းခဲ့ပေမယ့် ဒုတိယအကျော့ မတိုင်ခင် ရှုံးနိမ့်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီး အနည်းငယ် အသာစီးရသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။

လေဗာကူဆင် ကတော့ ရောဘတ် အန်းဒရစ်ချ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အတူ အမ်းမရိတ်စ်မှာ ကစားရမယ့် ဒုတိယအကျော့ အတွက် အားသာချက်ရဖို့ နီးစပ်ခဲ့ပေမယ့် ဟာဗက်ဇ် ကတော့ ၁၂ ကိုက် အကွာ ပင်နယ်တီ ကနေ အေးအေးဆေးဆေးပဲ အဆုံးသတ်ကာ အမှတ်ခွဲယူနိုင်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစ ၇ မိနစ်မှာတင် ခရစ်စတီယန် ကိုဖာနေးရဲ့ ကန်ချက်ကို အာဆင်နယ် ဂိုးသမား ဒါးဗစ် ရာယာကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို အီဘရာဟင် မာဇာရဲ့ ဘယ်ခြေကန်ချက် ကလည်း ဂိုးဘားတန်းပေါ် ကျော်တက်သွားခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ် မှာတော့ အာဆင်နယ်တို့ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် အခွင့်အရေးရခဲ့ပါတယ်။ ဗစ်တာ ယောကရက်စ်ရဲ့ ပေးပို့မှု ကနေ ဂါဘရီရယ် မာတင်နယ်လီ ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းထိ ထွက်သွားလို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း အစ ၁၀ စက္ကန့် မှာတင် မာတင် တယ်ရီယာရဲ့ ခေါင်းတိုက်ချက်ကို ရာယာ ပုတ်ထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ ကနေ ရတဲ့ ထောင့်ကန်ဘောက တဆင့် အန်းဒရစ်ချ်က အက်ဇေးနဲ့ တင်ဘာတို့ ကြားကနေ အပိုင် ခေါင်းတိုက်ပြီး လေဗာကူဆင်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၆ မိနစ် အလို မှာတော့ တင်ဘာ အပိုင် ခေါင်းတိုက်ခွင့် လွဲချော်ခဲ့လို့ အာဆင်နယ်တို့ မျှော်လင့်ချက် ပျက်သုဉ်းတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူစားဝင်လာတဲ့ နိုနီ မာဒူအေခေကို မာလစ် တီလ်မန်း ဖျက်ထုတ်ပုံ မှားယွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီ ရခဲ့ပါတယ်။ ဒီပင်နယ်တီ ကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ ဟာဗက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကတော့ မတ်လ ၁၈ ရက်နေ့ အမ်းမရိတ်စ်မှာ ကစားကြမှာ ဖြစ်ပါတယ်။
ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေမှုကြောင့် လေဗာကူဆင်ကို အသာမရခဲ့တဲ့ အာဆင်နယ်

ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှ အင်္ဂလန် ၆ သင်းစလုံး ရလဒ်မကောင်းခဲ့တာ တွေ့ရပြီး ဒီထဲမှာ အာဆင်နယ်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက အာဆင်နယ်ဟာ နယူးကာဆယ်လို သရေရခဲ့တာ ဖြစ်ပြီး မန်စီးတီး၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ စပါး တို့လို မရှုံးခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းအရ ဆိုရင်တော့ အာဆင်နယ်က တော်တော်လေး ရုန်းကန်ခဲ့ရပြီး ချန်ပီယံဆု အတွက် အသင့် မဖြစ်သေးတဲ့ အခြေအနေမျိုး မြင်တွေ့ခဲ့ရပါတယ်။ အဓိက အားနည်းချက်က တောင်ပံတွေနဲ့ တိုက်စစ်ပိုင်း ဖြစ်ပြီး အလုပ်မဖြစ်ခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ လက်ရှိ အချိန်ထိ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အပြည့်အဝ ရှိနေဆဲ ဖြစ်ပေမယ့် မီခဲလ် အာတေးတား အနေနဲ့ လက်ရှိ အသင်းရဲ့ အားနည်းချက်တွေကို အလျင်အမြန် ပြင်ဆင်သင့်နေပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မာဒူအေခေဟာ ၂၀၁၀ ပြည့်နှစ် မတ်လက ပေါ်တိုနဲ့ ပွဲမှာ အီမန်နျူရယ် အီဘိုယေး ပြီးနောက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ခုမှာ အာဆင်နယ် အတွက် ပင်နယ်တီ ရအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံး လူစားဝင် ကစားသမား ဖြစ်လာပါတယ်။

ဟာဗက်ဇ်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ သူကန်ခဲ့တဲ့ ပင်နယ်တီ ၄ ကြိမ်စလုံး ဂိုးဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထူးခြားချက်က သူဟာ BayArena ကွင်းမှာ လေဗာကူဆင် အတွက်ရော (၂၀၂၀ ခုနှစ်က ပေါ်တိုနဲ့ ပွဲ) ၊ လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ အာဆင်နယ် အတွက်ပါ ပင်နယ်တီ သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲက အကြိတ်အနယ် ရှိခဲ့ပေမယ့် အာဆင်နယ်က ပိုပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ လေဗာကူဆင်က ဂိုးပေါက်ကန်ချက် ၁၀ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ၀.၈၈ သာ ရှိခဲ့ပေမယ့် အာဆင်နယ် ကတော့ ကန်ချက် ၆ ကြိမ်တည်းနဲ့ (xG) ၁.၆၅ အထိ ရှိခဲ့တာကြောင့် အာဆင်နယ်တို့ အနေနဲ့ ဒီထက် ပိုပြီး ရလဒ်ကောင်းခဲ့သင့်တယ်လို့ပဲ ဆိုရမှာပါ။

 

လာမယ့် ပွဲစဉ်များ

လေဗာကူဆင်က လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ဇယား ထိပ်က ဘေယန်မြူးနစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ မတ်လ ၁၅ ရက်နေ့မှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကတော့ မတ်လ ၁၈ ရက်နေ့ အမ်းမရိတ်စ်မှာ ကစားကြမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်