နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လူကာ ဗူစကိုဗစ် (သို့မဟုတ်) ဘွန်ဒက်လီဂါမှာ တောက်ပနေတဲ့ ပရီးမီးယားလိဂ်ရဲ့ အနာဂတ်ခံစစ်မှူး

ပရီးမီးယားလိဂ်မှာ ၉၀ ခုနှစ်တွေက စတိဗ်ဘရုစ်၊ တိုနီ အဒမ် တို့လို မာကျောတဲ့ ခံစစ်မှူးတွေ ကနေ၊ ၂၀၀၀ ပြည့်နှစ်တွေမှာ ဂျွန်တယ်ရီ၊ ရီယို ဖာဒီနန်တို့လို နည်းစနစ် ကြွယ်ဝသူတွေ အထိ ခံစစ်မှူးကောင်း များစွာ ပေါ်ထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်း မျိုးဆက် မှာတော့ ဝီလီယမ် ဆလီဘာနဲ့ မာ့ခ် ဂူဟီ တို့လို ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ရှိပြီး တစ်ဦးချင်း ရင်ဆိုင်မှုမှာ ထူးချွန်တဲ့သူတွေ ခေတ်စားလာပါတယ်။

အခုဆိုရင်တော့ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှား လူငယ် ကြယ်ပွင့်လေး လူကာ ဗူစကိုဗစ်ဟာ အနာဂတ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်။

 

ဟမ်းဘတ်မှာ တောက်ပနေခြင်း

တော့တင်ဟမ်ဟော့စပါး အသင်းဟာ သူ့ကို ၂၀၂၃ နွေရာသီမှာ ဟိုက်ဒတ်စပလစ် အသင်း ဆီကနေ ကြိုတင် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းနဲ့ ပူးပေါင်းခဲ့တာပါ။ ဒါပေမယ့် သူ့ကို ခြေစွမ်း တိုးတက်လာစေဖို့ အတွက် ဂျာမန် ကလပ် ဟမ်းဘတ်ဆီ အငှားချခဲ့ပါတယ်။ လက်ရှိမှတော့ စပါးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ဗူစကိုဗစ်က သက်သေပြနေပါတယ်။ သူဟာ ဒီရာသီ ဟမ်းဘတ် အသင်းရဲ့ ပွဲစဉ် အားလုံး နီးပါးမှာ ပွဲထွက် ကစားခွင့် ရထားပြီး ၄ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ အထူးသဖြင့် ဘေယန်မြူနစ်နဲ့ ပွဲမှာ ချေပဂိုး သွင်းယူခဲ့ပြီး ဟယ်ရီကိန်းလို တိုက်စစ်မှူးမျိုးကို အိတ်ကပ်ထဲထည့်နိုင်ခဲ့တာကြောင့် ဂျာမနီ ဂန္ထဝင် လိုသာ မားသီးယပ်စ်ရဲ့ ချီးကျူးခြင်း ကိုတောင် ရရှိခဲ့ပါတယ်။

“သူက ခေါင်းတိုက်တာ၊ ဖျက်ထုတ်တာနဲ့ ဂိုးသွင်းတာတင် မဟုတ်ဘူး၊ ခံစစ် တစ်ခုလုံးကို ဦးဆောင် ညွှန်ကြားနိုင်စွမ်း ရှိတယ်။ ဒါဟာ လူငယ် တစ်ယောက်မှာ တွေ့ရခဲတဲ့ အရည်အချင်းပါ။” လို့ မားသီးယပ်စ်က ပြောခဲ့ပါတယ်။

 

ကိန်းဂဏန်းအချက်အလက်တွေအရ ထူးခြားမှု

ဗူစကိုဗစ်ဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ခံစစ်ရော တိုက်စစ်ပါ အံ့မခန်း စွမ်းဆောင်ထားပါတယ်။ အမြင့်ဘော (Ariel Dual) အောင်မြင်မှု ၁၀၁ ကြိမ် (လိဂ်မှာ တတိယအများဆုံး) ၊ ဘောလုံးရှင်းထုတ်မှု ၁၅၁ ကြိမ် (လိဂ်မှာ ဒုတိယ အများဆုံး)၊ ဂိုးဖန်တီးမှု အခွင့်အရေး၊ ဖန်တီးနိုင်မှုမှာ ထိပ်တန်း ၁၀ ရာခိုင်နှုန်း အတွင်း ရှိနေသလို၊ သွင်းဂိုး (၄ ဂိုး) အရ ထိပ်တန်း ၁ ရာခိုင်နှုန်း အတွင်းမှာ ရှိနေပါတယ်။

စပါး အတွက် ဘာတွေ ယူဆောင်လာပေးမလဲ

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီရာသီမှာ ခံစစ် အားနည်းချက်ကြောင့် ပေးဂိုး ၃၇ ဂိုး အထိ ရှိနေပါတယ်။ ဗူစကိုဗစ်ဟာ လက်ရှိ စပါး ခံစစ်မှူးတွေ ဖြစ်တဲ့ ခရစ္စတီယန် ရိုမီယို၊ ဗန်ဒီဗန် တို့ထက်တောင် တချို့သော ကိန်းဂဏန်းတွေမှာ သာလွန်နေပါတယ်။ သူဟာ ခံစစ်မှာ ကျောက်ဆောင်လို ခိုင်မာရုံတင်မကဘဲ နောက်တန်း ကနေ တိုက်စစ်ကို စတင်ပေးနိုင်တဲ့ (Ball-playing defender) အမျိုးအစား ဖြစ်လို့ စပါး အသင်းရဲ့ နည်းပြသစ် အတွက် အဖိုးတန် ရတနာ တစ်ခု ဖြစ်လာမှာပါ။

 

၂၀၂၆ ကမ္ဘာ့ဖလားနှင့် အနာဂတ်

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အသက် ၂၀ အရွယ် ယော့စကို ဂါဗာဒီယိုလ် တစ်ဦးတည်း ကမ္ဘာကို ကိုင်လှုပ်ခဲ့သလိုမျိုး၊ အခု ၂၀၂၆ ကမ္ဘာ့ဖလား မှာလည်း ဗူစကိုဗစ်ဟာ ခရိုအေးရှားနဲ့ အတူ တောက်ပလာဖို့ ရှိနေပါတယ်။ အကယ်၍ သူသာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဟာ နောက်ထပ် ဂန္ထဝင်မြောက် ဗဟိုနောက်ခံလူသစ် တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ သွေးသစ် ပြန်လောင်းဖို့ လိုနေပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် စပါး အတွက်တော့ ဗူစကိုဗစ်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာမှာ သေချာနေကြောင်း သုံးသပ်ရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်