ဟယ်ရီကိန်း ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ကစားသမား ဘဝ သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် တိုက်စစ်မှူးက ရောဘတ် လီဝမ်ဒေါစကီး တင်ထားတဲ့ ဘွန်ဒက်စ်လီဂါ တစ်ရာသီအတွင်း ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက လောလောဆယ်မှာ ပွဲစဉ် တစ်ပွဲချင်းစီ ကိုပဲ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဝါဒါဘရီမင်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဟယ်ရီကိန်းက ၂ ဂိုး သွင်းယူခဲ့တာကြောင့် ဘေယန်မြူးနစ်ဟာ ဇယားထိပ်မှာ ဒေါ့မန်ကို ၆ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကိန်းရဲ့ ဒုတိယမြောက်ဂိုး (ဧရိယာအပြင်ဘက် ကနေ တိတိကျကျ ကန်သွင်းယူခဲ့တဲ့ဂိုး) ဟာ သူ့ရဲ့ ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်လည်း ဖြစ်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ဝါဒါဘရီမင်နဲ့ ပွဲက ပထမဂိုးကို ပင်နယ်တီ ကနေ သွင်းယူခဲ့တာ ဖြစ်လို့ သူ့ရဲ့ ကစားသမား ဘဝ ပင်နယ်တီ သွင်းဂိုးဟာ အခုဆိုရင် အလုံး ၁၀၀ တိတိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကိန်းက ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါမှာ စုစုပေါင်း ၄၀၅ ပွဲ ကစားထားခဲ့ပြီး ဥရောပထိပ်သီးလိဂ် သွင်းဂိုး ကတော့ ၃၀၁ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီမှာ ဟယ်ရီကိန်းရဲ့ ဂိုးသွင်း စွမ်းရည်ဟာ တော်တော်လေး ကြောက်စရာကောင်းနေပြီး ၆၈ မိနစ်တိုင်းမှာ ၁ ဂိုးနှုန်း သွင်းယူနေတာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ဂိုးသွင်းနှုန်းလည်း ဖြစ်ပါတယ်။ ၂၀၂၀-၂၁ ရာသီမှာ ပိုလန် တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီး တင်ရှိထားတဲ့ တစ်ရာသီ အတွင်း ၄၁ ဂိုး စံချိန်ဟာ အမြင့်ဆုံး အဖြစ် ရှိနေဆဲပါ။ ဒါပေမယ့်လည်း ဟယ်ရီကိန်းက ဒီရာသီ ၂၂ ပွဲသာ ကစားပြီးချိန်မှာတင် ၂၆ ဂိုး သွင်းယူထားပြီး ဖြစ်တာကြေင့် လက်ရှိ ပုံစံကောင်း တစ်ခုကိုသာ ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ လီဝမ်ဒေါစကီးရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ မခက်ခဲနိုင်ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက ကိန်းရဲ့ ဒီရာသီ ဂိုးပြောင်းလဲနိုင်စွမ်းက ၃၀.၆ ရာခိုင်နှုန်းနဲ့ ကန်ချက် တိကျမှု ၇၈.၁ ရာခိုင်နှုန်းဟာ လီဝမ်ဒေါစကီး စံချိန်တင်ခဲ့တဲ့ နှစ်က ကိန်းဂဏန်းတွေထက် ပိုမိုသာလွန်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟယ်ရီကိန်းက “ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် လိုပါသေးတယ်။ ဒါဟာ မယုံနိုင်စရာ ကောင်းတဲ့ စံချိန် တစ်ခုပါ။ အခုချိန်မှာ ကျွန်တော် ခြေစွမ်းပြနေနိုင်လို့ အသင်းကို ကူညီပေးနိုင်တာ ဝမ်းသာပါတယ်။ ဧပြီလလောက်ကျမှ ကျွန်တော် ဘယ်အခြေအနေ ရောက်နေလဲ ဆိုတာ ပြန်ကြည့်ပြီး စဉ်းစားမှာပါ။ အခုကတော့ ရှေ့လာမယ့် ပွဲစဉ်တွေကိုပဲ အာရုံစိုက်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ ဖြစ်သူ ဗင်းန်ဆင့် ကွန်ပနီ ကတော့ ဟယ်ရီ ကိန်း အတွက် စံချိန်ထက် ဒုတိယမြောက် ဘွန်ဒက်စ်လီဂါ ဖလား ရရှိဖို့က ပိုမို အရေးကြီးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “သူ့အတွက် စံချိန်ထက် ဆုဖလားက ပိုအရေးကြီးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က နောက်ခံလူဟောင်း ဖြစ်လို့ မှားချင်လည်း မှားနိုင်တာပေါ့လေ (ရယ်လျက်)။ သူက ဟယ်ရီကိန်းပဲလေ၊ သူ ကတော့ အမြဲတမ်း ဂိုးတွေ သွင်းနေဦးမှာပါ။” လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။
တခြား တစ်ဖက် မှာတော့ ဂိုးသမားကြီး မန်ဝဲလ် နော်အာကို ပထမပိုင်း အပြီး လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး အားကစားဒါရိုက်တာ ခရစ္စတိုဖာ ဖရိုင်းက ဒါဟာ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူစားလဲခဲ့တာ ဖြစ်ပြီး စိုးရိမ်စရာ အခြေအနေ မရှိကြောင်း အတည်ပြုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


