အက်တလက်တီကိုမက်ဒရစ် – ဘာစီလိုနာ
ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် အက်တလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ အိမ်ကွင်း ဖြစ်တဲ့ မက်ထရိုပိုလီတာနိုမှာ ဘာစီလိုနာ ဧည်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ စပိန် ထိပ်သီး နှစ်သင်းဟာ ဒီပြိုင်ပွဲရဲ့ အဆင့်တူ နေရာမှာ ထပ်မံဆုံတွေ့ကြတာ ဖြစ်ပြီး၊ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ ကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အခုပွဲမှာ လက်စားချေနိုင်ဖို့ ရည်မှန်းထားပါလိမ့်မယ်။
အက်တလက်တီကိုမက်ဒရစ်
အက်တလက်တီကိုမက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်တုန်း ကလည်း ဘာစီလိုနာနဲ့ ဆုံတွေ့ခဲ့ပြီး ရှုံးနိမ့်ခဲ့ရတဲ့ အတွေ့အကြုံဟောင်း ရှိပါတယ်။ အဲဒီတုန်းက ပထမအကျော့မှာ ၄-၄ ဂိုးနဲ့ သရေကျခဲ့ပေမယ့် ဒုတိယအကျော့မှာ ဘာစီလိုနာက ၁-၀ နဲ့ အနိုင်ရရှိသွားတာကြောင့် ဗိုလ်လုပွဲ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဘာစီလိုနာ ကတော့ အဲဒီရာသီမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။ ဆီမြွန်နီရဲ့ အက်တလက်တီကိုဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ်ဘက်တစ်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်လို့ ရာသီအတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တပတ် လာလီဂါ ပွဲစဉ် မှာတော့ ဘက်တစ် ကိုပဲ ၁-၀ နဲ့ ပြန်လည် ရှုံးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့အရှိန်အဟုန်ဟာ အနည်းငယ် ရပ်တန့်သွားခဲ့ပါတယ်။ အက်တလက်တီကိုဟာ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး ခြေစွမ်း မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ လာလီဂါ အမှတ်ပေးဇယားမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က ဘာစီလိုနာနဲ့ ၁၃ မှတ်အထိ ကွာဟနေတာကြောင့် လာလီဂါ ချန်ပီယံ မျှော်လင့်ချက် ကတော့ မှေးမှိန်နေပါတယ်။ လက်ရှိ အခြေအနေအရ ကိုပါဒယ်ရေးဖလားဟာ တီကို အတွက် ဒီရာသီ ဆုဖလား မျှော်လင့်ချက် အရှိဆုံး ပြိုင်ပွဲဖြစ်နေပြီး၊ ပြီးခဲ့တဲ့ရာသီကလို ထပ်မဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားလာမှာ သေချာပါတယ်။
ဘာစီလိုနာ

စပိန်စူပါဖလား ရရှိထားပြီး ဖြစ်တဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်လှမ်းထားသလို၊ လာလီဂါမှာလည်း ဦးဆောင်နေတာကြောင့် “ ဖလားသုံးလုံး (Treble)” မျှော်လင့်ချက်ကို ကိုပါဒယ်ရေး ဗိုလ်လုပွဲ တက်ရောက်ခြင်းနဲ့ အတူ အကောင်အထည်ဖော်ဖို့ ပစ်မှတ်ထားနေမှာ အသေအချာပါပဲ။ လက်ရှိမှာ ဟန်ဆီ ဖလစ်ရဲ့ ဘာစီလိုနာဟာ တော်တော်လေး ကောင်းမွန်တဲ့ ပုံစံကောင်းကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲ ဆက်တိုက် အနိုင်ရထားသလို ပွဲတိုင်းမှာ အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာ ၂၃ ပွဲ ကစား၊ ရမှတ် ၅၈ မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေပြီး သွင်းဂိုး ၆၃ ဂိုး၊ ပေးဂိုး ၂၃ ဂိုးနဲ့ လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားပါတယ်။ မာယော့ကာကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲ မှာလည်း ရောဘတ် လီဝမ်ဒေါစကီး၊ လာမင်း ယာမယ်နဲ့ မာ့ခ် ဘာနယ်လ် တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ တီကို ဘက်က ဂျွန်နီ ကာဒိုဆိုနဲ့ ပါဘလို ဘာရီယို့စ် တို့ နှစ်ဦးက လွဲလို့ ကျန် အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ ရက်ရှ်ဖို့ဒ်၊ ခရစ္စတန်ဆန်၊ ဂါဗီ၊ ပက်ဒရီ၊ ရာဖင်ညာ တို့လို အဓိက ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ ယော်ရန်းတေး၊ ပူဘေးလ်၊ ဟန့်ချ်ကို၊ ရူဂါရီ၊ ဆီမြွန်နီ၊ မန်ဒိုဇာ၊ ကိုကီ၊ ဘေနာ၊ ဂရစ်ဇ်မန်း၊ လွတ်ခ်မန်း
ဘာစီလိုနာ – ဂါစီယာ၊ မာတင်၊ အဲရစ်၊ အာရူဟို၊ ကန်ဆယ်လို၊ ဘာနဲလ်၊ အော်လမို၊ လိုပက်ဇ်၊ ရက်ရှ်ဖို့ဒ်၊ တောရက်စ်၊ ယာမယ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘာစီလိုနာအတွက် အားတက်စရာတစ်ခုကတော့ အက်တလက်တီကိုနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံးမှာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရမှုကို အသုံးချပြီး ဆီမီးဖိုင်နယ် ပထမအကျော့ မှာလည်း ရလဒ်ကောင်းအောင် ဆက်လက် ကြိုးစားသွားဖွယ် ရှိပါတယ်။ ဒီနှစ်သင်း ဒီပြိုင်ပွဲမျာ ၆ ကြိမ် တွေ့ဆုံထားပြီး ဘာစီလိုနာက ၄ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ တီကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ဘာစီလိုနာက ၄ ကြိမ် နိုင်ပြီး တီကိုက ၁ ကြိမ် နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ အက်တလက်တီကို နိုင်ရင် ၂.၇၈ ဆ၊ ဘာစီလိုနာ နိုင်ရင် ၂.၁၇ ဆ၊ သရေ ဆိုရင်တော့ ၃.၅၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဘာစီလိုနာ ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အစဉ်အလာအရ တောင့်တင်းတဲ့ အသင်း ဖြစ်သလို၊ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အတွေ့အကြုံကြောင့် အခုပွဲမှာလည်း စိတ်ဓာတ်တက်ကြွမှု အပြည့်နဲ့ ကစားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ လက်ရှိ ခြေစွမ်းနဲ့ တိုက်စစ်ပိုင်းက ဂိုးသွင်းခြေမှန်နေမှုတွေက သူတို့ကို ပိုပြီး အသာစီးရစေပါတယ်။ ဧည့်သည် ဘာစီလိုနာရဲ့ တိုက်စစ်တန်းမှာ ဂိုးသွင်းယူနိုင်စွမ်း ရှိတဲ့ ကစားသမား အမြောက်အမြား ရှိနေသလို၊ ပွဲကစားနေစဉ် အတွင်း အခြေအနေ အလိုက် နည်းဗျူဟာပိုင်း ပြောင်းလဲ ကစားနိုင်စွမ်း ကလည်း ပွဲရဲ့ အရှိန်အဟုန်ကို ထိန်းချုပ်နိုင်ဖို့ သူတို့အတွက် အားသာချက် တစ်ခု ဖြစ်စေပါတယ်။ အခုလို အရေးကြီးတဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ ဘာစီလိုနာ တို့ရဲ့ တည်ငြိမ်မှုနဲ့ ပြိုင်ဘက် ဂိုးဧရိယာ အတွင်းက အဆုံးသတ် သေချာမှုတွေကပဲ အသင်း နှစ်သင်း အကြားက ကွာခြားချက်ကို ဖော်ထုတ်သွားနိုင်ဖွယ် ရှိပါတယ်။
ခန့်မှန်းရလဒ်
အက်တလက်တီကိုမက်ဒရစ် ၁-၃ ဘာစီလိုနာ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


