နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခု ဖော်ဆောင်ဦးမယ့် စပါး၊ နတ်တိုနဲ့ ပြန်လည် လက်တွဲဖို့ ရှိနေတဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြပေးသွားပါမယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး နည်းပြ ရော်ဘတ်တို ဒီဇာဘီက နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခု ရှိနေသေးတယ်လို့ စိန်ခေါ်စကား ဆိုထားပါတယ်။ ဒီစကားရဲ့ နောက်ကွယ်က ပစ်မှတ်ဟာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပို ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ခေါ်ယူချင်တယ် ဆိုရင်တော့ စပါး အနေနဲ့ ပေါင် ၇၂ သန်း အထိ သုံးစွဲရမှာပါ။ ဒါ့အပြင် စပါးတို့ ခေါ်ယူချင်နေတဲ့ ဗစ်တာ အိုဆင်မ်ဟန် ပေါင် ၅၅ သန်း အထိ ပေးဖို့ ပြင်ဆင်ထားပေမယ့် ဂါလာတာစာရေး ဘက်က ပေါင် ၆၅ သန်း အထိ တောင်းဆိုထားတာကြောင့် ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ်ကို ပေါင် ၆၈.၄ သန်း / ယူရို သန်း ၈၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေက အခိုင်အမာ ဆိုပါတယ်။ တခြား တစ်ဖက်မှာ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို ဒေါ်လာ ၁၁၅.၁ သန်းကျော်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ဖြစ်သူက ချဲလ်ဆီး မှာပဲ စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေလို့ လက်လွှတ်လိုက်ရပုံ ရပါတယ်။

မန်စီးတီး ကတော့ နည်းပြ အန်ဇို မာရက်စကာနဲ့ တပည့်ဟောင်း ပက်ဒရို နတ်တိုတို့ ပြန်လည် လက်တွဲနိုင်ဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးထံ ပေါင် သန်း ၇၀ နဲ့ စံချိန်တင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကိုတော့ ရီးရဲလ်မက်ဒရစ်က ဒေါ်လာ သန်း ၈၀.၆ အထိ အများဆုံး ပေးပြီး ခေါ်ယူချင်နေတာကြောင့် အသင်း နှစ်သင်းကြား ဈေးဆစ်မှုတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကတော့ အဲဗာတန်ရဲ့ တောင်ပံကစားသမား အီလီမန် အန်ဒီယေးကို ခေါ်ယူချင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ဟီလာရဲ့ စာချုပ်ကြေး ပေါင် ၇၅ သန်း ပေးချေမှု အောက်မှာ အရှုံးပေးလိုက်ရပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ ရန်းဒဲလ် ကိုလို မူအာနီ ရောက်လာပေမယ့်လည်း ဂျူဗင်တပ်စ် အသင်းရဲ့ လစ်လပ်နေတဲ့ တိုက်စစ် နေရာကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေဆဲပါ။

မန်စီးတီး ကတော့ နည်းပြ အန်ဇို မာရက်စကာနဲ့ တပည့်ဟောင်း ပက်ဒရို နတ်တိုတို့ ပြန်လည် လက်တွဲနိုင်ဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးထံ ပေါင် သန်း ၇၀ နဲ့ စံချိန်တင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ပက်ဒရို နတ်တိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ မန်စီးတီး

လစ်ဗာပူးလ် ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ ကိစ္စမှာ လက်မလျှော့သေးဘဲ ဒီသီတင်းပတ်အတွင်း ဆွေးနွေးမှု အသစ်တွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ တစ်ဖက် မှာလည်း လိုက်ပ်ဇစ် ကစားသမား ယန် ဒီယိုမန်ဒီရဲ့ အပြောင်းအရွှေ့ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ ထပ်ဆောင်းကြေး ကိစ္စကြောင့် ရပ်တန့်သွားခဲ့ရသလို၊ ကိုယ်စားလှယ် အေဂျင်စီဟောင်းနဲ့ အသစ်ကြားက အငြင်းပွားမှုတွေကြောင့် ရှုပ်ထွေးနေတာမို့ လစ်ဗာပူးလ်နဲ့ ပီအက်စ်ဂျီ တို့ပါ ဆွေးနွေးပွဲထဲ ကနေ နောက်ဆုတ်သွားခဲ့ကြပါတယ်။

ပီအက်စ်ဂျီ အသင်း ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ စကားပြောဆိုမှုတွေ စတင်နေပြီး အပြောင်းအရွှေ့ ဖြစ်မဖြစ် ကတော့ တောရက်စ်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေပါတယ်။

အတ္တလန္တာ နောက်ခံလူ ဂျော်ဂျီယို စကယ်ဗီနကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ စပါးတို့ အပြိုင်လုနေကြပြီး အသက် ၂၂ နှစ် အရွယ် ဒီကစားသမားဟာ ပေါင် ၄၂ သန်း တန်ကြေး ရှိကာ နယူးကာဆယ် ကပါ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စောင့်ကြည့်နေပါတယ်။

စပါး အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယိုကို ရိုးမား၊ အင်တာမီလန်၊ အေစီမီလန်၊ မာဆေးလ်နဲ့ ဘက်ဆစ်တပ်စ် တို့က စိတ်ဝင်စားနေကြပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ ကိုပဲ ပြောင်းရွှေ့ချင်နေပါတယ်။

အံ့အားသင့်စရာ အပြောင်းအရွှေ့တစ်ခုအဖြစ် အက်တလက်တီကိုမက်ဒရစ်က လစ်ဗာပူးလ် ကြယ်ပွင့်ဟောင်း မိုဟာမက် ဆာလာကို (၂) နှစ် စာချုပ် + (၁) နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ် တစ်ခု ကမ်းလှမ်းလိုက်ပါတယ်။ ဆာလာဟာ တူရကီ ကလပ် ထရက်ဘ်ဇွန်စပေါသို့ ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးသူပါ။

ကမ္ဘာ့ဖလား ချန်ပီယံသစ် အသင်းဖော် အမ်းမရစ်ခ် လာပေါ့တ်အား အသလက်တစ် ဘီလ်ဘာအိုက ခေါ်ယူချင်ရင် ယူရို သန်း ၈၀ စာချုပ်ဖျက်သိမ်းကြေး အပြည့်ပေးရမယ်လို့ သတိပေးထားတာကြောင့် ဘာစီလိုနာ အတွက် လက်တွန့်စရာ ဖြစ်နေပါတယ်။

နာပိုလီ ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနားကို လီယိုနယ် မက်ဆီရဲ့ အင်တာ မိုင်ယာမီ အသင်းက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအရ မိုင်ယာမီ ဘက်က ဘယ်လိုရှင်းထုတ်မလဲ ဆိုတာ မရေရာသေးဘဲ ဆန်ဒီယာဂို အက်ဖ်စီနဲ့ ချီကာဂို ဖိုင်းယား တို့က ဒီဘယ်လ်ဂျီယံ ကြယ်ပွင့်ကို ခေါ်ယူဖို့ ပိုပြီး ရေပန်းစားနေပါတယ်။

နာပိုလီရဲ့ တခြား တိုက်စစ်မှူး ရိုမီယို လူကာကူ ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ဒဏ်ရာ ကနေ ပြန်လည် သက်သာရေး ကိစ္စနဲ့ ပတ်သက်ပြီး အသင်းနဲ့ အများပြည်သူရှေ့မှာ စကားများခဲ့ပြီးနောက် လမ်းခွဲဖို့ နီးစပ်နေပါပြီ။ တန်ကြေး ဒေါ်လာ ၁၁.၅ သန်း မှ ၁၃.၈ သန်းကြား ရှိတဲ့ လူကာကူကို အမေရိကန် ကလပ် အတ္တလန်တာ ယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။

အတ္တလန်တာ ယူနိုက်တက် ဘက်ကလည်း ဂျာမန် ကလပ် ယူနီယံ ဘာလင်ထံ သူတို့ရဲ့ တိုက်စစ်မှူး အီမန်နူရယ် လက်တေ လတ်သ်ကို ဒေါ်လာ ၂၂ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိထားတာကြောင့် လူကာကူ အတွက် နေရာလွတ် တစ်ခု ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်