ကိုမို အသင်းဟာ သူတို့ရဲ့ ကလပ် သမိုင်းတလျှောက် ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွှဲခွင့် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ အတွက် ကိုမိုက ပြင်ဆင်မှုတွေ ပြုလုပ်နေကြပေမယ့် နည်းပြ ဖြစ်သူ ဆက်စ် ဖာဘရီဂက်စ် ကတော့ အသင်းရဲ့ ကစားသမား အင်အား မလုံလောက်မှု အပေါ် စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။
ကိုမိုဟာ ပြီးခဲ့တဲ့ ရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ နောက်ဆုံး ပွဲစဉ်မှာ အေစီမီလန်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား အဆင့် (၄) နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာပါ။ ဒါကြောင့် ကိုမို အသင်းဟာ ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲကြီး ဖြစ်တဲ့ ချန်ပီယံလိဂ်ဆီ တိုက်ရိုက် ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဥရောပဖလား / ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ (၁၆) သင်းမြောက် အီတလီ ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။ ဒီလို အောင်မြင်မှု ရရှိအောင် စူပါ စတား ကစားသမားတွေ ဖြစ်တဲ့ နီကို ပက်ဇ်နဲ့ တာဆော့စ် ဒူးဗီးကတ်စ် တို့က အဓိက အခန်းကဏ္ဍကနေ ခြေစွမ်းပြ ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကိုမို အသင်းဟာ လူးဝစ် မီလာ၊ ကိုင်ကီနဲ့ လူငယ်ကစားသမား မက်တီယာ လီဘာရာလီ တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲလ်ဘတ်တို မိုရီနိုနဲ့ ဆာဂျီ ရော်ဘတ်တို တို့လို အတွေ့အကြုံရင့် ကစားသမားတွေ အသင်း ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းမှာ ကိုယ်ပိုင် လူငယ် အကယ်ဒမီ မရှိသေးတာကြောင့် ပွဲဆက် များပြားမယ့် ရာသီသစ် ပြိုင်ပွဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဖာဘရီဂက်စ်က ယူဆနေပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဖာဘရီဂက်စ်က “ယူအီးအက်ဖ်အေရဲ့ ကစားသမား စာရင်း စည်းမျဉ်း သတ်မှတ်ချက်တွေ ရှိနေတာရယ်၊ ကျွန်တော်တို့ဆီမှာ စည်းမျဉ်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေ ထုတ်ပေးနိုင်မယ့် လူငယ် အကယ်ဒမီ ထိထိရောက်ရောက် မရှိသေးတာရယ်ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူအင်အား ၁၆ ယောက် ကနေ ၁၇ ယောက်လောက်နဲ့ပဲ ယှဉ်ပြိုင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ကစားသမားတွေ ကိုပဲ အကောင်းဆုံး တည်ဆောက်သွားရမှာပါ။ ဒါက အချိန်ယူရမယ့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး ၂ နှစ်၊ ၃ နှစ်နဲ့ တန်းပြီး ပြီးမြောက်သွားနိုင်တာမျိုး မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း “အဲလ်ဘတ်တို မိုရီနိုနဲ့ ဆာဂျီ ရော်ဘတ်တိုတို့ အသင်းက ထွက်သွားမယ် ဆိုတာကို ကျွန်တော်တို့ ကြိုသိထားလို့ သူတို့ နေရာမှာ အမြန်ဆုံး အစားထိုးနိုင်ခဲ့ပါတယ်။ မိုရီနိုရဲ့ နေရာမှာ ခေါ်ယူဖို့ ကိုင်ကီ ရောက်လာခဲ့သလို၊ လူးဝစ် မီလာ ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက ကျွန်တော်တို့ စောင့်ကြည့်နေခဲ့တာပါ။ မီလာက စိတ်ဓာတ်ကြံ့ခိုင်ပြီး ခေါင်းဆောင်မှု ပေးနိုင်သူ ဖြစ်တဲ့ အပြင် အသင်းကို တည်ငြိမ်မှုနဲ့ စနစ်တကျ ရှိမှုကို ယူဆောင်ပေးနိုင်တဲ့သူမျိုး ဖြစ်တာကြောင့် သဘောကျပါတယ်။ ကိုင်ကီရဲ့ ခံစစ် ကစားရာမှာ အလျှော့မပေးဘဲ မာမာထန်ထန် ကစားတတ်တဲ့ ပုံစံကို ကြိုက်ပေမယ့် ဘောလုံးကို ကိုင်တွယ် ကစားတဲ့ အပိုင်း မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံရအောင် သူ့ကို လေ့ကျင့်ပေးနေပါတယ်” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ကိုမို အသင်းဟာ လာမယ့် ၂၀၂၆-၂၇ ရာသီသစ် စတင်ချိန်မှာတင် ခက်ခဲတဲ့ ပွဲစဉ် ဇယားနဲ့ ရင်ဆိုင်ရတော့မှာပါ။ သြဂုတ်လ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အူးဒီးနီးစ်နဲ့ ရာသီ အဖွင့် ပွဲစဉ် အပါအဝင် ပထမဆုံး ၃ ပွဲ ဆက်တိုက်ကို အဝေးကွင်းတွေမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ နာပိုလီ၊ ဂျီနိုအာ တို့နဲ့ အဝေးကွင်း ပွဲတွေ ဆက်တိုက် ကစားပြီးမှသာ စက်တင်ဘာ ၁၃ ရက်နေ့ကျမှ ပါးမား အသင်းနဲ့ ပထမဆုံး အိမ်ကွင်း ပွဲစဉ် အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


