နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရင်ကွဲစရာ ကမ္ဘာ့ဖလား အပြီး လက်ရွေးစင် အသင်း ကနေ အနားယူဖို့ များနေတဲ့ မက်ဆီ

လီယိုနယ် မက်ဆီ ကတော့ သူ့ရဲ့ တတိယမြောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ကံဆိုးစွာနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနား လက်ရွေးစင် အသင်း ကနေ အနားယူဖွယ် ရှိနေပါပြီ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဒီဆုံးဖြတ်ချက် အပေါ် GOAT ကြီး မက်ဆီက ရေရေရာရာ အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။

အာဂျင်တီးနား အသင်းဖော် လီအန်ဒရို ပါရီဒက်စ်ရဲ့ အဆိုအရ ဆိုရင်တော့ မက်ဆီဟာ စပိန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲ မတိုင်ခင်ကတည်းက လက်ရွေးစင် အသင်း ကနေ အနားယူဖို့ ဆုံးဖြတ်ထားပြီးသားလို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်လူ ပါရီဒက်စ် ကတော့ မက်ဆီ အနေနဲ့ စိတ်ပြောင်းသွားပြီး လက်ရွေးစင် အသင်း အင်္ကျီကို ဆက်လက် ဝတ်ဆင်သွားဖို့ မျှော်လင့်နေဆဲပါ။

လွန်ခဲ့တဲ့ အပတ်က နယူးဂျာစီမှာ စပိန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ (၃) ကြိမ် (၂၀၁၄၊ ၂၀၂၂ နဲ့ ၂၀၂၆) မှာ ပွဲထွက် ကစားခွင့်ရတဲ့ သမိုင်းတလျှောက် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို၊ ဘရာဇီးလ် ဂန္ထဝင် ကာဖူး (၁၉၉၄၊ ၁၉၉၈ နဲ့ ၂၀ဝ၂) ပြီးရင် ဒီလို ကမ္ဘာ့ အကြီးကျယ်ဆုံး စင်မြင့်မှာ ၃ ကြိမ်တိုင်တိုင် ပါဝင်ခွင့်ရတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ အန်ဇို ဖာနန်ဒက်ဇ် အနီကတ် ပြသခံခဲ့ရပြီးနောက် အချိန်ပိုမှာ ဖာရန် တောရက်စ် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးကြောင့် အာဂျင်တီးနားတို့ ချန်ပီယံဆုကို ကာကွယ်နိုင်ခြင်း မရှိဘဲ လက်လွှတ်ခဲ့ရပါတယ်။ အသက် ၃၉ နှစ်နဲ့ ၂၅ ရက် အရွယ် မက်ဆီဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပါဝင် ကစားခဲ့တဲ့ ကွင်းတွင်း ကစားသမားတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ခဲ့ပြီး၊ ၁၉၈၂ ကမ္ဘာ့ဖလားက အီတလီ ဂိုးသမား ဒီနို ဇော့ဖ် (၄၀ နှစ်နဲ့ ၁၃၃ ရက်) ပြီးရင် ဒုတိယ အသက် အကြီးဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲဟာ မက်ဆီ အတွက် အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၂၀၇ ပွဲမြောက် ပွဲစဉ် ဖြစ်ခဲ့ပြီး သွင်းဂိုး ကလည်း ၁၂၅ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ပါရီဒက်စ် အပါအဝင် အများစု ကတော့ ဒါဟာ မက်ဆီရဲ့ နောက်ဆုံး လက်ရွေးစင် ပွဲ ဖြစ်သွားနိုင်တယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ကိုပါဆူဒါအမေရိကာနာ ပြိုင်ပွဲမှာ ဘိုကာဂျူနီယာက ချီလီကလပ် အိုဟစ်ဂင်ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပါရီဒက်စ်က မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ကမ္ဘာ့ဖလား ပြိုင်ပွဲ တလျှောက်လုံး ပြောခဲ့သလိုပါပဲ၊ နောက်ဆုံးပွဲ ရောက်မလာစေချင်ခဲ့တာမို့ အရမ်း ဝမ်းနည်းမိပါတယ်။ မက်ဆီ ကတော့ ဒါဟာ သူ့ရဲ့ လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ပွဲစဉ် ဖြစ်တယ်လို့ ဆုံးဖြတ်ထားပြီးပြီ ထင်ပါတယ်။ ဒါပေမယ့် မဖြစ်ပါစေနဲ့လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ စာမျက်နှာသစ်တွေကို ဆက်လက် ရေးသားပေးစေချင်ပါသေးတယ်။ ဒါကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်မှာပါ။ သူ့ကို ပျော်ရွှင်စေမယ့် အရာ မှန်သမျှက ကျွန်တော် တို့ကိုလည်း ပျော်ရွှင်စေမှာ သေချာပါတယ်။” လို့ ပါရီဒက်စ်က ပြောပါတယ်။

မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၈ ဂိုး သွင်းယူခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆု ရခဲ့တဲ့ ကီလီယန် အမ်ဘာပေးရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
မက်ဆီကို နိုင်ငံလက်ရွေးစင် အသင်း ကနေ အနားမယူစေချင်သေးတဲ့ အာဂျင်တီးနား အသင်းသားများ

မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၈ ဂိုး သွင်းယူခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆု ရခဲ့တဲ့ ကီလီယန် အမ်ဘာပေးရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် သွင်းဂိုး (၂၀) ဂိုးနဲ့ (၂၁) ဂိုး သွင်းယူထားတဲ့ အမ်ဘာပေးရဲ့ အနောက်မှာ ကပ်လျက် တည်ရှိနေသလို၊ ၁၉၆၆ မှတ်တမ်းတွေ စတင်ချိန်ကတည်းက ဂိုးဖန်တီးမှု (၁၂) ကြိမ်နဲ့ ဒီယေဂို မာရာဒိုနာထက် (၄) ကြိမ် ပိုများကာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်လည်း စံချိန်တင်ထားနိုင်ပါတယ်။

တဖက် မှာလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုဟာ အာဂျင်တီးနား အသင်းရဲ့ ခေတ်တစ်ခေတ် နိဂုံးချုပ်သွားခြင်းလည်း ဖြစ်နိုင်ပါတယ်။ နည်းပြ လီယွန်နယ် စကာလိုနီရဲ့ ဗိုလ်လုပွဲ ပွဲထွက် လူစာရင်းဟာ ပျှမ်းမျှ အသက် ၃၀ နှစ်နဲ့ ၁၀၁ ရက် ရှိခဲ့တာ ဖြစ်လို့၊ ၁၉၆၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲက ဘရာဇီးလ် အသင်း (၃၀ နှစ်နဲ့ ၂၁၆ ရက်) ပြီးရင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ သမိုင်းမှာ ဒုတိယ အသက်အကြီးဆုံး ပွဲထွက်စာရင်း ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲ အတွင်း အသက် ၃၂ နှစ် ပြည့်ခဲ့တဲ့ ပါရီဒက်စ် ကိုယ်တိုင်လည်း လက်ရွေးစင် အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ လက်ရွေးစင် အသင်း ကနေ အနားယူဖို့ ဆုံးဖြတ်ပြီးပြီလားလို့ မေးမြန်းရာ မှာတော့ ပါရီဒက်စ်က “ကျွန်တော် မသိသေးပါဘူး၊ ဒါက စဉ်းစားရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ အခြေအနေကို အေးအေးဆေးဆေး စဉ်းစားဖို့ လိုပါသေးတယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ မချဘဲ သေချာ တိုင်ပင် ဆွေးနွေးရဦးမယ့် ကိစ္စပါ။” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ပါရီဒက်စ်ဟာ ဗိုလ်လုပွဲအပြီး ပွဲအပြီး ရန်ပွဲတွေ အတွင်း စပိန် ကွင်းလယ်လူ ဂါဗီကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တာကြောင့် ဖီဖာရဲ့ စုံစမ်းစစ်ဆေးခြင်း ခံနေရတဲ့ ကစားသမားတွေထဲ မှာလည်း ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်