နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner

ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးနောက် ၂၀၂၆ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမား (၁၀) ဦး

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးလို့ စပိန် အသင်း ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပါပြီ။ ဒီလို ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲကြီး ပြီးဆုံးပြီးနောက် ဘောလုံးလောကရဲ့ အာရုံဟာ တစ်နှစ်တာရဲ့ အကြီးမားဆုံး တစ်ဦးချင်းဆု ဖြစ်တဲ့ ဘယ်လွန်ဒေါဆုဆီ ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၂၆ ရက် လန်ဒန်မြို့မှာ ကျင်းပမယ့် ဆုပေးပွဲ မှာတော့ ပြီးခဲ့တဲ့ ရာသီ အတွင်း ကမ္ဘာ့အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့တဲ့ ကစားသမားကို ပရိသတ်တွေ မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ထိပ်တန်း ကစားသမား ၁၀ ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁၀။ ဖေဘီယန် ရူအစ်ဇ် (ပီအက်စ်ဂျီ/ စပိန်)

သူ့ကို ဘယ်လွန်းဒေါဆု အတွက် ထည့်ပြောရင် အံ့ဩသွားနိုင်ပေမယ့် ဖေဘီယန် ရူအစ်ဇ် ဟာ ဒီနှစ် အတွင်း ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား နှစ်ခုလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းမှာ ဒဏ်ရာပြဿနာတွေ ကြုံခဲ့ရပေမယ့် လီဂူးဝမ်း ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့သလို၊ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း အဓိက ပွဲထွက်ကစားကာ အသင်းကို အနိုင်ရစေခဲ့သူပါ။ စပိန် အသင်းရဲ့ ကမ္ဘာ့ဖလား ခရီးစဉ် မှာလည်း ဘယ်လ်ဂျီယံနဲ့ ကွာတားဖိုင်နယ် ပွဲမှာ အရေးပါတဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

 

၉။ အာလင်း ဟာလန်း (မန်စီးတီး / နော်ဝေ)

နော်ဝေ အသင်းကို ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ကတော့ အားလင်း ဟာလန်း ပါပဲ။ ၁၆ သင်း အဆင့်မှာ ဘရာဇီးလ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲက ၂ ဂိုး အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုလုံးမှာ ၇ ဂိုး အထိ သွင်းယူပြခဲ့ပါတယ်။ ကလပ် အသင်း မန်စီးတီး မှာလည်း ရာသီတစ်ခုလုံး ပြိုင်ပွဲစုံ ၃၈ ဂိုး သွင်းယူခဲ့ပြီး ၄ နှစ် အတွင်း ၃ ကြိမ်မြောက် ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

 

၈။ ဂျူ့ဒ် ဘယ်လင်ဟမ် (ရီးရဲလ်မက်ဒရစ်/ အင်္ဂလန်)

ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် မြောက်အမေရိက ကမ္ဘာ့ဖလား မှာတော့ ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းက ပြန်လည် တောက်ပလာခဲ့ပါတယ်။ အင်္ဂလန် အသင်းကို ဆီမီးဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးရင်း ပြိုင်ပွဲ တစ်ခုလုံးမှာ ၇ ဂိုး အထိ သွင်းယူခဲ့ကာ ပြင်သစ်နဲ့ တတိယနေရာလုပွဲ မှာလည်း အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

 

၇။ မိုက်ကယ် အိုလီဆေး (ဘေယန်မြူးနစ်/ ပြင်သစ်)

ဘေယန်မြူးနစ် အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါ နဲ့ ပိုကယ်ဖလား တို့ကို ဆွတ်ခူးခဲ့ပြီး ရာသီ တစ်ခုလုံးမှာ ၂၂ ဂိုး သွင်းယူကာ ၃၁ ဂိုး အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူပါ။ ၂၀၂၆ ကမ္ဘာ့ဖလား မှာလည်း ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ အများဆုံး ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းက မေ့ထားလို့ မရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

 

၆။ အူစမန်နီ ဒမ်ဘီလီ (ပီအက်စ်ဂျီ / ပြင်သစ်)

၂၀၂၅ ဘယ်လွန်ဒေါ ဆုရှင် ဒမ်ဘီလီ ဟာ ၂၀၂၅-၂၆ ရာသီမှာလည်း ပီအက်စ်ဂျီ အသင်းကို လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ် ဖလား နှစ်ခုလုံး ကာကွယ်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ဘေယန်မြူးနစ် နဲ့ ဗိုလ်လုပွဲ အာဆင်နယ် တို့နဲ့ ပွဲတွေမှာ အရေးပါတဲ့ ဂိုးတွေ သွင်းယူခဲ့ကာ စုစုပေါင်း ဂိုး ၂၀ သွင်းယူနိုင်ခဲ့သလို ကမ္ဘာ့ဖလား မှာလည်း ပြင်သစ် အတွက် ၆ ဂိုး သွင်းပေးခဲ့ပါတယ်။

 

၅။ ကီလီယန် အမ်ဘာပေ (ရီးရဲလ်မက်ဒရစ်/ ပြင်သစ်)

အမ်ဘာပေးဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၁၀ ဂိုး အထိ သွင်းယူကာ ရွှေဖိနပ်ဆု ရရှိခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် စုစုပေါင်း ၂၂ ဂိုးနဲ့ ဂိုး အများဆုံး သွင်းသူ အဖြစ် သမိုင်းသစ် ရေးထိုးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် မှာလည်း တစ်ရာသီ အတွင်း ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ကလပ် အသင်းနဲ့ရော လက်ရွေးစင် အသင်း မှာပါ ဆုဖလား တစ်ခုမှ မရရှိခဲ့တာက သူ့အတွက် အနုတ်လက္ခဏာ ဖြစ်သွားခဲ့ပါတယ်။

 

၄။ ဟယ်ရီ ကိန်း (ဘေယန်မြူးနစ်/ အင်္ဂလန်)

၂၀၂၅-၂၆ ရာသီမှာ ဘေယန်မြူးနစ် အတွက် စုစုပေါင်း ၆၁ ဂိုး အထိ သွင်းယူပေးခဲ့ပြီး ဥရောပရဲ့ ဂိုးအများဆုံး သွင်းသူ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား မှာလည်း အင်္ဂလန် အတွက် ၆ ဂိုး သွင်းယူပေးခဲ့ပေမယ့် အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ဘယ်လွန်ဒေါဆုနဲ့ နီးစပ်ဖို့ မျှော်လင့်ချက် အနည်းငယ် မှေးမှိန်ခဲ့ရပါတယ်။

 

၃။ လီယွန်နယ် မက်ဆီ (အင်တာမိုင်ယာမီ/ အာဂျင်တီးနား)

အသက် ၃၉ နှစ် အရွယ် မက်ဆီ ဟာ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်အောင် ထပ်မံ ဦးဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲ တစ်ခုလုံးမှာ ၈ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ကလပ် အသင်း အင်တာမိုင်ယာမီ မှာလည်း ၂၀၂၅ ခုနှစ်အတွင်း ၄၃ ဂိုး အထိ သွင်းယူပေးခဲ့ပြီး အသင်းသမိုင်းမှာ ပထမဆုံး မေဂျာလိဂ် ဖလား ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

 

၂။ လာမင်း ယာမယ် (ဘာစီလိုနာ / စပိန်)

ဘာစီလိုနာ အသင်းကို လာလီဂါ ချန်ပီယံဆု ကာကွယ်နိုင်အောင် ရာသီတစ်ခုလုံး ၂၄ ဂိုးသွင်း၊ ၁၈ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် ယာမယ်ဟာ စပိန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ခရီးစဉ်မှာလည်း ရင်သပ်ရှုမောဖွယ် အလိမ်အခေါက်တွေနဲ့ အတားအဆီး မရှိ ခြေစွမ်းပြသသွားခဲ့ပါတယ်။

 

၁။ ရိုဒရီ (မန်စီးတီး / စပိန်)

၂၀၂၄ ဘယ်လွန်ဒေါ ဆုရှင် ရိုဒရီ ဟာ ဒဏ်ရာ ကနေ ပြန်လာ အပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် အကောင်းဆုံး ခြေစွမ်းပြသွားခဲ့ပါတယ်။
ဘယ်လွန်ဒေါဆုကို ဒုတိယအကြိမ်မြောက် ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ ရိုဒရီ

၂၀၂၄ ဘယ်လွန်ဒေါ ဆုရှင် ရိုဒရီ ဟာ ဒဏ်ရာ ကနေ ပြန်လာ အပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် အကောင်းဆုံး ခြေစွမ်းပြသွားခဲ့ပါတယ်။ စပိန် အသင်း ပြိုင်ပွဲ တစ်ခုလုံးမှာ ၁ ဂိုးသာ ပေးရအောင် ကွင်းလယ် ကနေ အကောင်းဆုံး ထိန်းကျောင်းပေးခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၆ ဘယ်လွန်ဒေါ ဆုကို ရိုဒရီ ထပ်မံ ဆွတ်ခူးသွားဖို့ အရေပန်းအစားဆုံး ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်