နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး အက်တလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ မော်တန် ဟူးလ်မန်း | လာလီဂါ

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမို အင်အား တောင့်တင်းသွားစေဖို့ အားဖြည့်မှု တစ်ခု ပြုလုပ်လိုက်ပါတယ်။ အဲဒါ ကတော့ ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ ပစ်မှတ် ဖြစ်နေခဲ့တဲ့ စပို့တင်း အသင်းခေါင်းဆောင် မော်တန် ဟူးလ်မန်းကို ခေါ်ယူလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ ဟူးလ်မန်းဟာ စနေနေ့မှာ စပို့တင်း အသင်း ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဘေယာ လေဗာကူဆင် ကနေ ရောက်လာတဲ့ အဲလက်စ် ဂရီမဲလ်ဒို ပြီးရင် အက်သလက်တီကိုရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာပါတယ်။ သူဟာ အက်တလက်တီကိုနဲ့ ၅ နှစ်စာ သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၄၀ ဝန်းကျင် ရှိပါတယ်။ ဒါ့အပြင် အပိုဆုကြေး အနေနဲ့ ယူရို ၅ သန်း ထပ်ပေးရဖို့ ရှိတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟူးလ်မန်းဟာ ၂၀၂၃ ခုနှစ်က အီတလီ စီးရီးအေ ကလပ် လက်ချီ အသင်း ကနေ စပို့တင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲဒီနောက် စပို့တင်း အတွက် ၁၄၁ ပွဲ ကစားပေးခဲ့ပြီး ၁၀ ဂိုး သွင်း၊ ၁၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူဟာ စပို့တင်း အသင်းကို ၂၀၂၃-၂၄ နဲ့ ၂၀၂၄-၂၅ ရာသီတွေမှာ ပေါ်တူဂီ ပရီးမီးယားလီဂါ ဖလားကို ၂ နှစ် ဆက်တိုက် ရရှိအောင် အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ပေးခဲ့သလို လွန်ခဲ့တဲ့ နှစ်ရာသီ ကလည်း အသင်းရဲ့ ၁၈ ကြိမ်မြောက် ပေါ်တူဂီဖလားကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့သူပါ။

တကယ်တော့ ဟူးလ်မန်းကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့လို အင်္ဂလန် ကလပ်တွေ ကလည်း စိတ်ဝင်စားခဲ့ကြတာပါ။ ဒါပေမယ့် သူကတော့ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ အဆင့် ၄ နဲ့ ရာသီပိတ်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ် ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

အက်တလက်တီကို စာချုပ်ချုပ်ပြီးနောက် ဟူးလ်မန်းက “အက်တလက်တီကိုဟာ အသင်းကြီး တစ်သင်းပါ။ ကျွန်တော် ငယ်ငယ်ကတည်းက စပိန်နဲ့ ဥရောပမှာ ဆုဖလားတွေ အောင်အောင်မြင်မြင် ရယူနေတာကို အဝေး ကနေ စောင့်ကြည့် အားကျခဲ့ရတာ။ ဥရောပမှာ အားလုံးက လေးစားရတဲ့ ကလပ် တစ်ခု ဖြစ်သလို လေးစားခံရဖို့လည်း ထိုက်တန်ပါတယ်။ အခုလို အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပဲ။ အက်တလက်တီကိုမှာ ကစားခွင့်ရတာက ကျွန်တော့်ရဲ့ အိမ်မက်တွေ တကယ် ဖြစ်လာတာပါပဲ” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပေါ်တူဂီလိဂ်မှာ စပို့တင်း အသင်း ဒုတိယနဲ့ ရာသီပိတ်ခဲ့ချိန်တုန်းက ဟူးလ်မန်းဟာ အသင်းမှာ ပေးပို့မှု အောင်မြင်မှု အများဆုံး (၁,၅၃၃ ကြိမ်)၊ တစ်ဦးချင်း ယှဉ်ပြိုင်လုယူနိုင်စွမ်း အများဆုံး (၁၄၂ ကြိမ်) နဲ့ ဖျက်ထုတ်မှု အောင်မြင်မှု အများဆုံး (၃၈ ကြိမ်) တွေနဲ့ အသင်းရဲ့ ဒုတိယမြောက် အကောင်းဆုံး စွမ်းဆောင်ရှင် ဖြစ်ခဲ့ပါတယ်။

အက်တလက်တီကို အသင်း ကတော့ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းရဲ့ နောက် ၂၃ မှတ် အကွာနဲ့ ရာသီပိတ်ခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲ တက်သွားတဲ့ အာဆင်နယ်ကို ရှုံးနိမ့်ပြီးမှ ပြုတ်ခဲ့တာပါ။

ဟူးလ်မန်းက “နေရာသစ်တစ်ခုကို ရောက်လာတဲ့အချိန်တိုင်း ဖြစ်လေ့ရှိတဲ့အတိုင်း စိတ်လည်း လှုပ်ရှားသလို၊ လူကလည်း နည်းနည်းတော့ တုန်ရင်နေမိတယ်။ ဒါပေမယ့် ဒီက ကစားသမားတွေ အကြောင်း ကြားထားရသလောက် ဆိုရင် ကျွန်တော် အသင်းသစ်နဲ့ အလွယ်တကူ လိုက်လျောညီထွေ ဖြစ်သွားမှာပါ။ အသင်းဖော်တွေနဲ့ တွေ့ဆုံဖို့ ရော၊ ဒီက စကားကို အမြန်ဆုံး သင်ယူဖို့ပါ မျှော်လင့်နေပါတယ်။ တနင်္လာနေ့မှာ စတင်မယ့် လေ့ကျင့်ရေး အစီအစဉ် ကိုတောင် မစောင့်နိုင်တော့အောင် ဖြစ်မိတယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ မာလာဂါ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး သူတို့ရဲ့ လာလီဂါ ရာသီသစ်ကို စတင်မှာ ဖြစ်ပါတယ်။ နောက်တစ်ပတ် မှာတော့ ဗီလာရီးရဲလ် အသင်းနဲ့ အိမ်ကွင်းမှာပဲ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်